Pages

Tuesday 30 July 2013

၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့အဖြင့် အထူးတိုတ်တွန်လွှာ

မကြာမှီ သြဂုတ်လ 26ရက်၌ကျရောက်မည့် ၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့အဖြင့် နိုင်ငံတကာ သို့ရောက်ရှိနေသူများနှင့်မြန်မာနိုင်ငံတစ်ဝှမ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ နေအိမ် အဆောက်အအုံများ၌ သာသနာအလံများ လွှင့်ထူကြရန် လေစာဖြင့် နှိုးဆော်တိုတ်တွန်အပ်ပါသည်။



ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ(သမိုင်းအကျဉ်း)

နိုင်ငံတော်ဘာသာပြဌာန်းခဲ့သည့်နေ့ရက်
    ၁၃၂၃ ခုနှစ်၊၀ါခေါင်လပြည့်၊1961 ခုနှစ်၊သြဂုတ်လ 26 ရက်၊စနေနေ့။


နိုင်ငံတော်ဘာသာ ပြဌာန်းသည့်ဥပဒေ
    1961 ခုနှစ်၊ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(တတိယပြင်ဆင်ချက်) အက်ဥပဒေ။ပုဒ်မ ၂၁၊ပုဒ်မခွဲ ၁ အစားထည့်သွင်းရမည့်စာစား ပုဒ်မခွဲ(၁) ဗုဒ္ဒသာသာ သာသနာတော်သည် နိုင်ငံတော် ၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာ ဘာသာကြီးဖြစ်သည့် အားလျော်စွာ နိုင်ငံတော်ဘာသာ သာသနာ ဖြစ်စေရမည်။

2008 ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့်စာသား
    ပုဒ်မ361-နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာနိုင်ငံတော်ကို နိုင်ငံ၏ နိုင်ငံသားအများဆုံး ကိုးကွယ် ရာဖြစ်သောဂုဏ်ထူးဝိသေသနှင့်ပြည်စုံသည့် ဘာသာသာနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြု သည်။



နိုင်ငံတော်ဘာသာ အက်ဥပဒေကို အတည်ပြုပြဌာန်းခြင်း
    26.8.1961 တွင်ကျင်းပသော ပြည်ထောင်စုအစိုးရ၊လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံအစည်းအဝေး တွင် ထောက်ခံမဲ 324 မဲ၊ကန့်ကွက်မဲ 28 မဲဖြင့် အတည်ပြုပြဌာန်းနိုင်ခဲ့သည်။
  (***ယခုအခါ အိမ်ရှင် လူမျိုး အိမ်ရှင်ဘာသာကိုလေးစားရန် မျိုးစောင့်ဥပဒေတစ်ရပ် ပြဌာန်းရန် လိုအပ်နေပေပြီ..****)


ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းရန်ကြိုးပမ်းခဲ့သူများ

၁။     လွတ်လပ်ရေးအကြိုကာလ အင်္ဂလိမ်အစိုးရ ခေတ်ကပင် မြန်မာတိုင်းရင်းသား၊ ရဟန်းရှင်လူ အပေါင်းတို့က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဌာ်းရေးအတွက် နိုးဆော်ဆောင်ရွက်ခဲ့ကြသည်။

၂။     1947ခုနှစ် မေလ ဂျူဗလီဟော ဖ-ဆ-ပ-လ ပဏာမညီလာခံတွင် အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရသည့် အခါတွင် ဗုဒ္ဓဘာသာကို နီင်ငံတော်ဘာသာအဖြစ်ပြဌာန်း  
သ င့်ကြောင်း အဆိုတင်သွင်းခဲ့သည်။

၃။     1951ခုနှစ်၊ဒီဇင်ဘာ 26 တွင် ပြည့်သူ့လွှတ်တော်တွင် ပါလီမန်အမတ် ဒေါ်ခင်လှ (စမ်းချောင်း)က   ပြည်ထောင်စုမြန်မာနိုင်ငံကို ဗုဒ္ဓဘာသာအဖြစ် အတိအလင်းကြေညာပေးပါရန် အဆိုတင်သွင်းခဲ့သည် ။ပါလီမန်အမတ် ဗိုလ်ခင်မောင်က ထောက်ခံသည်။သာသနာရေးဝန်ကြီးဦးဝင်းက ကန့်ကွက်သဖြင့် အတည်မပြုနိုင်ခဲ့။

၎။     1955 ခုနှစ်တွင် သံမဏိဦးဝင်းမောင်နှင့် သခင်ဘသောင်း တို့ တည်ထောင်သော ရီပတ်ဘလစ်ကင် ပါတီ၊ 1958 ခုနှစ်တွင် ဆာအမ်အေမောင်ကြီး အပါအ၀င် နိုင်ငံရေးသမားကြီးကိုးဦးပါဝင်သော The Buddhist Democratic Party နှင့်1959 တွင် သီပေါမင်း၏ တတိယ သမီးတော် အသျှင်ထိပ်စုမြတ်ဘုရား နာယက အဖြစ် ဆောင်ရွက်သော နိုင်ငံတော်ဘာသာဖြစ်မြောက်ရေးအဖွဲ့တို့က နိင်ငံတော် ဘာသာ   ပြဌာန်းနိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။

၅.     1960 တွင် နိုင်ငံတော်ဘာသာပြဌာန်းရေးဆိုင်ရာ အကြံပေးအဖွဲ့ နှင့် စုံစမ်းရေးကောမရှင်များ ကိုဖွဲ့စည်းခဲံသည်။

၆။ 1961ခုနှစ်၊သြဂုတ်လ ၁၇ ရက်တွငိ နိုင်ငံတော်ဘာသာ အက်ဥပဒေကြမ်းကို ၀န်ကြီးချု့ပ်ဦးနု က လွတ်တော်တွင် တင်သွင်းခဲ့သည်။

၇။     1961ခုနှစ်၊ သြဂုတ်လ 26 ရက်တွင် လွှတ်တော်နှစ်ရပ်တွင် မဲခွဲဆုံးဖြတ်အတည်ပြုကာ သမ္မတ အိမ်တော် တွင် မွန်းလွဲ ၁နာရီအချိန် သမ္မတဦးဝင်းမောင် က အခမ်းအနားဖြင့် လက်မှတ်ရေး ထိုးပြဌာန်းခဲ့ပါသည်။
  



   "တို့ခေတ်သမိုင်း မရိုင်းကြစေနဲ့ တို့ခေတ်ကျမှ မညံ့ကြစေနဲ့"
   ဗုဒ္ဓဘာသာ ရှင်လူအများတို့ သတိတရားထား သင့်ပြီ
   တခြားဘာသာ တိုးတက်ရေးကို တခြားသူများဆာင်ရွက်သည်
   ဗုဒ္ဓဘာသာ လူတွေအဖို့ သွေးအေးနေလို့မသင့်ပြီ
   သွးအေးနေရင် သာသနာပျောက်လို့ လူမျိုးပျောက်ဖိုကြံလိမ့်မည်
    အဲဒါကြောင့် ဘာသာတရားပြန့်ပွားအောင်ကူညီ
                                                     (လေးအိမ်စုဆရာတော်)


**ဒေသသီးသီးရှိ နေအိမ်များ အသင်းအဖွဲ့များတွင် သာသနာ့အလံများ လွှင့်ထူကာ နိုင်ငံတော် ဘာသာနေ့   အထိမ်းအမှတ်ကုသိုလ်ကောင်း မှုများကို ကျင်းပပြုလုပ်ခြင်းဖြင့် အမျိုး ဘာသာ သာသနာ ကို မြင့်တင်ကြပါစို့**

3 comments:

  1. [ စွတ် ဖဲ့ ]30 July 2013 at 22:30

    မြန်မာ့ နိုင်ငံတော် ဘာသာနေ့ကို အထူးလေးစား ၀မ်းမြောက် ဂုဏ်ယူစွာဖြင့်

    ကြိုဆိုထောက်ခံအပ်ပါတယ် ခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  2. သိုက်သိုက်30 July 2013 at 22:38

    သြဂုတ်လ၂၆ရက်နေ့တွင် ကျရောက်မည့်
    ၅၂မြောက် နိုင် ငံတော် ဘာသာနေ့အား
    လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဝမ်းသာ
    ကြိုဆိုပါသည် ခင် ဗျားးးးးးးူးးးးးးးးးးူးူ

    ReplyDelete
  3. ဗုဒ္ဓဘာသာအားနိုင်ငံတော်ဘာသာအဖြစ်ပြဌန်းသောနေ့
    အားကြိုဆိုပါ၏

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်