ဘင်္ဂလား-မြန်မာနယ်စပ်၌ ခြေရှုပ်ဖို့ကြံစည်
TIME OF INDIA သတင်းစာကြီးက ဖွင့်ချ ရေးသားထား အိန္ဒိယထောက်လှမ်းရေးအဖွဲ့ ၏ ထောက်လှမ်း ချက်အရ အိန္ဒိယလွှမ်းခြုံ၊ ချောက်ချား အကြမ်းဖက်ကွန်ရက်ဖြစ်သော "လာစ်ကာ-အီ-တိုင်မ်ဘာ" (Laskher-e-Taiba, Let- အယ်လ်အီးတီ) အဖွဲ့၏ တိုင်းရင်းသားလက်ခွဲ "အိန္ဒိယ မူဂျာဟီဒင်" (Indian Mujahideen, IM- အိုင်အမ်)အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်၌ စခန်းများ တည်ထောင်ကာ ချောက်ချား အကြမ်းဖက် လှုပ်ရှားရန် ပြင်ဆင်နေပြီဟု သတင်းရရှိသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ မူဆလင်များအတွက် တုန့်ပြန်ရေး ရည်မှန်းချက်ဖြင့် လှုပ်ရှားခြင်းဖြစ် ကာ အယ်လ်အီးတီ ၏ မြေပေါ်ရုပ်ပြ (အဝတာ)ဖြစ်သော ဂျမတ်အု(ဒ) ဒါဝါ JUD-ဂျေယူဒီ) အဖွဲ့အားဖြင့် ခြေဆန့်လာခြင်း ဖြစ်သည်။ ဂျေယူဒီ၏လက်ရုံး ဟာ့ဖစ်မူဟာမတ်ဆာအိက ဦးဆောင်လျက် ပါကစ္စတန်တွင် ဝါဒစင်မြင့် ဖွင့်လျှက် ရိုဟင်ဂျာအရေးတော်ပုံကို အုံဆွကာ ပဋိ-မြန်မာ အုံဆွလှုပ်ဆော်ရေး ပြုလုပ်နေ ခဲ့သည်။ ပြီးနောက် ဘင်္ဂလား- မြန်မာနယ်စပ်သို့ အခေါက်ခေါက်သွားလျှက် စီမံနေရာ အိန္ဒိယထောက် လှမ်းရေး အေဂျင်စီများက ထိုနယ်စပ်၌ မဝေးသောအနာဂတ်တွင် ဂျီဟတ်တလင်းသစ် ဖြစ်ထွန်း လာတော့မည်ဟု စိုးရိမ်နေကြသည်။
နှစ်ဦးတာဝန်ပေး
၂ဝ၁၂-ခု အလယ်၌ အယ်လ်အီးတီ/ ဂျေယူဒီသည် "ဒီဖာ-အီး-မူဆာလ်မန်အာရကန် (ဘားမား)" ဆွေးနွေးပွဲ (မြန်မာနိုင်ငံရောက် မူဆလင်များအား ကာကွယ်ရေးဟု အဓိပ္ပါယ်ရ) ရင်ပြင်ကို ကျင်းပပေးခဲ့ပြီး၊ နှစ်ဦးပါ အဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ ဂျေယူဒီ၏ ပြောခွင့်ရပုဂ္ဂိုလ် နာဒီမ်အာဝန်နှင့် ဂျေယူဒီ ပြန်ကြားရေးအဖွဲ့ဝင် ရှာဟစ်မူမု(ဒ်)ရေမာတူလာတို့ကို သြဂုတ်လထဲ၌ အခြားစိတ်ကူးတူ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် အစည်းအရုံးများနှင့် လက်ဝှက်ချိတ်ဆက်ရန် လမ်းညွှန်ပေးခဲ့သည်။
ဗုဒ္ဓဘာသာ ပစ်မှတ်
ထိုအဖွဲ့က ကွင်းဆင်းလှုပ်ရှားပြီးနောက် ကာရာချီမြို့တွင် ဆွေးနွေးပွဲလုပ်သည်။ ထိုပွဲ၌ မြန်မာနိုင်ငံမှ ပြေး လာသော ရိုဟင်ဂျာဒုက္ခသည်များကို လျစ်လျူရှုရကောင်းလားဟု ဘင်္ဂလားဒေ့ရှ်အစိုးအား ပြစ်တင် ရှုတ်ချခဲ့သည်။ အိန္ဒိယထောက်လှမ်းရေး အေဂျင်စီတို့၏ ခြေရာကောက်ချက်အရ ထိုဗျူဟာထောက် (Operatives) နှစ်ဦး၏ခရီးသည် ဘင်္ဂလားဒေ့ရှ် ကောက်စ်ဘဇာမြို့၌ ဗုဒ္ဓဘာသာဝင်များအား ပစ်မှတ်ထား အကြမ်းဖက်မှုနှင့် ဆက်နွယ်နေ၏ဟု သိရသည်။
စစ်စခန်း
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ အခြားချောက်ချားအကြမ်းဖက်အဖွဲ့များဖြစ်သော "ဟားခတ်-အူလ်-ဂျီဟာဒီ အစ္စလာမ္မီ"၊ "ဂျေယစ်-အီး-မိုဟာမတ်"နှင့် "ဂျမတ့်-အူလ်- မူဂျာဟီဒင် ဘင်္ဂလားဒေ့ရှ်" (JMB, ဂျေအမ်ဘီ) အဖွဲ့များသည် ရိုဟင်ဂျာနိ-အစိုးရအဖွဲ့ (NGO)များဖြစ်သည်။ "ရိုဟင်ဂျာသွေးစည်းမှု အစည်းအရုံး" (Rohingya Solidarity Organization, RSO-ယိုသွေးစည်း)ကဲ့သို့သော အဖွဲ့များနှင့် အချိတ်အဆက်များရှိနေသည်။ ပြီးနောက် ရိုဟင်ဂျာအရေးအခင်းကို ခေါင်းပုံဖြတ်လျက် ဘင်္ဂလားဒေ့ရှ်တွင် ခြေကုတ်အသစ်များရယူရန် စီစဉ်နေသည်။ ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးအဖွဲ့ကလည်း အဖွဲ့သစ်တစ်ဖွဲ့ဖြစ်သော "ဂျမ္မတ်-အူလ်-အာရကန်" (Jammat- un- Arakan, JUA- ဂျေယူအေ)သည် ဘင်္ဂလား- မြန်မာနယ်စပ် ဘန္ဒာဘန်ခရိုင်တွင် စစ်သင်တန်းစခန်းများ ဆောက်ခြင်း၊ ရှိ/မရှိကို ထောက်လှမ်းနေသည်။
မြန်မာ-မူဂျာဟီဒင်
ပါကစ္စတန်ရှိ ချောက်ချားအကြမ်းဖက်များနှင့် ရိုဟင်ဂျာများအကြား အချိတ်အဆက်ကို ဘင်္ဂလားဒေ့ ရှ်ထောက်လှမ်းရေးး က သိလာသည်။ သြဂုတ်လအတွင်းက မော်လာနာဟမ္မက် ယူနွတ်စ်ဆိုသူကို ရဲတပ်ဖွဲ့ က ဖမ်းဆီးမိလျက် ယင်းဘဏ်စာရင်းထဲမှ ရန်ပုံငွေများကို သိမ်းဆည်းရမိခဲ့သည်။ သူသည် ကောက်စ်ဘဇား မြို့နယ်၊ ရာဟုလာ ဥပသီလရှိ အစ္စလာမ်ကျမ်း စာသင်ကျောင်းမှဖြစ်သည်။ သူမှ တဆင့် ကာရာချီမြို့၌ အခြေစိုက်သော မော်လာနာ ရှာဘီယာ အာလီအာမတ်ကို ခြေရာခံမိသည်။ သူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ရိုဟင်ဂျာဇာတိဖြစ်နေသည်။ ထို့အပြင် အစ္စလာမ်ကျမ်း စာသင်ကျောင်း ဗျူဟာကိုင် (Operator) တစ်ဦးဖြစ် သူ အဗ္ဗဒူရေမန် (ခေါ်) အင်မရမ် (ခ) မူစတာဘာ တက္ကနက်ဖ် ကို ကောက်စ်ဘဇာတွင် ပင် ခြေ ရာခံမိသည်။ သူ့အပေါ် သံသယရှိနေသည်မှာ ပြီးခဲ့သော နှစ်ကုန်က ကောက်စ်ဘဇာနေရာ အများအပြား၌ ပါကစ္စတန်တွင် သင်တန်းယူလာသော မြန်မာ-မူဂျာဟီဒင်များအား နေရာခြေချထားပေး သူလားဟု ဖြစ် သည်။
ငွေစက္ကူတု
ထို့အပြင် ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးများက ရှာဖျူးလ်အာလမ် ဆိုသူကို ခြေရာကောက်နေသည်။ သူသည် ပါကစ္စတန်- နီပေါနိုင်ငံကူးလက်မှတ်အမွာကို ကိုင်ဆောင်သူဖြစ်ကာ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်အကြား ကူးသန်းနေသူဖြစ်သည်။ သူသည် နီပေါအခြေစိုက် ရိုဟင်ဂျာ ဗျူဟာထောက်ဖြစ်သူ အဗ္ဗဒူလ်ကာရင်မ် (ခ) မိုဟမ္မကနူးရ် အာလမ်ဆိုသူနှင့် ချိတ်ဆက်လျက် ငွေလွှဲကွန်ယက် ဖွင့်ထားကာ ငွေစက္ကူ တု မှောင်ခိုလမ်းကြောင်း ဖွင့်ထားသည်ကို တွေ့ထားသည်။ သူတို့သည် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ရိုဟင်ဂျာအစွန်းရောက်များအတွက် စစ်သင်တန်းစခန်းများ ဖွင့်ရန် စီစဉ်နေသူများဖြစ်နေသည်။ သူတို့ကို ညွှန်ကြားနေသူမှာ ပါကစ္စတန်အခြေစိုက် အယ်လ်အီးတီတပ်မှူး ယုစ်တတ်ဒ်အဗ္ဗဒူလ် ဟာမစ် ဖြစ်နေသည်ဟု သိရသည်။
TOKS
Source: Bharti Jain, TNN,
Times of India
အတွဲ (၂)၊ အမှတ်( ဝ၁ဝ)၊ 250.7.2013 (ကြာသပတေးနေ့)ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်