Pages

Wednesday 24 July 2013

အမျိုးစောင့်ဥပဒေ ရမည်းသင်းဒေသ၌ စတင်လိုက်နာကျင့်သုံး



မောင်အောင် ကိုဆန်း (ခ)ခါလစ် (မွတ်ဆလင်/အစ္စလာမ်) သည် မခင်ပြည့်ဝင်း(ဗမာ/ဗုဒ္ဓ) အား မေတ္တာ သက်ဝင် ချစ်ခင်၍ အကြင် လင် မယား အဖြစ်ပေါင်းသင်းလိုကြောင်း လက်ထပ်ထိမ်းမြားခြင်းမပြုခင် အစ္စလာမ်ဘာသာဝင် အဖြစ်မှ ဗုဒ္ဓဘာသာဝင်အအဖြစ်သို့ တရားဝင် ကူးပြောင်းမည် ဖြစ်ကြောင်း ကမ်းလှမ်း လာ သည့် အ ပေါ် တာဝန် ရှိသူများမှ လက်ခံပြီး ဝန်ခံကတိ စာချုပ်၌ လည်း လက်မှတ်ရေးထိုးကာ အမျိုးစောင့် ဥပ ဒေပါ အချက်အလက်များနှင့် အားလုံးမပြည့်စုံသော်လည်း အထိုက်အ လျောက်လိုက် နာကျင့်သုံးခဲ့ပါသည်။
ကတိဝန်ခံချက် (၈ ၇ ၂၀၁၃) ရမည်းသင်းမြို့ အောင် မင်္ဂလာအုပ်စု ဝါတိုး အ နောက် ရပ်ကွက်နေ အဘ ဦးမောင် လှ အမိဒေါ်ဖြူဖြူဝင်းတို့၏ သားဖြစ်သူ ကျွန်တော်အောင် ကိုဆန်း (ခ) ခါလစ် မှတ်ပုံတင် အမှတ် ၉/ရမသ (နိုင်)၁၀၄၁၄၀ သည် အစ္စလာမ်ဘာသာဝင် မှ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ မည်သူတစ်ဦး တစ်ယောက် ၏ ဖျားယောင်းသွေးဆောင် ချိန်းခြောက်မှုမပါ မိမိသ ဘောဆန္ဒဖြင့် ဘာသာကူးပြောင်း ခဲ့ပါသည် နောင် တစ်ချိန် ဗုဒ္ဓဘာသာဝင်အဖြစ်မှ အခြားဘာသာသို့ကူးပြောင်းခဲ့သော် သာသနာညှိုးနွမ်းစေ မှု ၂၉၅ (က) ဖြင့် အ ရေးယူ ခံပါမည် ဟု ပါရှိပါသည်။

ထို ကတိဝန်ခံ ချက်သည် ခရိုင် သာသနာရေး မှူးရုံး ၌ သာသနာရေးမှူး ဦးမျိုးဝင်းအောင် နှင့် ဝါတိုး ရပ်ကွက်ကြီး အုပ်ချုပ်ရေးမှူး တို့ရှေ့မှောက်၌ မောင်အောင်ဆန်းကို (ခ)မောင် ခါလစ် ကိုင်လက်မှတ်ရေးပါ သည် ရမည်းသင်း ၌ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် တို့ သည် ရှေးယခင် ထဲက ဘာသာဝင် အချင်းချင်း လေးစားနားလည်ခဲ့ ခဲ့ကြရာ အခု လည်းအမျိုးစောင့် ဥပ ဒေ ကို လေးစား လိုက်ကြောင်း ပြသ သည့် သာဓက ပင် ဖြစ်ပါသည်။

မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းများခြင်းဆိုင်ရာ ဥပ ဒေ (မူကြမ်း ၌ မည်သူမဆို မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ် ရမည် ဘာသာခြားဖြစ်ခဲ့ သူက မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်းမည်ဆိုပါက် ဗုဒ္ဓဘာသာ ဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ်ရှိထားသူဖြစ် ရမည် ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီး ၏ မိဘ (သို့)အုပ်ထိန်းသူ ၏ စာဖြင့် တရားဝင် ခွင့်ပြုချက်ကို လက်ခံရယူရမည် အထက်ပါသတ်မှတ်ချက် များနှင့် ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာကျေးရွာ (သို့) ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုးလက်ထပ် ရမည်။

အထက်ပါ ပြဌာန်းချက်အတိုင်း မလိုက်နာပဲ မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်ခြင်း ပေါင်း သင်းခြင်း ပြု လုပ်ပါ က ထိုသူကို ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ် ရမည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ထိုဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေး ရမည် ဟုပါရှိပါသည်။

မင်းကျောင်း စန္ဒော

1 comment:

  1. အဲဒီလိုပဲ....ဖြစ်ရမယ်

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်