Pages

Friday, 5 July 2013

"ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်နေသူ ဖိလစ်ပိုင်အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရှိသည့်အတွက် ကြိမ်ဒဏ်အပေးခံရ"


ဗုဒ္ဓဟူး၊ ဇွန် ၃၊ ၂၀၁၃။

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်နေသူ ဖိလစ်ပိုင် အမျိုးသမီးတစ်ဦးသည် လင်ယောက်ျားမရှိပဲ ကလေးမွေးသည့်အတွက် ကြိမ်ဒဏ်အချက် ၁၀၀ အရိုက်ခံခဲ့ရသည်။

24 Oras နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခဲ့တွင် အသက် ၂၉-နှစ်ရှိ ထိုအမျိုးသမီးက...ရှာရီယာ ခေါ် အစ္စလာမ်မစ် ဥပဒေအရ သူမအား လူမှုကျင့်ဝတ်မလျော်ကန်မှု ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ကာ သူမ အပေါ်ချမှတ်သော ကြိမ်ဒဏ်အချက် ၁၀၀ ကို ခံယူခဲ့ရသည်...ဟု ပြောပြခဲ့သည်။

အစ္စလာမ်မစ် ရှာရီယာ ဥပဒေတွင် လက်မထပ်ပဲ ကိုယ်ဝန်ဆောင်သူ အမျိုးသမီးတစ်ဦးသည် ထောင်ဒဏ် သို့မဟုတ် ကြိမ်ဒဏ်ကို တရားရုံးက ဆုံးဖြတ်သည့်အတိုင်း ကျခံရသည်။

သူမကိုယ်ဝန်လွယ်ထားရပြီဟု သိသိချင်း သူမနှင့် ပတ်သက်ခဲ့သူ အမျိုးသားက သူမအား တာဝန်မယူပဲ ပစ်ပြေးသွားခဲ့သည့်အတွက် သူမတစ်ယောက်တည်း ဗိုက်တစ်လုံးနှင့် ကျန်ခဲ့ရသည်...ဟု ဖိလစ်ပိုင် အမျိုးသမီးက ပြောပြခဲ့သည်။

သူမ မီးဖွားပြီးသည်နှင့် မကြာမီမှာပင် သက်ဆိုင်ရာ အာဏာပိုင်များက သူမ၌ လင်ယောကျာ်း မရှိသည်ကို သိရှိသွားခဲ့ကြသည်။

ဖိလစ်ပိုင် အမျိုးသမီးက...လက်ထပ်ထားသူ လင်ယောက်ျားမရှိပဲ ကိုယ်ဝန်ဆောင်သည့်အတွက် တရားရုံးက သူမကို ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့သော်လည်း သူမက ယင်းအစား ကြိမ်ဒဏ်ကို ပြောင်းလဲ ခံယူခဲ့သည်...ဟု ပြောပြခဲ့သည်။

၂၀၁၀ ခုနှစ်တုန်းကလည်း ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် အလုပ်လုပ်နေသူ ဖိလစ်ပိုင် အမျိုးသမီးတစ်ဦးသည် မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ရှိခဲ့ရာ ဆော်ဒီတရားရုံးက သူမအား အပြစ်ရှိသည်ဟု ဆုံးဖြတ်ပြီး ကြိမ်ဒဏ် အချက် ၁၀၀ ချမှတ်သည်ကို ခံယူခဲ့ရဖူးသည်။

"Saudi worker receives 100 lashes after getting pregnant"
****************************

Wednesday, July 3, 2013

An overseas Filipina worker (OFW) received 100 lashes in Saudi Arabia because she had a child with a man who was not her husband.

In an interview aired on 24 Oras on Monday, the 29-year old woman said she was lashed 100 times on the back after being convicted of immorality under the Sharia or Islamic law... [under which] women who get pregnant out of wedlock face imprisonment or a penalty of lashes to be determined by courts

...The Filipina worker said she had to go through the pregnancy alone as she was immediately abandoned by the man who got her pregnant when he discovered she was with child.

It was only after she gave birth that authorities discovered she was unmarried.

“Nanganak po ako sa ospital na pinagtatrabahuhan ko, Nalaman po nila na wala akong asawa. Pagkatapos noon, ni-report nila ako sa pulis,” she said.

The Filipina worker said she was sentenced to one-year imprisonment but received lashes instead as a result of being pardoned.

In 2010, another Filipina worker was sentenced to receive 100 lashes after becoming pregnant as a result of rape.
 
 

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်