Pages

Thursday 20 June 2013

“Tin May Win- အီးမေးလ် အမည်ဖြင့် ပေးပို့သော စာ”

Wira Thu@


(အရှင်ဘုရား........
ဆရာတော်၇ဲ့ အမျိုး ဘာသာ သာသနာ ချစ်စိတ်ကို လေးစား ဂုဏ်ယူ တန်ဖိုးထားမိပါတယ်။ သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ ခက်တာက ....အရှင်ဘုရားတို့ရဲ့ စေတနာကို ဘေးလူတွေ(နိုင်ငံခြားအသံလွှင့်  ဌာနတွေ ....တန်ဖိုးနားမလည်တဲ့ မြန်မာ မီဒီယာတွေ လူထုခေါင်းဆောင် အမည်တပ်ထားသော မြန်မာ မတွေက အေ၇ာင်ဆိုးနေကြတယ်ဘုရား) နိင်ငံရေးနွှယ်တယ်ဆိုပြီး လုပ်နေကြပြန်ပြီ။

ရိုးရိုးလေးကို ဆန်းဆန်းလေးမြင်ကြတာ တပည့်တော်တို့ မြန်မာဓလေ့ပဲလား တပည့်တော် အကြိုက်ဆုံး စာသားက “ဝေဒနာနဲ့မပြောကြပါနဲ့ ဒေတာနဲ့ ပြောကြပါ”-ဆိုတာပါဘဲ။

သာဓု သာဓု သာဓု ပါဘုရား။
တပည့် တော် ဖေ့စ် ဘွတ်ခ်မှာ သိသိချင်း တင်ထားတာပါ ဘုရား......)


ဒီနေ့ ကျွန်မတို့ အလုပ်မှာဂျာနယ်ဖတ်တဲ့ သူတစ်ဦးက အော်ကြီး ဟစ်ကျယ် ပြောတယ်… ဆရာတော်ဦးဝီရသူ ပြောကြားတော်မူတယ်..ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးများက နိုင်ငံခြား (ဘာသာခြား)အမျိုးသားများနှင့် လက်ထပ်ရင် အမျိုးသားက ဗုဒ္ဓဘာသာဝင်အဖြစ် လက်ခံပြီးမှ လက်ထပ်ခွင့်ပြုခွင့်ကို လွှတ်တော်မှာ တောင်းဆိုမယ်တဲ့ ..ဆိုပြီး ပြောကြားရာမှာ ..တခြားသူတွေ ရုတ်ရုတ်သဲသဲနဲ့ အမြင်တွေပြောကြပါတယ် ..တစ်ယောက်က ဒါကို အောင်မြင်မယ် မထင်ဘူးတဲ့….မေတ္တာ တရားကို ဒီလို အကန့်အသတ် လာလုပ်လို့ ဘယ်ရမလဲတဲ့ ….သူမ လက်မခံဘူးတဲ့…အေး ….အဲလို ပေါပေါ လောလော ဗမာမတွေ လုပ်နေကြလို့လည်း ဆရာတော်တွေက ပျူလူမျိုးလို အမျိုးဘာသာသာသနာ ပျောက်မှာ စိုးလို့ ..စိုးရိမ်တော်မူကြလို့ ….အရှည်တွေးပြီး မိမိလူမျိုးဘာသာ သာသနာကို ကာကွယ် ပေးနေကြတာပါ ..

သို့ပေတဲ့ ….ဗမာ က များသောအားဖြင့် ပေါ့ပေါ့နေ ပေါ့ပေါ့ပြော ….ထမင်း စားဖို့ ကိုပဲ အာရုံစိုက် နေရတဲ့ သူများတယ် ..အတွေးအခေါ် ရင့်ကျက်သူ နည်းပါးတယ်။(တခြား ဘာသာဝင် တွေနဲ့ ယှဉ်ရင် ).. ဒါကိုပဲ ဆရာတော်တွေက စိုးရိမ်တာပါ… အခုလည်း လူအခွင့်အေ၇းကို ထိပါးပါတယ်ဆိုပြီး….လူထု ခေါင်းဆောင် လို့ အမည်တပ်ထားသူတွေက ပြောမှာ စိုး၇ိမ်မိပါသေးတယ်။

ကျွန်မ နားလည်သလောက် ပြောပြချင်ပါတယ်……….မြန်မာနိင်ငံမှာ ဘာသာကြီး လေးခုရှိတယ် … ဗုဒ္ဓဘာသာ …အစ္စလာမ် ..ခရစ်ယာန် …ဟိန္ဒူတွေပေါ့ ကျွန်မတို့ဘာသာက လွဲလို့ တခြားဘာသာတွေက သူတို့နဲ့ မတူသော ဘာသာနဲ့ လက်ထပ်ခြင်းကို တရားဝင်ခွင့်မပြုပါဘူး ……ဥပမာ ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးတစ်ယောက်က အစ္စလာမ်နဲ့ပဲ အိမ်ထောင်ပြပြု …ခရစ်ယာန် နဲ့ပဲပြုပြု … ဟိန္ဒူနဲ့ပဲပြုပြု လက်ထပ်ခြင်း မမြောက်ပါဘူး …ကျွန်မတို့ ဘာသာမှာက အရှေ့ခုနှစ်အိမ် အနောက် ခုနှစ်အိမ်လောက် အသိအမှတ်ပြု ရုံနဲ့ လက်ထပ်ခြင်းမြောက်ပါတယ်။

လင်ကွဲမယားကွဲ ဖြစ်လာတဲ့အခါ ……ဥပမာ ဗမာမ တစ်ယောက်က မွတ်ဆလင်နဲ့ လက်ထပ်၊ မွတ်ဆလင်က နောက်အိမ်ထောင်ပြုဖို့ ကွဲခွင့် တောင်းလာလို့ တရားဥပဒေ ရင်ဆိုင်ရင် ဗမာမက ဘာအခွင့်အရေးမှ မရပါဘူး။ လက်ထက်ပွားပစ္စည်းကော သားသမီးကော ဘာလို့ဆို အစ္စလာမ် ပြဌာန်း အက် ဥပဒေအရ လင်မယားအရာ မမြောက်ခဲ့လို့ပါဘဲ။

 ဥပဒေခြင်း ယှဉ်တဲ့အခါ တခြားဘာသာဝင်များရဲ့  ဥပဒေက လွှတ်တော်မှာ ပြဌာန်းခဲ့သော ဥပေဒေဖြစ်ပြီး ကျွန်မတို့ ဗုဒ္ဓဘာသာဝင် ဥပဒေက ဓလေ့ ထုံးထမ်း ဥပဒေမို့လို့ပါ။

ဒီတော့ကာ ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးများသည် ဘာသာခြားကို ယူပြီးအကွဲခံရလျှင်အတိဒုက္ခရောက်ကြရပါတယ်…….မိမိအခွင့်အရေးတွေ ဆုံးရူံးခံရပါတယ်။

အဲဒီလို မဖြစ်ချင်ရင် အစ လက်ထပ်ကတည်းက ဘာသာခြားက သူတို့ အသိုင်းအ၀န်းက အသိအမှတ်ပြုဖို့ အကြောင်းပြရင်း ဆွဲဆောင်ရင်း မြန်မာမတွေ ဘာသာခြားနဲ့လက်ထပ်က automatic ဘာသာခြား ဖြစ်သွားတာပါဘဲ။

ဗုဒ္ဓဘာသာဝင် ဗမာ လူမျိုး များဟာ ကိုယ့်နိင်ငံမှာကိုယ်နေရင်း ကိုယ့်ဥပေဒေ ကိုယ်နားမလည်လို့ ဘာသာခြားတွေရဲ့  အနိင်ကျင့်တာခံရပါတယ်။ ခု ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ကာကွယ်ဖို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများကို ကာကွယ်ဖို့ ဗုဒ္ဓဘာသာဝင် လက်ထပ် ထိမ်းမြှားခြင်း ထုံးထမ်း ဥပဒေကို လွှတ်တော်က အတည်ပြုတဲ့ ပြဌာန်းဥပဒေဖြစ်အောင် ကြိုးပမ်းပေးနေကြတာပါ

 ကိုယ့်နိင်ငံ ကိုယ့်မြေမှာ နေရင်း ကိုယ့်ရေ ကိုယ်သောက်ပြီး ကိုယ့်အခွင့်အေ၇း ကိုယ်ခံစားရင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သံဃာ စစ် ဆရာတော်များက ရှေ့တန်းက အကျိုးဆောင်ပေးနေတယ်ဆိုတာကို မြန်မာတမျိုးသားလုံးက နားလည် ပေးကြပါ။ အတွေးအခေါ်တွေမြင့်မား လာစေလိုပါတယ်…..

လူအခွင့် အရေးဆိုပြီး မဖြစ်သင့်ဘူး ဆိုပြီး လိုက်မယောင် ကြပါနဲ့ ……………………………………


Tin May Win

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်