Pages

Monday, 17 June 2013

NLD ပါတီ နှစ်ခြမ်းကွဲပြန်၊ NLD ကို ခြေကန် နှုတ်ထွက်ခဲ့သည့် ကယားတိုင်းရင်းသားများ ကိုယ်ပိုင်ပါတီသစ်တခု တည်ထောင်



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာတစ်နိုင်ငံလုံးမှ တိုင်းရင်းသားအားလုံး က ထောက်ခံ ကြကြောင်း၊ NLD ပါတီကို လူထု တစ်ရပ်လုံးက ထောက်ခံကြကြောင်း ဝါဒဖြန့်မှုတွေ ရှိနေသော်လည်း ကိုယ်ပိုင် ပါတီထောင်ထားသော တိုင်းရင်းသားများက ၎င်း တို့ တိုင်းရင်းသား ပါတီများက နှုတ်ထွက်ပြီး NLD သို့ ထောက်ခံ ဝင်ရောက်သူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် NLD ပါတီဝင် တိုင်းရင်းသားများက နှုတ်ထွက်သွားပြီး တိုင်းရင်းသား ပါတီသစ် တွေ ထပ်မံ တည်ထောင်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နုတ်ထွက်ထားသူတွေစုပြီး ကယားတိုင်းရင်းသားပါတီတခု ထူထောင်လိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန် ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ ကယားပါတီ ၂ ခုကို ရှေဆင့်နောက်ဆင့် တည်ထောင်ခွင့်ပြုလိုက်တဲ့ထဲ ဦးအောင်တင်ပါ ၁၆ ဦး လျှောက်ထားတဲ့ ကယားလူမျိုးစု ဒီမိုကရေစီပါတီဟာ အန်အယ်လ်ဒီပါတီဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတာပါ။

ပါတီထူထောင်ရတဲ့အကြောင်းကို ဥက္ကဋ္ဌ ဦးအောင်တင်က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အနေနဲ့ ကျနော် တို့ က ပါခဲ့တယ်လေ။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ဆောင်ချက်က ကျနော်တို့အပေါ်မှာ မျှတမှု မရှိလို့ ကျနော်တို့အားလုံးနုတ်ထွက်ပြီး ကယားလူမျိုးစုံဒီမိုကရေစီပါတီ ထောင်လိုက်တာပါ” လို့ ဆိုပါတယ်။

ပါတီရဲ့ မူဝါဒက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်၊ တန်းတူအခွင့်အရေးရှိရမယ်၊ လူမျိုးစုအခွင့်အရေး အပြည့်အ၀ ရရှိရ မယ်ဆိုတဲ့ အခြေခံမူအပေါ် ရပ်တည်သွားမယ်လို့လည်း ပြောပါတယ်။

ကယားလူမျိုးစုဒီမိုကရေစီပါတီအနေနဲ့ ပြည်နယ်လူထုရဲ့ ထောက်ခံမှုအပြည့်အ၀ရမယ်လို့ ယုံကြည်ကြောင်း   ပြောပါတယ်။

“လုံးဝယုံကြည်တယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း ကယားပြည်နယ်မှာ ကျနော်တို့အနိုင်ရခဲ့တယ်။ အနိုင်ရခဲ့တဲ့ အဖွဲ့အစည်းကနေမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်လှုပ်ရှားခဲ့တယ်။ တပြည်လုံးအတိုင်း အတာဆောင်ပြီး လုပ်ခဲ့တာတောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ဆောင်ချက်ကို သူတို့လုံးဝအသိ အမှတ် မပြုဘူးဆိုတော့ ကျနော်တို့ လုံးဝ စိတ်ကုန်သွားတယ်။ ဒါကြောင့် ကျနော်တို့ ဆက်လုပ်ရင် ကယား တပြည်နယ်လုံး လှုပ်ရှားနိုင်မယ်လို့ ယုံကြည်တယ်။”

ကယားလူမျိုးစုဒီမိုကရေစီပါတီအပြင် နောက်ထပ်တည်ထောင် ခွင့်ပြုလိုက်တဲ့ပါတီက လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်) ဖြစ်ပြီး ၂၀၁၀ ကတည်းက တည်ထောင်ခွင့် လျှောက်ထားခဲ့တဲ့ပါတီဖြစ်တယ်။ အဲ့ဒီတုန်းက တည်ထောင်ခွင့်မပြုဘဲ အခုမှ တည်ထောင်ခွင့်ရတဲ့ပါတီ ဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အခုထပ်ပြီး တည်ထောင်ခွင့်ပြုလိုက်တဲ့ ကယားပါတီ ၂ ခုတို့ ရှိနေပြီး ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ပြည်ခိုင်ဖြိုးပါတီကပဲ တပြည်နယ်လုံး အနိုင်ရထားတာ ဖြစ်ပါတယ်။

MEG

1 comment:

  1. NLDဟာအမျိုးဘာသာသာသနာကိုချစ်တဲ့စိတ်နဲတယ်
    သူတို့ရဲ့သွေးခွဲမှု့ကြောင့်တပ်နဲ့ပြည်သူစိမ်းသလိုဖြစ်နေတယ်
    ပြည်သူဟာစွဲမိစွဲရာစွဲပြီးအားကိုးမှားတော့မယ် ဒီလို
    မဖြစ်အောင်တပ်မတော်အနေနဲ့ကြိုးစားရတော့မယ်
    လုပ်နိုင်မယ်လို့လည်းယုံကြည်ပါတယ်

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်