Pages

Thursday 20 June 2013

"မျိုးစောင့်ဥပဒေသည် လူအခွင့်အရေး အမျိုးသမီးအခွင့်အရေး အပြည့်ပေးထားပါသည် "

ဗမာ့ သား@



ဤမျိုးစောင့်ဥပဒေကိုပြဋ္ဌာန်းနိုင်ဖို့အတွက် ဘုန်းဘုန်းတို့ခိုးကြောင်ခိုးဝှက်နဲ့ လျှို့ဝှက်လုပ်ေ ဆာင်နေခြင်း မဟုတ်ပါ..။ ဒီစာအုပ်ထဲမှာ မျိုးစောင့်ဥပဒေပြဋ္ဌာန်းသင့်တဲ့ အကြောင်းအရာ အားလုံးထည့်သွင်းရေး သားပြထားပါတယ်..။ ဒီစာအုပ်ကိုလည်း မြန်မာပြည်သူအားလုံး ဖတ်ဖြစ်အောင်ဖတ်သင့်တဲ့ စာအုပ် တစ်အုပ်ပါ..။ ဖတ်ပြီးတော့လဲ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့အတွက် လက်မှတ်ထိုးဖြစ်အောင် ထိုးကြပါလို့ တိုက်တွန်းပါရစေ...။

လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရပါသည်ဟု ပြောသူတို့သိစေရန် အနည်းငယ်တင်ပြ လိုက်ပါတယ်...
၁။ အစ္စလာမ်ဘာသာဝင်နှင့် ထိမ်းမြားခြင်း (စာအုပ်-စာမျက်နှာ၄၀) မူဆလင်တစ်ယောက်အနေဖြင့် အစ္စလာမ် ဘာသာကို ယုံကြည်ကိုးကွယ်သည့် (ကီတာဘီ) မဟုတ်သူနှင့် တရားဝင်ထိမ်းမြားခြင်း မပြုနိုင်ပေ ...။ (က)အစ္စလာမ်ဘာသာဥပဒေအရ ဘာသာကွဲနှင့် လုံးဝလက်ထပ်ခွင့်မပြုကြောင်း ၎င်းတို့၏ ဥပဒေပြဋ္ဌာန်း ထားခြင်း။ (ခ) အစ္စလာမ်ဘာသာတွင် ဘာသာကွဲဖြစ်သူသည အစ္စလာမ်ဘာသာ သို့တရား ၀င်းကူးပြောင်း ပြီးသည့်အခါမှသာလက်ထပ်ခွင့် ရရှိခြင်း။

၂။ ဟိန္ဒူဘာသာဝင်နှင့်ထိမ်းမြားလက်ထပ်ခြင်း ဟိန္ဒူဘာသာတွင် (၁)ဗြဟ္မဏ၊(၂) ခတ္တိယ၊(၃) ဝေဿ၊ (၄)သုဒ္ဓ-ဟူ၍ဇာတ်လေးမျိုးရှိရာဟိန္ဒူ ဘာသာဝင်အချင်းချင်းပင်ဇာတ်မတူပါက ထိမ်းမြားခြင်းမပြုရန် စီရင်ထုံးဟောင်းများက ပြဋ္ဌာန်းထားသည်..။

၃။ ခရစ်ယာန်ဘာသာဝင်နှင့် ထိမ်းမြားခြင်း "ခရစ်ယာန်ဘာသာထိမ်းမြားခြင်း ဥပဒေ"ပုဒ်မ ၄ အရ ခရစ်ယာန်နှင့် ခရစ်ယာန်မဟုတ်သူတစ်ဦး ထိမ်းမြားခြင်း ပြုနိုင်သည်။ သို့ရာတွင် ထိမ်းမြားခြင်းကို ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင်လည်းကောင်း၊ထိမ်းမြားခြင်း မှတ်ပုံတင်အရာရှိရှေ့တွင်လည်းကောင်း၊ ထုံးပုံနည်းလမ်းတကျ ထိမ်းမြားမှသာလျှင် တရားဝင်သည် ယင်းကဲ့သို့ ထုံးပုံနည်းလမ်းတကျ ထိမ်းမြားမှု မှအပ အခြားနည်းထိမ်းမြားမှုများ တရားမ၀င်..။ ဖောက်ဖျက်ကျူးလွန်လျှင် (သို့) မလိုက်နာလျှင်   ထောင်ဒဏ် များ ငွေဒဏ်များ အမျိုးမျိုး ချမှတ်ပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေး ဆိုသူတွေကို ဘုန်းဘုန်းမေးပါရစေ... ထိုသို့ အခြားဘာသာဝင်တို့ ခုလိုဥပဒေပြဋ္ဌာန်းထာြး ခင်းကို ကမ္ဘာပေါ်မှာဘယ်နိုင်ငံကများ လူ့အခွင့်အရေးနှင့် မညီပါဘူး..။ အမျိုးသမီး အခွင့်အရေး အချိုးဖောက်ခံရပါတယ်လို့ အော်သံကြားဖူးကြပါသလဲ..။ သူတို့လို ဘုန်းဘုန်းတို့က ကိုယ့်အမျိုးဘာသာသာသနာကို ထိန်းသိန်းကူညီ စောင့်ရှောက်ဖို့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ပြင် ဆင်ကာရှိပါသေးတယ်.. လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေးဆိုပြီး ၀ိုင်းအော်လိုက်တာ..။

ဘုန်းဘုန်းကတော့ရှင်းရှင်းပြောမယ်.. ဘယ်သူတွေ ဘာပဲပြောပြောမျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်ဖို ဆက်လက် ကြိုးစားသွားမယ်..။ ဒီမျိုးစောင့်ဥပဒေ ဖြစ်ပေါ်ဖို့အတွက်နိုင်ငံတော်သံဃမဟာနာယက အင်းစိန်ရွာမ ဆရာတော်ကြီးတို့ ဥပဒေပညာရှင်တွေကိုဖိတ်ခေါ်ပြီးမှ စီစဉ်ဆောင်ရွက်ခဲ့တာပါ..။ဒီမျိုးစောင့်ဥပဒေကို ရှိသင့်ရှိထိုက် ဖြစ်သင့်ဖြစ်ထိုက်လို့ လူပညာရှိ ရဟန်းပညာရှိတွေ အားလုံးဝိုင်းဝန်းဆောင်ရွက်နေကြ တာပါ..။

ဒီမျိုးစောင့်ဥပဒေကိုသာပြဋ္ဌာန်းနိုင်ခဲ့ပြီ ဆိုရင် ဘာသာပေါင်းစုံ အားလုံးအတူယှဉ်တွဲနေထိုင်ပြီး အခုဖြစ်နေ ကြတဲ့ပြဿနာတွေ အဓိကရုဏ်းတွေ လုံးဝမဖြစ်နိုင်တော့ဘူးလို့ .. ဘုန်းဘုန်းတို့ လုံးဝယုံကြည်ပါတယ်..။

ဦးနရပတိ ဆရာတော် ငြိမ်းချမ်းရေးပရိယတ္တိစာသင်တိုက်20- 6 -2013

2 comments:

  1. အမျိုးဘာသာ သာသနာ အရေးထက်
    ဘာအခွင့်အရေးမှ အရေးမကြီးဘူး။

    ဒေါ်စုကိုယ်တိုင်က ဗုဒ္စဘာသာဝင်
    မဟုတ်သောသူကိုယူပြီး ဗုဒ္စဘာသာဝင်
    မဟုတ်သောမျိုးဆက်များကိုမွေးထားသူ
    တစ်ဦးဖြစ်၍ မျိုးမစစ်ပါ
    ထို့ကြောင့်
    "မျိုးစောင့်ဥပဒေ"ကို လူ့ အခွင့်အရေးဖြင့်အ
    ကြောင်းပြပြီး ကန့်ကွက်သည်မှာမဆန်းပါ။
    သာမန်မျိုးချစ်ဗုဒ္စဘာသာဝင်တစ်ယောက်
    အနေဖြင့်ဤဥပဒေကိုအလွယ်တကူနားလည်
    လက္ခံနိုင်သော်လည်း သူ့အတွက်ကတော့
    ခက်ခဲပြီး လက်မခံနိုင်ကာ ကန့်ကွက်နေပေ
    လိမ့်မည်။
    အရာရာတိုင်းမှာလူ့အခွင့်အရေးဖြင့်တား၍
    မရနိုင်။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်