Pages

Thursday 20 June 2013

ဘုန်းဘုန်းဦးဝီရသူထံ ပေးစာ..............




သို့-

ဘုန်းဘုန်းဦးဝီရသူ သိစေရန် တပည့်တော်မ စာရေး လျှောက်ထားလိုက်ပါသည်ဘုရား။ တပည့်တော်မကို တချို့က စစ်ခွေး၊ တချို့က အမျိုးသမီး မဟုတ်ဘူးလို့ အမျိုးမျိုး ပြောပြောနေကြပါတယ်။ တကယ်တော့ တပည့်တော်မက အသက်(၂၄)နှစ်အရွယ် သာမန် မိန်းမသား တစ်ယောက်သာ ဖြစ်ပါတယ်ဘုရား။ မွတ်စလင် ပေါတဲ့ မြို့တစ်မြို့မှာ နေပါတယ်ဘုရား။



စာဖတ်တာ ဝါသနာပါတယ်၊ စာရေးတာလည်း ဝါသနာပါတယ်။ ဒါပေမယ့် သာမန်ဘွဲ့ရ တစ်ယောက်သာ ဖြစ်တဲ့အတွက် ရှေ့မတက်နိုင်သေးပါဘူး ဘုရား။ ထားပါတော့ဘုရား။ တပည့်တော်မ အဓိက လျှောက်ထားလိုတာက အမျိုးစောင့်ဥပဒေဆိုတာနဲ့ ပတ်သက်လို့ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းလည်း အရမ်း စိတ်ပင်ပန်းနေမယ်လို့ ယုံကြည်ပါတယ်။ တပည့်တော်မတို့ ပြည်သူလူထုက အစိုးရကို တော်လှန်တဲ့သူကို ဝိုင်းပြီး လက်ခုပ်တီး၊ ပြည်သူအတွက် တကယ်အလုပ်လုပ်တော့မယ်ဆိုရင် ကန်ချတဲ့ လူမျိုးတွေက အများစုပါ။ အခု ဒီအခြေအနေကို ရောက်နေပါပြီဘုရား။


တပည့်တော်မက ငါးရာငါးဆယ်ဇာတ်တော်တွေ၊ ဝိနည်းဥပဒေတော်ကြီးစတဲ့ စာအုပ်တွေ အများကြီး ဖတ်ဖူးပါတယ်။ ပြီးတော့ ဘုန်းဘုန်းရဲ့ တရားတွေကိုလည်း အကုန်နာယူဖူးပါတယ်။ ဒါကြောင့် ဘုန်းဘုန်းကို ကြည်ညို ထောက်ခံတာပါ။ တပည့်တော်မရဲ့ ဖေဖေက စခန်းမှူးတစ်ယောက်ပါ။ ဖေဖေက ပြောဖူးတယ်။ အုပ်ချုပ်ရေးအပိုင်းမှာ ဘုန်းဘုန်းရဲ့ လမ်းညွှန်ချက်တွေထဲက အများကြီး ယူသုံးရတယ်လို့ ပြောဖူးပါတယ်။ ဘုန်းဘုန်းရဲ့ ''စစ်မနိုင်မြို့တော်'' တရားမှာလည်း နိုင်ငံတော် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့အစီအမံတွေကို ခေတ်နဲ့ညီအောင် ဟောပြထားတာ လိုက်နာဖို့ ကောင်းပါတယ်။


အခု ဖြစ်နေတာက ဘုန်းဘုန်းရဲ့ တရားကိုလည်း မနာဖူး၊ ဘုန်းဘုန်းရေးတဲ့ စာအုပ်တွေကိုလည်း မဖတ်ဖူးတဲ့၊ ဒုံးဒုံးကျ အရပ်မသုံးတဲ့ အမျိုးသမီးအဖွဲ့တွေက ကန့်ကွက်နေတာပဲ။ တကယ်ထောက်ခံတဲ့ ပညာရှင်တွေကလည်း ရဲရဲမပြော ရဲကြဘူး။ တကယ်တော့ ပညာတတ်လို့ ကြွေးကျော်နေတဲ့ အသိုင်းဝိုင်းအများစုဟာ တရားမနာကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ''ဘုန်းဘုန်းတို့ သိတဲ့ အသိလောက်တော့ တို့လည်းသိပြီးပြီ'' ဆိုတဲ့ ထင်မြင်ချက်ကြောင့်ပဲ။ တရားများများ နာကြတာက သာမန်အဆင့် တပည့်တော်မတို့လို့ လူနည်းစုတွေလောက်ပါပဲ။


အခုလည်း ဝိနည်းစကား ပြောနေတဲ့ အမျိုးသမီးတွေဟာ ပါရာဇိက ဘယ်နှစ်ပါး ရှိမှန်းတောင် မသိတဲ့သူတွေ ဖြစ်နေတာပဲ။ သိပ်အံ့ဩဖို့ ကောင်းပါတယ်ဘုရား။ အခု ဒေါ်ရွှေဇီးကွက်ကိုယ်တိုင်က ကန့်ကွက်ကြောင်း ပြောလာပြီ။ တပည့်တော်မတို့က ဒေါ်ရွှေဇီးကွက်ကို ပရဟိတသူရဲကောင်းအဖြစ် မြင်ခဲ့တာပါ။ သူနာရေးကူညီမှု လုပ်တဲ့အခါ တပည့်တော်မတို့က မွတ်စလင်အလောင်းတွေ လက်မခံပါနဲ့လို့ မပြောခဲ့ပါဘူး။ ဒါဟာ သေးသိမ်ပါတယ်ဘုရား။ အခုတော့ သူ့ကို စိတ် ပျက်လာပြီ။ စိတ်ပျက်ပေမယ့်လည်း ဘဘဦးကျော်သူရဲ့ မျက်နှာကြောင့် မပြောလိုပါဘူး။ သူတို့ ဗီဒီယိုမှတ်တမ်းအခွေ အခု အွန်လိုင်းပေါ် ရောက်နေပြီ။ ကြည့်လည်း ကြည့်ပြီးပြီ။ ဘယ်တုန်းကမှ အမျိုးသမီးအခွင့်ရေး လှုပ်ရှားမှုတွေမှာ ပါမလာတဲ့ ကောင်မတွေ များပါတယ်ဘုရား။


ဘုန်းဘုန်းတွေက လှေကြီးထိုး ရိုးရိုး ဝိပဿနာတရားတွေ ဟောတော့လည်း ဒီခေတ်ထဲမှာ မသုံးလောက်တော့ဘူးတဲ့။ အခုအမျိုးသားရေးတရားဟောတဲ့ ဘုန်းဘုန်းတို့ကိုကျတော့ ဝိနည်းနဲ့ မညီဘူးတဲ့။ တောရဆောက်တည်နေတဲ့ ဆရာတော်ကြီး တစ်ပါးက ပြောတယ်ဆိုလည်း တော်သေးတယ်။ အခုဟာက မင်္ဂလသုတ်အနက်တောင် ကုန်အောင် မဖတ်ဖူးတဲ့သူတွေက ပြောနေတာဆိုတော့ စိတ်ပျက်စရာ ကောင်းပါတယ်ဘုရား။
အမျိုးစောင့်ဥပဒေအတွက် လက်မှတ်ကောက်တဲ့ တပည့်တော်မတို့ကိုကျတော့ စည်းရုံးလှုံ့ ဆော်တယ်တဲ့။ နိုင်ငံရေးပါတီတွေ ကားကြီးကားငယ်အသွယ်သွယ်နဲ့ မြို့တကာနယ်တကာလှည့်ပြီး ပလီတာကျတော့ စည်းရုံးရေးဆင်းတယ်တဲ့။ တော်တော် တရားကျဖို့ ကောင်းတဲ့ လူ့အဖွဲ့စည်းပါပဲဘုရား။


ဘုန်းဘုန်းရေ ဘာမှ လုပ်ပေးမနေနဲ့၊ နိုင်ငံတကာ လှည့်နေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းသမားတွေက ဘုန်းဘုန်းရဲ့ မင်္ဂလသုတ်ကို အထင်မကြီးကြဘူး။ လစ်ဘရယ်သမားတွေက သားသမီးကျင့်ဝတ်ငါးပါထဲက စောင့်လေမျိုးနွယ်ဆိုတဲ့အချက်ကို မျက်ကွယ်ပြုကုန်ပြီ။ တပည့်တော်မတောင် ရင်ဖုံးနဲ့ ထမီကို ချွတ်ပစ်ချင် လာပြီ။ ရိုင်းသွားရင် သည်းခံတော်မူပါဘုရား။
တစ်လောက အမေစု လာတယ်ဆိုလို့ တပည့်တော်မတို့ရပ်ကွက်က NLD ရုံးကို ရောက်တယ်။ ဘာခံယူချက်မှ မရှိဘဲ ပွဲတက်လာတဲ့ပါတီဝင်တွေကို အများကြီး တွေ့ရတယ်။ ဖျင်ပင်နီ ၀တ်ပြီး ဖက်ရှင်ရှိုး လာလျှောက်သလိုပါပဲ။

တပည့်တော်မတို့ နိုင်ငံက နိုင်ငံရေးသမားဆိုတဲ့ အများစုက တံမြက်လှည်း ခွေးမောင်း အဆင့်တွေပါပဲဘုရား။
ဘုန်းဘုန်း ကျန်းမာပါစေ။ ။

ငြိမ်းချမ်းခင်


(အလ္လာဟ်အမွေပြတ်အဖွဲ့)

2 comments:

  1. မှန်ပါတယ်ညီမလေးရေ NLDလိုမြန်မာလူမျိုးကလွဲရင်
    ကျန်တဲ့ဘယ်လူမျိုးကိုမဆိုအထင်ကြီးတဲ့လူသူယုတ်တွေအားကောင်းလာမှာ
    အစိုးရိမ်ဆုံးပဲ သံဃာစစ်သံဃာမှန်ကိုတောင်အတု
    အယောင်ဖြစ်အောင်ပြောရဲတယ် ဘာမှတန်ဖိုးကိုနားမလည်
    ဘူး သူတို့အတွက်လိုအပ်ရင်သံဃာကိုလည်းထိုးကျွေး
    တာပဲ သူတို့သိတာကသူတို့အာဏာရဖို့ သူတို့
    ရည်ရွယ်ချက်တိုင်းကလက်ရှိအစိုးရနာမည်ပျက်ဖို့ ဒါပဲ
    ဘာသာရေးလားနားမလည်ဘူး အမျိုးသားရေးလားစိတ်မဝင်
    စားဘူး ဘယ်သူသေသေLADYမာဖို့အရေးကြီးတယ်
    ပြောလိုက်ပါဦးသမ္မတလုပ်ချင်တယ်လို့ တော်ကြာသမ္မတ
    မဖြစ်ဘဲ မွတ်သမလဲဖြစ်နေဦးမယ် ငိ ငိ ငိ

    ReplyDelete
  2. တို့ဘက်ကတော့ အထောက်အထားတွေ ပြည့်လို့
    ဒေါ်စုဟာ သူ့အမှားရှိနေတဲ့အတွက် လူ့အခွင့်အရေးဆိုတဲ့စကားကို ဇွတ်တင်နေတာ
    ဖြစ်ပါတယ် ကာဗာတခုရသွားတာပေါ့ သူပြောတတ်တာ
    လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ၂လုံးပါ အမျိုးဘာသာ
    သာသနာဆိုတာတော့ နားမလည်ပါဘူး ဘာသာရေးမှ
    နားမလည်တာ အခုထိပါးစပ် ဘုရားတရားစကားကြားဖူးလား
    ပြီးတော့ မနက်ကမှ ဆိုဒ်တခုမှာ အောက်ကလင့်လေး
    နားထောင်လိုက်မှ ကျနော်လေ ဘာသာသာသနာကို
    ဆရာတော်တွေ စောင့်ရှောက်နေကြတာကို ပိုနားလည်
    ခဲ့ရပါတယ် ရှေးကတည်းက စောင့်ရှောက်နေခဲ့လို့
    ခုလောက် ကျန်နေရတာကို သဘောပေါက်လာခဲ့တယ်
    မွတ်ဆလင်တွေက မြန်မာမယူနိုင်ရင်
    ဗလီကငွေထောက်ပံ့တယ်ဆိုတာ မယုံသူတွေ
    လူ့အခွင့်အရေးစကားလုံးကိုပဲ မြိန်ရေယှက်ရေ
    ပြောတတ်သူတွေ ဘာကြောင့် တခြားနိုင်ငံနဲ့မတူ
    ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နေရလည်း
    ရဟန်းသံဃာတွေ ရှေးယခင်အဆက်ဆက်က ကာကွယ်
    စောင့်ရှောက်ခဲ့လို့ ဒီကနေ့လို ဘာသာထွန်းကား
    နေသလည်း နားလည်ချင်ရင် သူတို့ငြင်းတာကို
    မဟုတ်ကြောင်း သိချင်ရင် ဒီမှာ ကော်ပီလုပ် ဒေါင်းလုတ်ချ နားထောင်ပါ
    ထေရဝါဒဗုဒ္ဒ္ဓသာသနာ တည်တံ့ ခိုင်မြဲစေရေးတရားတော်များ
    01 လခြမ်းနှင့်ကြယ် (ဦးဆန်းလွင်)
    http://yinthinnei.blogspot.jp/search?updated-max=2011-09-15T13:36:00-04:00&max-results=15&start=15&by-date=false

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်