Pages

Thursday, 6 June 2013

သမ္မတရူး ရူးသွပ်ခြင်း



အမေရိကား မှာ နေရတာ ဘာမှ အကျိုး မဖြစ်လို့ မြန်မာပြည်ပြန် ပြီး သမ္မတ လုပ်ရင် ကောင်းမလား စဉ်းစား မိတယ်။

မြန်မာပြည်ပြန်မယ်၊ ရောက်တာနဲ့ မိုးသီး လို ဗိုက်ပူကား ခေါင်မိုးပေါ်တက်ပြီး (စင်မရှိလို့) မင်္ဂလာပါ၊ ကျွန်တော် ပြန်လာပါပြီ၊ ဆိုပြီး ပြည်သူတွေ ကို နုတ်ဆက်မယ်၊ ပြီးတော့ “ တိုက်ရ မယ်ဆိုရင် ကျုပ်တို့ က ပြည်သူ့ရှေ့ မှာ အမြဲ ရှိနေမယ်” ဆိုပြီ ကိုကိုကြီး စကားလေးပြောမယ်။
(၈၈ တုန်းက ကျုပ်က ပြည်သူတွေ ရဲ့  ရှေ့ ဆုံးကပါ၊ လူအုပ်နဲ့ ကျုပ်ကြား မှာ စစ်တပ်ပဲ ခြားတာ)

သမ္မတ ရွေးကောက်ပွဲ ကြရင် တော့ လည်ပင်းလေး လှုပ်ပြီး ~~~~~~~~~~~~~~~~
အရေး ကြီးတာ Rule of Law ပဲ၊ ဥပဒေ စိုးမိုးမူ မရှိရင် ဘာမှ လုပ်လို့ မရဘူး။ ကျွန်တော်သမ္မတဖြစ်ရင် ပြည်သူ အကုန်လုံး လုံခြုံ စိတ်ချရတဲ့ ဘ၀ပိုင်ဆိုင် ရဖို့ အာမခံတယ်” ဆိုပြီး ဒေါ်စု အထာလေးနဲ့ မဲဆွယ်မယ်။

သမ္မတ ဖြစ်သွားပြီး ဆိုရင်တော့ “ ၆၅ နှစ်လုံး လုံး အသုံးမကျ တဲ့ လူတွေ ဖျတ်စီးထားခဲ့တာ ချက်ခြင်း ပြင်ဖို့တော့ ဘယ်လွယ်မလဲ၊ we need time, we need time,” ဆိုပြီး ၀န်ကြီး ဦးစိုးသိန်း လို စပ်ဖြီးဖြီး နဲ့ ပြောမယ်။

ကဲ မကျေနပ် လို့ ပြည်သူတွေ ဆန္ဒပြ ကြရင်တော့ ဘပြောင် စတိုင် နဲ့ ခပ်တည်တည် “အလုပ်မလုပ်ချင်တဲ့ လူတွေ အခကြေးငွေ ယူပြီး ဆန္ဒ ပြကြတာပါ၊ တိုင်းပြည် က အကောင်းဘက်ကို ဦးတည်နေပါတယ်” ပေါ့။။

အော် တခုပဲ~~~ အင်္ဂလိပ်စကား ကိုယ်ဖိ ၊ ရင်ဖိ သင်ပေးမယ့် အမေရိကန် မလေးတယောက် ယူရင်ကောင်းမလား လို့ ၊ တော်ကြာ မင်းကိုနိုင် လို ငပိသံ နဲ့ အင်္ဂလိပ် စကား ပြောမိရင် ဝေဖန်ခံရမှာ စိုးလို့ပါ။။

1 comment:

  1. ရွှေပလောင်6 June 2013 at 23:15

    ဝေဖန်ထောက်ရှုတဲ့ သရော်စာများကို အားပေးပါသည်

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်