စကားကြီးသုံးခွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အယ်ဒီတာ အာဘော် တစ်ခုကို ဖတ်မိတယ်။ အယ်ဒီတာ ခပ်နာနာဝေဖန်ထားတာက ဒေါ်စုရဲ့ ဘင်္ဂါလီကလေးနှစ်ယောက် ဥပဒေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးအရ အပြစ်တင်စရာ ဖြစ်မယ် ဆိုတဲ့ မှတ်ချက်ကိုပါ။ ယဉ်ကျေးမှု စီးမျောပုံ (သို့) အရပ်စကားနဲ့ ဥပဒေကို အယ်ဒီတာ မကွဲရှာဘူး။ ဖတ်ကြည့်ပါ။
"ဘင်္ဂလားဒေ့ရှ်လို မူဆလင်အများစုနေထိုင်ရာ နိုင်ငံမှာတောင် သားဖွားနှုန်း ကန့်သတ်မှုတွေကို အကောင်အထည်ဖော်နေတဲ့အချိန်မှာ အိမ်နီးချင်းဖြစ် တဲ့ မြန်မာနိုင်ငံမှာ ဒီကိစ္စကိုဆောင်ရွက်တာဟာ မတရားဘူးလို့ စွပ်စွဲလို့ မရ ပါဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသားအများစုက သားသမီး တစ်ဦးစနှစ်ဦးစ ထက် ပိုယူတာမျိုး စားဝတ်နေရေးကြောင့် ဒီဖက်ခေတ်မှာ အရမ်းနည်းပါ တယ်။ ဘင်္ဂါလီမိသားစုတွေရဲ့ သားဖွားနှုန်း ဟာ ကြောက်ခမန်းလိလိမြင့်တက်နေတာ ကြာပါပြီ။
သူ့စေတနာနဲ့ မျိုးချစ်စိတ်ကို လေးစားပါတယ်။
" မြန်မာနိုင်ငံက တိုင်းရင်းသားအများစုက သားသမီးတစ်ဦးစနှစ်ဦးစထက် ပိုယူတာမျိုး စားဝတ်နေရေးကြောင့် ဒီဖက်ခေတ်မှာ အရမ်းနည်းပါတယ်" ဟာ ယဉ်ကျေးမှု စီးမျောပုံပါ (သို) အရပ်စကားပါ။ ဥပဒေ မဟုတ်ဘူး။ သူတို့အကြောင်းနဲ့သူတို့ ကလေးမယူကြတာ၊ ဥပဒေကြောင့် မဟုတ်ဘူး။
ဒါကို ထပ်ရှင်းအောင် ပြောရရင် "ဒီနေရာမှာ ဆေးလိပ် မသောက်ရ" ဆို သလိုပဲ၊ နဂိုက ဆေးလိပ်မသောက်ရင် ဒီဥပဒေကြောင့် ဘာမှမထူးခြားဘူး၊ ဒီဥပဒေက လက်ရှိ ဆေးလိပ်သောက်သူတွေအတွက့်ပဲ။ ဒါပေမဲ့ ဒီ ဥပဒေ ထဲမှာ ဆေးလိပ် မသောက်သူတွေလည်း အကြုံးဝင်နေရမယ်။ ဒါမှ ဥပဒေ။ သူတို့ကို ဖယ်ထားလို့ မရဘူး၊ ငါတို့ လက်ရှိလူတွေထဲမှာတော့ ဆေးလိပ်ေ သာက်သူ မရှိသေးဘူး၊ ရှိရှိ မရှိရှိ ဒီနေရာဟာ ဆေးလိပ် လုံးဝမသောက် သင့် တဲ့ နေရာမို့ ဒီ ဥပဒေရှိနေရမယ်။ ဒါမှ ဥပဒေ။ ဟိုဟာက အရပ်စကား။
"တရားမ၀င်ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသားတွေထက် ပိုတဲ့အခွင့် အရေး မျိုး ပေးသင့်ပါသလား"
ဒီ စကား က လည်း မြန်မာတိုင်းရင်းသားတွေအတွက် ကလေးနှစ်ယောက်ပဲ ယူခွင့်ရှိတယ် ဆိုတဲ့ ဥပဒေမျိုးရှိနေမှ ( ရိုဟိန်ဂျာတွေတော့ ကြိုက်သလောက် ယူကြစေ ဆိုသလို ဖြစ်နေလို့ ) ပြောလို့ ဘောင်ဝင်မယ့် စကားပါ။
ဒေါ်စုက ဒီ ဥပဒေအကြောင်း သူမ ကောင်းကောင်းမသိဘူးလို့ ပြောတယ်။ မသိတာ ကောင်းသွား တယ်၊ နိုင်ငံရေးခေါင်း ရှိတဲ့လူ ဒီ ဥပဒေမျိုးမထုတ်ဘူး။ ရိုဟိန်ဂျာ ပြဿနာဟာ ဒီဥပဒေကြောင့် သေးမသွား တဲ့အပြင် ပိုတောင် ဆိုး လာမယ်။ရိုဟိန်ဂျာ ပြဿနာဟာ မသေးလှကြောင်း သိပေမဲ့ ဒီထက် ပညာသားပါတဲ့ အကြံပြုချကတွေနဲ့မှ အလုပ်ဖြစ်မယ်လို့ ထင်တယ်။ ဒေါ်စုကိုဝေဖန်လို့ ရေးမိတာ မဟုတ်ဘူး။ အယ်ဒီတာဆရာ အရပ်စကားနဲ့ ဥပဒေ မကွဲဘူးထင်လို့ ရေးမိတာပါ။
ဇင်ဝေသော်
Kill far su kyi.she is not good for our country
ReplyDeleteသူ့သားတွေအတွက်ကြံစည်နေတာ
ReplyDeleteဒီအဖွားကြီး
ReplyDeleteအနေအထိုင် အပြောမဆိုမတတ်တာနဲ့
nld တော့ ပြည်သူ့ချဉ်ဖတ်ဖြစ်ဖို့များနေပြီ။
အဖွားကြီးဦးဏှောက်ကို ခွဲစိတ်ကြည့်သင့်တယ်
ဘယ်နှစ်ခန်းများ ပျက်နေပြီလဲမသိဘူး၊
သမ္မတရူးရောဂါကလည်း
တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာနေတော့လေ။
( စနေသား )