Saturday, 22 June 2013
ဒုက္ခပါပဲ ဒကာမကြီးရာ
သိပ်မကြာသေးမီ အချိန်ကတောရွာကလေးတစ်ရွာတွင် ဖြစ်ပွားခဲ့ပါသည်။အိမ်တစ်အိမ်သည် အိမ်တက် မင်္ဂလာ အဖြစ်ရွာဦးကျောင်းမှ ကျောင်းထိုင်ဆရာတော်လေး အားဆွမ်းကျွေးပင့်ပြီးတရားပွဲပြုလုပ်ပါသည်။
၎င်းအိမ်ကလေးသည် ယနေ့ခေတ်တွင် လူ့အခွင့်ရေး အထူးလေးစားသော ပါတီမှကျေးလက် ပါတီဌာန ရုံး လေး နှင့် ကပ်ရက် တည်ရှိပါသည်။၎င်းအိမ်တက် တရားပွဲသို့ ဘေးချင်းကပ်ရက် ပါတီဌာနရုံးမှ ပါတီဝင် များနှင့် ကျေးလက်ပါတီ ဦးဆောင်အမျိုးသမီးကြီးလည်းတရားနာလာရောက်ပါသည်။
ဆွမ်းဘုဉ်းပေးပြီးသောအခါဆရာတော်လေးသည်တရားပလ္လင်ပေါ်သို့တက်ရောက်ကာတရားဟောရန် ပြင် ပါတော့သည်။
တရားပွဲမစမီ အရင် ဆုံးငါးပါး သီလ ပေးပါသည်။သူတစ်ပါး အသက်အား သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ အရှင်ဘုရား........................................................................................................................စသဖြင့် အစဆုံး ရွတ်ဆိုစဉ်မှာပင်လူ့အခွင့်ရေးအလေးထားသူ အမျိုးသမီးကြီးမှ မတ်တပ်ထရပ်လိုက်ပါလေတော့ သည်။
အားလုံးလဲ ဘာရယ်မသိ လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။အကြည့်အားလုံးကထိုအမျိုးသမီး ကြီးထံ သို့ စုပြုံ ရောက်ရှိသွားစဉ်မှာပင်" ဘုန်းဘုန်း ဘုရား ဘုန်းဘုန်းရဲ့ ငါးပါးသီလ ထဲက တစ်ချို့ထဲသော အချက် လက်တွေ ကို တပည့်တော်မ ကန့်ကွက်ပါတယ်ဘုရား။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ လူ့အခွင့်ရေးနဲ့ မကိုက်ညီလို့ပါ။ " ဟု ပြောလိုက်လေသည်။
လူအုပ်ကြီးမှသက်ပြင်းချသံများထွက်ပေါ်လာပြီးဘုန်းဘုန်းလဲမျက်လုံးပြူးသွားရရှာသည်။" ဟမ် . . . ဘာလို့လဲ ဒကာမကြီးရဲ့ ဘယ်အချက်လက်တွေကများ နိုင်ငံတကာ လူ့အခွင့်ရေးနဲ့ မကိုက်ညီ ပါသလဲ။ "
"ဒီလိုပါ ဘုရား သေရည် သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ခိုင်းတယ် ဆိုရာမှာ နိုင်ငံတကာမှာက အရက် ဘီယာ အစရှိသည်တို့ကို အသက် (၁၈) နှစ်ပြည့်ရင် တရားဝင် သောက်သုံးခွင့်ပေးထားပါတယ်။ ဒီထဲမှာ ရှိနေတဲ့ သူတွေထဲမှာ အသက် (၁၈)နှစ်ပြည့်ပြီးသားတွေအများ ကြီး ပါပါတယ်။
ဒီတော့ ဒီလူတွေကို သေရည် သေရက် ရှောင်ကြဉ်ရမယ်လို့ဘုန်းဘုန်းတားမြစ်နေတာက နိုင်ငံတကာ လူ့အခွင့်ရေး နဲ့ မညီပါဘူး ဘုရား။သူတို့သောက်သုံးချင်ရင်သောက်သုံးသင့်ပါတယ်။ ဘုန်းဘုန်း မတားသင့်ပါဘူး။
နောက်ပြီးတော့ ကာမေသု မိစ္ဆာ ဆိုတဲ့ နေရာမှာ ဘုန်းဘုန်းဆိုလိုတာက ကိုယ့်ဇနီးမယား မဟုတ်တဲ့သူတွေ နဲ့ လိင်မဆက်ဆံရ သလို ဖြစ်နေပါတယ်။
အချို့ သော အမတ်မင်းများဟာ ဆိုရင်ဖြင့် ကိုယ့်ဇနီး မယားမဟုတ်တောင် မှ ပြည့်ပြည့်စုံစုံ ကောင်းကောင်း မွန်မွန် လိင်ဆက်ဆံလို့ရအောင် ပြည့်တန်ဆာ ဥပေဒေတွေတောင်မှ လွှတ်တော်မှာ တင်သွင်းနေပါ တယ် ဘုရား။နောက်ပြီးတော့ နိုင်ငံတကာမှာ တရားဝင် မယူဘဲနဲ့ living together အဖြစ်နဲ့ ကလေးတွေရသည်ထိ လိင်ဆက်ဆံ နေခွင့်ရှိပါတယ်။
ဒီတော့ ကိုယ့်ဇနီး မယား မဟုတ်ဘဲနဲ့ တခြားသူနဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခိုင်းတာဟာ နိုင်ငံတကာ လူ့အခွင့်ရေး နဲ့ မညီဘူးပါဘူး ဘုရား"
ထို့နောက် . . . . . ................................................
ထို့နောက် ...............................................
ထို့နောက် ......................................................
ထို အမျိုးသမီး ကြီးကား အထက်ပါ ကဲ့သို့ ချက်နှင့် လက်နှင့် ပြည့်ပြည့်စုံစုံ ပြောပြပြီး ပြန်ထိုင် သွားလေတော့ သည်။
ဆရာတော်လေးသည်ကား ငါးပါးသီလကို ဆက်ပေးရကောင်းနိုးနိုး၊ တရားပွဲကိုဆက်ဟောရ ကောင်းနိုးနိုးနှင့် တခွန်းသော စကားကို ရေရွတ်လိုက်ပါတော့သည်။
ဒုက္ခပါပဲ ဒကာမကြီးရာ ။
(စာကြွင်း ။ ။ အဲသလိုတွေဆို မခက်ကြ ပေဘူးလား။ )
( Just imaginary postFrom my friend's idea.) စိတ်ကူးသာ လျှင် ဖြစ်ပါတယ်။
credit to ကွန်းဇော် အညာမြေ။
Like · Share
အမျိုးအစာ
ပညာပေးဆောင်းပါး
Subscribe to:
Post Comments (Atom)
လူ့အခွင့်အရေးဆိုတာဘာလဲ ဘယ်သူတွေကဘယ်လို
ReplyDeleteအခြေအနေမှာဘယ်လိုသတ်မှတ်တာလဲ ဘယ်သူ့အတွက်လဲ
ဘယ်သူ့ဘက်ကကြည့်ပြီးဆုံးဖြတ်တဲ့လူ့အခွင့်အရေးလဲဘာတွေလဲ
လူတစ်စုရဲ့လူ့အခွင့်အရေးဟာတစ်ခြားလူတစ်စုကိုလာပြီးထိခိုက်နေရင်ရော
ဘယ်လိုလုပ်မလဲ နိုင်ငံတိုင်းဟာကိုယ့်အမျိုးဘာသာသာ
သနာကိုဦးစားပေးတယ် ဒါကိုထိခိုက်လာမယ်ဆိုရင်
ကိုယ်တို့ရဲ့လူ့အခွင့်အရေးကိုထိခိုက်တာပဲ ဒါမြန်မာနိုင်ငံ
ဖြစ်တယ်ဆိုရင်ဘယ်သူတွေရဲ့လွှမ်းမိုးမှု့ကြောင့်ဖြစ်ဖြစ်လူမျိုးခြားကိုအပေး
အယူလုပ်စရာမလိုပါဘူး မြန်မာတွေပိုင်တဲ့ပစ္စည်းဖြစ်တဲ့
မြန်မာနိုင်ငံရဲ့ကိစ္စတိုင်းကိုမြန်မာတွေပဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဒါဟာမြန်မာ
တွေရဲ့လူ့အခွင့်အရေးပဲ ငါတို့ဘယ်နိုင်ငံမှသွားပြီး
မြန်မာ့အခွင့်အရေးဆိုပြီးမတောင်းဆိုဘူးပါဘူးတို့ဆီမှာလည်းလာမလုပ်နဲ့
လက်မခံဘူးမကောင်းဘူးထင်ရင်မနေနဲ့ဘယ်သူမှမတားဘူးဘယ်သူ့အား
ကိုးနဲ့မှလည်းဖိအားလာမပေးနဲ့မင်းတို့နိုင်ငံမဟုတ်ဘူးဒါပဲ
မြန်မာနဲ့ခွေးဝဲစားကုလားများ ဘယ်လိုမှ မဟပ်စပ်ပါ။ မြန်မာပြည်မှာမြန်မာမျိုးစေ့ပဲ စိုက်ပျိုးပေါက်ရောက်ရပေမည်။တခြား ဘာမျိုးစေ့ပဲကျကျ ရှင်းလင်းရမည့် တာဝန်ဟာ မြန်ပြည်သားတိုင်းမှာရှိသည်။အထူးသဖြင့် ကုလားများဟာ သရေပေါ်အိပ်သရေနားစား အရိပ်နေနေ အခက်ချိုးချိုးအကျင့်ဆိုးနဲ့ ဉာဏ်များတဲ့ သတ္တဝါတွေ။သူတို့ရှိနေတာ မြွေပွေးခါးပိုက် ပိုက်ထားသလို အရမ်းအန္တရာယ်များပါတယ်။
ReplyDeleteကောင်းလိုက်တဲ့ ဥပမာလေးပါပဲ
ReplyDelete