Pages

Friday 21 June 2013

ကျားတွေဝိုင်း




ခုခေတ်တွင် ခုကာလ ဗုဒ္ဓတဲ့ဘာသာ
ကိုယ့်ဘုရား၊ ကိုယ့်သာသနာယုံကြည်တာ လွန်နည်း။
အနှစ်မဆောင် အကျင့်ရှောင်
ယောင်တောင်တောင် လုပ်ကြသည်ပဲ။

လူ့ဝိနည်း အခြေမခံ အပေါ်ယံလွန်ကဲ
အကျင့်တွေ ဗလပွာကျဲလို့ တကတည်းခက်နေ
လောင်းစိတ်ဓါတ် သတ္တိခဲမရှိပဲ ညံ့ကြလေပြီလေ
ကိုယ့်အမျိုး ကိုယ့်တိုင်းပြည်မှာ
မျိုးခြားတွေ တိုးပွားက
ကိုးစားသည့် သာသနာပင် ပျောက်လိမ့်အလျင်
ယခုတင်က မပြုပြင်လျှင်
ဒုက္ခနွံတွင် နစ်ကြပါလိမ့်လေး။

ကျားတွေဝိုင်းတဲ့ နွားရိုင်းအသွင်
သတိယှဉ်ကာ စဉ်းစားပါတော့လေး။
ဘာသာပျက်လို့ လူမျိုးပျောက်လျှင်
အခက်နောင်တွင် ကြီးမားပါလိမ့်လေး။

နောင်အခက်မကြုံအောင် ဘက်စုံက ကြိုးစားကြပါစို့...
အမျိုးဘာသာ သာသနာ ချစ်မြတ်နိုးသူအပေါင်း သူတော်ကောင်းတို့ ..


ဦးနရပတိ ဆရာတော်

2 comments:

  1. ဆရာတော့်ကဗျာကိုသဘောကျမိပါတယ်

    ReplyDelete
    Replies
    1. ဒေါ်စု အားမွေးဖွားပေးခဲ့သော
      မြန်မာလူမျိုး ဗုဒ္ဓဘာသာကိုသာ သက်ဝင်ယုံကြည်သော
      မိဘနှစ်ပါး ဒီနိုင်ငံရဲ့ ခေါင်းဆောင် အာဇာနည်
      ကြီးကို သနားမိပါတယ်

      Delete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်