Monday, 13 May 2013
ဆိုင်ကလုန်းမုန်တိုင်း MAHASEN လမ်းကြောင်း မြောက်ဘက်သို့ ထပ်မံရွေ့ 
By mmweather.ygn, on May 14th, 2013
ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် ယနေ့ နံနက် မြန်မာစံတော်ချိန် ဝဝ၃ဝ နာရီမှ စတင်၍ မြောက်ဘက် သို့  ဦးတည်ရွေ့ လျားပြီး မြန်မာ စံတော်ချိန် နံနက် ၀၆၃ဝ နာရီတွင် အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့  အရှေ့ ဘက် မိုင် ၃၄ဝ ခန့် ၊ မြန်မာနိုင်ငံ ကျောက်ဖြူမြို့  အနောက်တောင်ဘက် မိုင် ၆၇ဝ ခန့် ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် ၇၃၅ မိုင်ခန့် အကွာ ဘင်္ဂလား အော်ပင်လယ်ပြင်သို့  ရောက်ရှိ ဗဟိုပြု နေပါသည်။
ဆိုင်ကလုန်း MAHASEN ၏ ဗဟို ဖိအားနှင့် လေတိုက်နှုန်းတို့  ပြောင်းလဲလာခြင်း မရှိသေးကြောင်း တွေ့ ရသော်လည်း လမ်းကြောင်း အနေအထား မြောက်ဘက် သို့  ရောက်ရှိသွားကာ (ပုံ – ၁) မုန်တိုင်း ဗဟိုသည် မေလ ၁၇ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း၊ Barisal Division ၏ မြစ်ဝဒေသ (စစ်တကောင်းမြို့ အနောက်ဘက် မိုင် ၇ဝ ခန့် (ပုံ – ၂) တွင် ကြည့်ပါ) ကို ဖြတ်ကျော် ဝင်ရောက်ပြီး၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြောက်ပိုင်းမှ တစ်ဆင့် မဏိပူရပြည်နယ်သို့  ကုန်းတွင်း မုန်တိုင်းအဖြစ် ဆက်လက် ရွေ့လျားမည် ဖြစ်ကြောင်း JTWC Warning #15 (မြန်မာစံတော် ချိန် နံနက် ဝ၃၃ဝ နာရီ)တွင် ဖေါ်ပြထား ပါသည်။
မုန်တိုင်း အရှေ့ မြောက်ဘက်သို့  ချိုးကွေ့ နိုင်မည်ဖြစ်ကြောင်း ခန့် မှန်းချက်များ ရှိနေသဖြင့် အရှေ့ မြောက်ဘက် သို့  ချိုးကွေ့ ပြီးသည့် အခါ ပြောင်းလဲ လာဦးမည့် ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏ လမ်းကြောင်း အခြေအနေကို ထပ်မံ တင်ပြပေးပါမည်။
ဆိုင်ကလုန်းမုန်တိုင်း 01B MAHASEN
14 May 2013 0000Z
Location: 13.7 85.3
Winds: 50 knots
Central Pressure: 985 hP
အမျိုးအစာ
သတင်းထုတ်ပြန်ချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်