Pages

Tuesday, 7 May 2013

ပြည်တွင်း ဆူပူမှုသာမက နိုင်ငံ၏ ပြည်ပ ဆက်ဆံရေးကိုပါ ထိခိုက်စေနိုင်သည့် အရေးအသားများကြောင့် Eleven မီဒီယာအား တရုတ်သံရုံးမှ ကန့်ကွက်

မေလ ၁ ရက်နေ့က အစမ်းထုတ်ဝေတဲ့ The Daily Eleven သတင်းမှာ ဖော်ပြခဲ့တဲ့ ၀ ကို တရုတ်နိုင်ငံကနေ စစ်ရ ဟတ်ယာဉ် ပေးပို့တဲ့ သတင်းကို ၀ ဘက်က ငြင်းဆိုတဲ့ သတင်းနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး က Elveven Media Group ကို ပြင်းပြင်း ထန်ထန် မကျေနပ်ကြောင်း မေလ ၇ ရက်နေ့ မှာ ကြေညာချက် ထုတ် ပြန် လိုက် ပါတယ်။ 
 
တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ သက်ဆိုင်ရာ သတင်းဟာ မှန်ကန်ခြင်း မရှိတဲ့အပြင်စာဖတ် သူ များကို အထင်လွဲစေပြီး မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ တရုတ်ရဲ့ ကြိုးပမ်းမှုကို ထိခိုက်စေတယ်လို့ ဖော်ပြ ထားပါတယ်။ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေတည်တံ့ရေး ကို လေးစား ပြီး မြန်မာ နိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်တက်ကြွကြွ ကူညီထောက်ပံ့တဲ့ မူဝါဒကို ကျင့်သုံး ဆောင်ရွက် နေ တယ်လို့ ရေးသားထားပါတယ်။ 
 
တရုတ်မြန်မာ နယ်စပ်ဒေသ တည်ငြိမ် ရေး နဲ့ အေးချမ်းရေးကို ထိမ်းသိမ်းရေး အ ကောင်အထည် ဖော်နိုင်ဖို့ အမြဲတမ်း ရပ်တည် တိုက်တွန်းကြောင်း လည်း တရုတ်သံရုံးရဲ့ မြန်မာပြန်ဆိုချက်မှာ ဖော်ပြ ထားပါတယ်။ 
( DVB)

အစိုးရ အဖွဲ့ဝင်များနှင့် တပ်မတော်အပေါ် အညှိုးအတေးဖြင့် မီဒီယာစည်းကမ်းမဲ့စွာ ဖော်ပြတတ်သည့် Eleven မီဒီယာ၏ ရေးသားချက်များအား တရုတ်သံရုံးမှ ကန့်ကွက်သတိပေးခဲ့သည်။ Eleven မီဒီယာ သည်   ပြည်တွင်း ဆူပူမှုများ ဖြစ်စေသည်ကို ဂရုမစိုက်ကြောင်း၊ ဂျာနယ်ရောင်းရဖို့သာ ဂရုစိုက်ကြောင်းကို လည်း ဧရာဝတီ သတင်းတွင် Eleven အယ်ဒီတာ ဝေဖြိုး၏ ပြောဆိုချက် များအရ ပြည်သူ အများ သိရှိပြီးဖြစ်သည်။

ထိုသို့ စည်းကမ်းအကျင့်သိက္ခာမဲ့သည့် Eleven မီဒီယာသည် ပဋိပက္ခများမှ လူထုအုံကြွမှုဖြစ်စေရန် ချဲ့ကား   ဖော်ပြခြင်း၊ တရုတ်သံရုံးမှ မဟုတ်မှန် ကြောင်း ရှင်းလင်းထားသည့် နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားစေ သည့် လက်နက်ကိစ္စများကို ဖော်ပြခြင်း တို့ ကို ဆက်တိုက် ပြုလုပ်ခဲ့သည်။

ထိုဖော်ပြချက်အား Eleven မီဒီယာမှ တုန့်ပြန်ရာတွင် ၄င်းတို့ မီဒီယာနောက်ခံ စီးပွားရေး လုပ်ငန်းကြီးများမှ ၀င်ရောက်လုပ်ကိုင်ရန် ရည်ရွယ်ထားသည့် တရုတ်စီးပွားရေး လုပ်ငန်းများ ကို ပြန်လည်တိုက်ခိုက် ရေးသား ခဲ့ သည်။
 

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်