Monday, 6 May 2013
Eleven ဒေါက်တာကြီးနှင့် ခေတ်သစ် ငရမန်ကန်း ပုံပြင်
ငရမန်ကန်း ဆိုသည်နှင့် ပုဂံခေတ် သမိုင်းကြောင်းမှ စောလူးမင်း ကို သတိရမိကြပေမည်။ နို့စို့ဖက် ဖြစ်သည့် အတွက် မြို့စားနယ်စား အပိုင်ပေးထားသည်။ အရက်သောက်ရင်း ကြွေအံကစားရာမှ ငါကွဆိုပြီး လက်ခမောင်း ခတ်သည့် အခါ အစွမ်းရှိလျှင် ပုန်ကန်လေ ဆိုပြီး မင်းဖြစ်သူက စိန်ခေါ်ခဲ့သည်။ ယနေ့ Eleven ဒေါက်တာကြီး နှင့် စပ်ဆိုင်သည့် သမိုင်းကြောင်းကလည်း ထိုအတိုင်းသာပင်။
ဒေါက်တာကြီးသည် အမျိုးအဆွေကောင်းမှုကြောင့် ယခင် ပါဝါရှိသူများ အကြား ပလဲနံပ သင့်သူဖြစ်သည်။ ဂျာ နယ် တစ် စောင် ထုတ်ဝေခွင့် ရဖို့ အခက်အခဲ မျိုးစုံ ရှိချိန်တွင် အကပ်ကောင်းသဖြင့် အခွင့်အရေး ရသည်။ လာဘ် ပေး သည်။ အခွင့်အရေးယူသည်။ တစ်နေ့သော အခါတွင်တော့ စောလူးမင်းနှင့် ငရမန်ကန်း ကြွေအံ ကစား သကဲ့ သို့ အခြေအနေ ဖြစ်လာသည်။
KTV မာဆက် လောင်းကစား အပျော်မက်သည့် ဒေါက်တာကြီးမှာ ရရှိလာသည့် ငွေကြေးများ ၊အသစ် ခင် မင်လာသည့် အ ပေါင်း အသင်းများကြောင့် ယခင် လာဘ်ထိုး၊ကပ်ဖား ခဲ့သူများကို ဂရုမစိုက်တော့။ Eleven ဆိုတာ ဘာဆိုတာ ပြနိုင်ရန် အတွက် ကောင်မလေး တစ်ယောက်ကို တုံးလုံးချွတ်ကာ ဂျာနယ်တင်ပြီး ဓာတ်ပုံ ရိုက်ကာ လက်ခ မောင်းခတ်သည်။ ထိုပုံများ အင်တာနက်ပေါ်သို့ အရောက်၊ လက်ခမောင်း ခတ်သည့် ဒေါက်တာကြီး အကြိမ်းခံ ရတော့သည်။ ထိုသို့ အဆင့်အတန်း မရှိသည့် အလုပ် မလုပ်ရန်၊ မင်းဂျာနယ်ပေါ်မှာ အဲလို မဟုတ်က ဟုတ်က ပုံမျိုး တစ်ပုံပါတာနဲ့ ဂျာနယ် အပိတ်ခံရမည်ဟု သတိပေးခံရသည်။
ဒေါက်တာကြီးမှာ မကျေနပ်။ အဲလိုပုံတော့ မတင်ဘူး။ တရားဝင် ဘောင်ထဲက ခင်ဗျားတို့ကို ရေးရင် လက်ခံမ လားဟု စိန်ခေါ်သည်။ တစ်ခေတ်တစ်ခါမို့ အစွမ်းရှိရင် လုပ်လေဟု ဆိုကာ ယခင် ပါဝါပိုင်များက လည်း အကြောမခံခဲ့။ အားကစား ဂျာနယ်လုပ်သည့် Eleven ၏ စာမျက်နှာထက်မှ လောင်းကစားကို ဥပဒေအရ နှိပ်ကွပ်သည်။ ဒေါက်တာကြီး အထိနာ၏။ သို့သော် ဒေါက်တာကြီး အတွက် ကံကောင်း သည်မှာကား အုပ်ချုပ် သူများ ပြောင်းလဲယုံမက၊ ပေါ်လ စီများ၊ နိုင်ငံရေး ပုံသဏ္ဍာန်များ လုံးဝ ပြောင်းလဲ သွားခြင်း ပင်။
ထို့အတူ ဒေါက်တာကြီးနှင့် စိန်ခေါ်ခဲ့သူများလည်း နယ်ပယ်အသီးသီး သို့ ရောက်ကုန်သည်။ ထိုသူများနှင့် ခင်မင်သည့် လွှတ်တော် အမတ်များကိုလည်း အခွင့်ရတိုင်း တွယ်သည်။ ထိုသူများနှင့် ရင်းနှီးသည့် တပ်မတော် အပေါ် လည်း ရလျှင်ရသလို အပုပ်ချသည်။ တိုက်ဆိုင်စွာဖြင့် ကားတင်သွင်းခွင့် ကိစ္စနှင့် ပတ်သက်ပြီး သိန်း ထောင်နှင့် ချီကာ ဒေါက်တာကြီး အထိနာ၏။ နောက်ကွယ်မှ တောင်းပန်နည်း၊ လာဘ်ပေးနည်း၊ ခြိမ်းခြောက် နည်း မျိုးစုံသုံးပြီး ပြောင်းလဲနိုင်မလား ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့။
ခေတ်သစ် ငရမန်ကန်း အစွမ်းကုန် ပေါက်ကွဲတော့သည်။ ထိုအထဲတွင်မှ ဒေါက်တာ ဆိတ်ဖွား၊ Myanmar Express တို့မှ ငယ်ကျိုးငယ်နာများ၊ အပုပ်အစင် မကင်းသည်များကို ဖော်ပြသည်။ ဒေါက်တာကြီး လုံးဝ သည်းမခံနိုင်တော့။ ထိုအကြောင်းအရာများကို သိသူသည် သူနှင့် စိန်ခေါ်ခဲ့သူများသာ ဖြစ်သည်ဟု တစ်ထစ်ချ မှတ်ယူ၏။ မဲမဲမြင်ရာ ဆော်၏။ ထိုသူများ အားလုံးကို မည်သည့်နည်းဖြင့် ထိခိုက်သည် ဖြစ်စေ ဂရုမစိုက် တော့။ အစိုးရ အဖွဲ့၊ တပ်မတော် ခေါင်းဆောင်၊ ပါတီလူကြီးများ မရှောင်တော့ပဲ ငရမန်ကန်း ရမ်းလေသည်။
သို့သော် စောလူးမင်းနှင့် ငရမန်ကန်း သမိုင်းတွင် ကျန်စစ်သား ပါသည်ကို ခေတ်သစ် ငရမန်ကန်းကြီး မေ့လျော့ နေသည်။ စောလူးမင်းအား ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း ကိုယ့်ကို ပြန်မယုံသည့် အခါတွင်တော့ စောလူးမင်းကို ပစ်ချခဲ့သည်။ ပစ်ချခဲ့သည့် စောလူးမင်းကို ငရမန်ကန်း သတ်သည်။ ထိုနောက်တွင်တော့ ငရမန်ကန်း သေရမည် ဖြစ်သည်။
ယနေ့ ခေတ်သစ် ငရမန်ကန်း ပုံပြင်ကား မပြီးသေးပါ။ သို့သော်…မုဆိုးငစဥ့် မြှားသွေးနေလေပြီ။
Oppositeyes
အမျိုးအစာ
ဆောင်းပါး
Subscribe to:
Post Comments (Atom)
ကောင်းတယ်
ReplyDeleteဒီတိုင်းပြည်အမှိုက်ကောင်ကို
ထင်းခွေမကြုံ ရေခပ်ကြုံလို့ကတော့
မျက်နှာစေ့စေ့ကြည့် နာမည်မေးပြီး
ပေါ်တင်ကြီးကို ရိုက်ပစ်ချင်နေတာဗျ။
သောက်မြင်ကတ်တာထက် ရွံစရာကောင်းလွန်းလို့။
( အညာဖိုက်တာ )