ကျနော် လူ့အခွင့်အရေးနဲ့ ပါတ်သတ်ပြီးတော့ များများစားစားမဟုတ်ရင်တောင်မှ တော်ရုံသင့်ရုံလေ့လာ ဖူးပါတယ်။ လူ့အခွင့်အရေး၊ ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးဆိုပါတော့။ ဒီအထဲမှာ လူ့အခွင့်အရေးနဲ့ ပါတ်သတ်လို့ နိုင်ငံအလိုက်
ခွဲခြားထားတာရှိပါတယ်။ လူအခွင့်အရေး အချက် (၃၀)၊ ကလေးအခွင့်အရေး
အချက်(၄၀)၊ အမျိုးသမီးအခွင့်အရေး အချက် (၁၆)ချက်ရှိကို ၁၉၄၈ ခုနှစ်
၊ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ညီလာခံအစည်းအဝေးကြီးက
လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ပြဌာန်းပေးလိုက်ပါတယ်။
လူ့အခွင့်အရေး
ပေါ်ပေါက်လာဖို့အတွက် ဥရောပနိုင်ငံတွေ၊ အမေရိကလို နိုင်ငံတွေမှာ
အသားရောင်ခွဲခြားမှု၊ လူတန်းစားခွဲခြားမှုတွေကြောင
်း
ပေါ်ပေါက်လာရတယ်ဆိုရင် မမှားပါဘူး။ စကားချပ်အနေနဲ့ တောင်အာဖရိက နိုင်ငံမှာ
ကလေးအခွင့်အရေး အချက် (၄၅)ဆိုပြီးတော့ ပြဌာန်းထားတယ်။ ကမ္ဘာမှာ အကောင်းဆုံး
အခွင့်အရေးဆိုပါတော့။ အင်ဂိုလာနိုင်ငံမှာ အချက် (၄၅)ကျော် ပြဌာန်းထားတယ်။
အဲဒီလိုပဲ သူ့နိုင်ငံနဲ့ သူ ပြဌာန်းထားတာပါ။ လူ့အခွင့်အရေးဆိုတာ
ဥပဒေမဟုတ်ဘူး။ လေးစားဖို့ပဲ လိုတယ်။
နောက်တစ်ချက်က
လူ့အခွင့်အရေးဆိုတာ နယ်နမိတ်ရှိပါတယ်။ ဧရိယာရှိပါတယ်။ သူ့နိုင်ငံနဲ့
သူဇာတ်ဆိုတာရှိပါတယ်။ သူအိမ်ထဲမှာ ထုတ်ပြန်ထားတာကို အပြင်ကလူ
စွက်ဖက်လို့မရသလိုပေါ့။ သတ်မှတ်ချက်ရှိပါတယ်။ လူ့အခွင့်အရေးကို
လေးစားပါတယ်ဆိုတဲ့ ထိုင်းမှာ နေထိုင်ဖူးသူတိုင်း သံဒေါက်မှု
(တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု)နဲ့
အဖမ်းခံရရင် (၄၅)ရက် ထောင်ကျပါတယ်။ တစ်ခါတလေ ရက်ပေါင်း (၅၀)ကျော်ချင်ရင်
ကျော်သွားတတ်ပါတယ်။ ဒုက္ခသည်စခန်းတွေမှာဆိုရင် သံဆူးကြိုးပတ်လည်
ဝိုင်းရံပြီးတော့ လူတွေကို အပြင်ကို ထွက်ချင်လို့ ထွက်လို့မရပါဘူး။
အထဲမှာပဲ နေနေရတယ်။ အဲဒီအခါမျိုးမှာ လူ့အခွင့်ရေးဆိုတာ ဘယ်အနားကို
ရောက်နေမှန်းမသိပါ။
ဒီပြင် မလေးရှားမှာလည်း အော်ပရာစီနဲ့ အဖမ်းခံရရင်
ကြိမ်ဒဏ်ပေးပါတယ်။ ပြည်နှင်ဒဏ်ပေးပါတယ်။ အဲဒီမှာ လူ့အခွင့်အရေး ဘယ်အနားကို
ရောက်နေပါသလဲ။ စင်္ကာပူဆိုရင် တရားဝင်နေထိုင်မှုကြောင်း အဖမ်းခံရတာနဲ့
ကြိမ်ဒဏ်ခံရလို့ ဖင်မှာ အသားမဲဒဏ်ရာတွေနဲ့ အခုထိအောင် ကျနော်တို့
မြန်မာတွေရှိနေပါသေးတယ်။
ဒါကြောင်း လူ့အခွင့်အရေးဆိုတာ နယ်နမိတ်
သတ်မှတ်ချက်ရှိပါတယ်။ တိုက်ဆိုင်လို့ အမေရိကန်လို နိုင်ငံမျိုးမှာ
သမ္မတဟောင်း ဘုရှ်လက်ထက်တုန်း တာလီဘန် အစွန်ရောက်တွေကို အပြစ်ပေးတာနဲ့
ပါတ်သတ်ပြီး အငြိုကြီးတယ် လူ့အခွင့်အရေးမရှိဘူးဆိုပြီး
အော်လိုက်ကြတာ ဘုရှ်က “ လူ့အခွင့်အရေးဆိုတာ နိုင်ငံရှိသူတွေအတွက်သာ
ထိုက်တန်ပါတယ်။ နိုင်ငံမဲ့တွေအတွက် မလိုအပ်ပါဘူး။”ဆိုပြီး ပြောသွားလေရဲ့။
အဲဒီတုန်းက လူ့အခွင့်အရေးလို့ အော်နေသူတွေ ဘယ်ချောင်ကို သွားလို့
သွားအိပ်နေမှန်းမသိတော့ပါ။
နောက်တစ်ချက် လူ့အခွင့်အရေးနဲ့
ပါတ်သတ်ပြီးတော့ မြန်မာပြည်သူတွေ ဘယ်လောက် လူ့အခွင့်အရေးကို
ခံစားရပြီးပြီလဲ။ ၂၀၁၀ ခုနှစ် က စပြီး ဒီမိုရေစီနိုင်ငံပြောင်းသွားပြီးဆိုကြပါစို့။
၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်နေတာ နေ့တိုင်းရှိတယ်။
ကချင်နဲ့ ကရင်ပြည်နယ်လို့ တိုက်ပွဲမျိုးမှာ လူ့အခွင့်အရေး
ဘယ်ချောင်းမှာသွားအိပ်နေပါသလဲ။
သေနပ်ကိုင် တိုက်ပွဲကြားမှာ လူ့အခွင့်အရေးသည် စာရွက် တစ်ရွက်သာသာလောက်သာ
ရှိပါသည်ကို လက်ခံပါမည်လား။ အပေါ်ဖား၊ အောက်ဖိ လုပ်နေတဲ့
ဒီအချိန်အခါမျိုးမှာ လူ့အခွင့်ရေးကို ပြောဖို့ အချိန်မတန်သေးပါဘူးလို့
ကျနော်ထင်ပါတယ်။
လူ့အခွင့်အရေးတွက်တောင်းဆိုဖို့အတွက်
အကြမ်းဖက်ခံရမှုရှိမှ တောင်းဆိုလို့ရပါတယ်။ ဒါပေမယ် တောင်းဆိုဖို့အတွက်
တောင်းဆိုလောက်အောင် အုပ်ချုပ်ရေးမှုမျိုးလည်း လိုအပ်ပါတယ်။ အကြမ်းဖက်
ခံရမှု နည်း(၅)နည်းရှိပါတယ်။
(၁) စိတ်ပိုင်းဆိုင်ရာ၊
(၂) ရုပ်ပိုင်းဆိုင်ရာ၊
(၃) လိင်ပိုင်းဆိုင်ရာ၊
(၄) စီးပွါးရေးဆိုင်ရာနဲ့
(၅) ရိုးရာဓလေ့ဆိုင်ရာပါ။
ဒေသတရအမိန့်ဆိုတာ သူ့အိမ်မှာ သူ့စည်းကမ်းကို ထုတ်တာပါ။
၁၉၈၂ ခုနှစ် ဥပဒေကို အကောင် အထည်ဖော်ဆောင်ပြီးမှ တရားဝင်သူတွေကို
နိုင်ငံသားပေး၊ နိုင်ငံသားတစ်ယောက် ခံစားခွင့် မဲပေးခွင့် စတွေတော့
ပေးလိုက်ပါ။ တရားမ၀င်သူတွေကိုတော့ တရားမ၀င်သလို လ၀က ဥပဒေအတိုင်း
ဆောင်ရွက်ပါ။ ဒီလို သဲသဲကွဲကွဲဖြစ်သွားတဲ့ အချိန်မှာ လူ့အခွင့်အရေးဆိုတာကို
ပြောလို့လည်း ရပါပြီ။ ပေးလို့ရပါပြီ။ ဒါပေမယ် တန်းတူရေးဆိုတာရှိပါသေးတယ်။ တိုင်းရင်းသားအခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးကိုတော့ မရောလိုက်ပါနဲ့။ အခုလောလောဆယ်အချိန်မှာ လူ့အခွင့်အရေးကို ပြောဖို့ထက် နိုင်ငံတော် အေးချမ်းမှုနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင် တွန်းတင်ကြပါအုံ။ ဒီမိုကရေစီဖွံ့ဖြိုးလာတဲ့ တစ်နေ့ လူ့အခွင့်အရေးဆိုတာကြီး သူအလိုလို နောက်က လိုက်သွားပါလိမ်မယ်။
အခုအချိန်မှာတော့ လူ့အခွင့်အရေးသည် အသုံးချနေသောအရာလောက်သာ ဖြစ်ပါသည်။
လူ့အခွင့်အရေးကို အသုံးချပြီးတော့ တိုင်းရင်းသားဖြစ်မှု၊
နိုင်ငံသားဖြစ်မှုတို့အတွက် အားဓမ္မတိုးဝှေ့တိုက်ပွဲဝင်နေကြသည်။
အဲဒီတိုက်ပွဲဟာ လူ့အခွင့်အရေးခြုံ တိုက်ပွဲဆိုသည်ကို ခေါင်းဆောင်တိုင်း
သတိထားသင့်ပါသည်။ လူ့အခွင့်အရေးသည် NGO, INGO တို့၏ အသနားခံ
အလှူခံအသံမျိုးတွင် အသုံးတည့်တတ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်ခံနေရပါတယ် သနားကြပါလို့ တောင်းဆိုတဲ့ NGO တွေရဲ့ သတင်းတွေကို အွင်းလိုင်းမှာ နေ့စဉ်အမျှဖတ်ရှုရပါတယ်။
ဒါကြောင်း ခေါင်းဆောင်တစ်ယောက်ရဲ့ စကားတစ်ခွန်ကြောင်း ဘ၀ပေါင်းများစွာ
စတေးပေးလိုက်ရသည့် အဖြစ်မျိုးတော့ အရောက်မခံစေချင်ပါ။ ကြမ်းကျွံရင်
နှုတ်လို့ရပါတယ်။ စကားကျွံရင်တော့ နှုတ်လို့မရပါ။ ဒါကြောင်း စကား စကား
ပြောပါများ စကားထဲက ဇာတိပြဆိုသလိုမျိုးလည်း မဖြစ်စေချင်ပါတယ်။
ကျနော်တို့တတွေရဲ့ ယုံကြည်လေးစားမှုကိုလည်း စကားတစ်ခွန်ကြောင်း
မပျက်စီစေချင်ပါတယ်။ လူထုခေါင်းဆောင်ဆိုရင် လူထု ခံစားချက်ကိုတော့
အသိအမှတ်ပြုစေချင်ပါတယ်။
လေးစားစွာဖြင့်
ဝေဟင်အောင်
(ဒီမိုကရေနိုင်ငံတိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါသည်)
Wai Hun Aung ၏ Facebook Wall ပေါ်မှ ကူးယူဖော်ပြပါသည်။
မှတ်သားဖို့ကောင်းပါတယ်။
ReplyDelete