Pages

Wednesday, 15 May 2013

ဆိုင်ကလုန်းမဟာစင်ကြောင့် သီရီလင်္ကာတွင် လူ ၈ ဦး သေဆုံး


Thursday, May 16, 2013

သီရိလင်္ကာနိုင်ငံမှာ မဟာစင် ဆိုင်ကလုန်း မုန်တိုင်း ဒီနေ့ ၀င်ရောက်တိုက်
ခတ်သွားတာကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ
သွားတယ်လို့ သီရိလင်္ကာ အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်းကြောင့် မိုးသက်လေပြင်းတွေ ကျရောက်ပြီး မြေပြိုကျမှုတွေလည်း
ဖြစ်ပွားခဲ့ပြီး မိသားစုပေါင်း ၃၀၀၀ နီးပါး၊ လူပေါင်း ၁၁,၀၀၀ ကျော် မုန်တိုင်းဒဏ်ခံခဲ့ရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

သီရိလင်္ကာ သဘာဝဘေး စီမံရေးဌာန ပြောရေးဆိုခွင့်ရှိသူ လယ်ဆာရတ်
ကုမာရက မုန်တိုင်းဟာ လာမယ့်ရက် အနည်းငယ်အတွင်း အားပျော့သွား
လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။

“နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းကို ဆိုးဆိုးရွားရွားဝင်ရောက် တိုက်ခတ်
သွားတဲ့ ဆိုင်ကလုန်းဒဏ်ခံရမှုဟာ လျော့ပါးသွားပါပြီ။ ဆိုင်ကလုန်းဟာ အခုဆိုရင် သီရိလင်္ကာ ကမ်းရိုးတမ်းကနေ ကီလိုမီတာ ၁၀၀၀ (၆၂၁ မိုင်ကျော်) လောက် အဝေးကို ရောက်ရှိသွားပြီး နောက်ရက်ပိုင်းအတွင်းမှာ အခြေအနေ သက်သာသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ လယ်ဆာရတ်
ကုမာရက ပြောပါတယ်။

သီရိလင်္ကာ မိုးဇလဌာနကတော့ မဟာစင် ဆိုင်ကလုန်း ဗဟိုချက်ဟာ
နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းက ပေါ့တူဗီလ်မြို့ရဲ့ ၉၀၀ ကီလိုမီတာ(၅၅၉ မိုင်ကျော်) လောက်မှာ ရှိတယ်လို့ ပြောပါတယ်။ ဒီမုန်တိုင်းဟာ ရက်ပိုင်း
အတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်သွားဖို့ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

DVB

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်