Pages

Friday 31 May 2013

ကန်စွန်းရွက်ခူးစဉ် ဗုံးသီးနှင့်ခဲယမ်းများတွေ့ရှိ




နေပြည်တော်၊ မေ ၃၁

၃၀-၅-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်၊ နယ်မြေ(၆)နေ ကျော်ဆန်းဦး သည် ကွေ့ကြီးရပ်၊ အနောက်ဘက်ကန်၏ရှေ့ဘက် ဗိုလ်ချုပ်လမ်းဘေး ကန်စပ်တွင် ကန်စွန်းရွက်ဆင်း ခူးစဉ် ရေအောက်မှ အထုပ်တစ်ထုပ်အားတက်နင်းမိသဖြင့် ဖွင့်ကြည့်ရာမှ ပလတ်စတစ်အမဲရောင်ဖြင့် ထုပ် ထားသည့် လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဆံ ၁၇ တောင့်၊ ဟန်းဆက် ၁ လုံးတို့အားတွေ့ရှိကြောင်း အကြောင်းကြား ချက်အရ မုံရွာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်နယ်မြေခံ တပ်မှ တပ်မတော်သားများ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ တရုတ်နိုင်ငံလုပ် ၉၁ ဗုံးသီး ၂ လုံး၊ ဖြူးစ်မပါ ၅.၅၆ ကျည် ၁၇ တောင့်နှင့် ဆင်းကဒ်ပါ/ဘက္ထရီ မပါသည့် နိုကီရာအမျိုးအစား ခဲရောင် ဟန်းဆက် ၁ လုံးတို့ဖြစ်ကြောင်းသိရှိရသဖြင့် ဗုံးသီးနှင့် ခဲယမ်းများအား နယ်မြေခံတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး နိုကီရာဟန်းဆက်အား ရဲစခန်း တွင်သိမ်းဆည်းထားကြောင်း သတင်း ရရှိသည်။

Source: မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဇာနည် facebook


Thway Thit Sar

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်