Pages

Friday, 24 May 2013

အမျိုးသားရေး ၉၆၉ စိတ်ဓာတ်ရှိသူ (သို့မဟုတ်) ဗုဒ္ဓဘာသာဝင်တိုင်း အားပေးသင့်တဲ့ ဇော်ဆေးတိုက်နှင့် ဟိုတယ်


 ဆေးရုံနဲ့ ဟော်တယ်က ကပ်ရပ်(ဒူးလမ်းခြား)ပါ။ ဟော်တယ်အပေါ်ဆုံးထပ်မှာ ပုံမှာတွေ့မြင်ရတဲ့အတိုင်း ဘုရားကျောင်းဆောင် ရုပ်ပွားတော် လှူထားတာပါ။


ဗုဒ္ဓဘာသာဝင်တိုင်း မိမိ၏ ရွေးချယ်မှုဖြင့် ဘာသာအကျိုးသယ်ပိုးနိုင်ကြပါစေ။ဆရာတို့လို လှူနိုင်တန်းနိုင် သူများလည်း များများပေါ်ထွန်းပါစေ။


ဇော်ဆေးတိုက်က ဖွင့်မည့် ဟိုတယ်ပါ။ဟိုတယ်ကို လာတည်းသည့် ဗုဒ္ဓဘာသာဝင်တွေ အတွက် တရားစခန်းပုံစံ မျိုးလည်း ဖွင့်ပေးဖို့ အစီအစဉ်ရှိပါတယ်။ အရက်၊ဆေးလိပ်၊အပျော်အပါး၊ဥပဒေနဲ့မလွတ်ကင်းတဲ့ကိစ္စအားလုံးနဲ့ အညှီအဟောက်ကိစ္စတွေ လက်မခံဘဲ မိသားစုနဲ့ အေးအေးဆေးဆေးအနားယူ အပန်းဖြေ ဘာသာရေးလုပ်နိုင်ဖို့ စီစဉ်ထားတဲ့ မိတ္ထီလာမြို့ရဲ့ ပထမဆုံး အထပ်မြင့်(၈ထပ်)ဟော်တယ်ပါ။ဟော်တယ်က ရှေ့လမှာ စဖွင့်မှာပါ။


ပိုင်ရှင်ဒေါက်တာခင်မောင်မြင့်နဲ့ ဗိုလ်ကြီးမမဒေါ်ခင်စိန်တို့ဟာ အလှူရေစက်လက်နဲ့မကွာ၊လှူဒါန်း သာသနာပြုနေ တဲ့ ၉၆၉ ဗုဒ္ဓဘာသာဝင် စုံတွဲပါ။ ဇော်ဆေးခန်းမိသားစုကောင်းမှုဆိုပြီး လစဉ် ဝန်ထမ်းတွေနဲ့အတူ ဘိုးဘွားရိပ်သာ ၊မျက်မမြင်ကျောင်း၊မိဘမဲ့ပရဟိတကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း လှူဒါန်းပါတယ်။ဝန်ဇင်း(စည်းခုံကြီး) ဘုန်းတော်ကြီးပညာသင်ကျောင်းမှာလည်း ဗုဒ္ဓဟူးနေ့တိုင်း အပတ်စဉ်တိုင်း ကျောင်းသားလေးတွေကို အဟာရ ကျွေးမွေးပြီး စာရေးကိရိယာနဲ့ သင်ထောက်ကူပစ္စည်းတွေ လှူပါတယ်။
 
 အဲဒီ့ဘုန်းကြီးကျောင်းမှာလည်း ကျောင်းထိုင်ဆရာတော်ဦးစီးဖွင့်ထားတဲ့ "မေတ္တာရေကြည်" အခမဲ့ ပရဟိတ ဆေးခန်းမှာလည်း ဆေးဝါးအကူအညီ၊ဝန်ထမ်းအကူအညီ ငွေအား၊လူအား စိုက်ထုတ်လှူဒါန်းနေသူပါ။ ဝန်ဇင်းရပ်ရှိ သူ့နေအိမ်ရှေ့လမ်းထဲမှာလည်း နှစ်စဉ် ဝါတွင်း၊ဝါပ မြို့လုံးကျွတ်သံဃာ အာရုဏ်ဆွမ်းလောင်းရင် လမ်းထဲက ဆွမ်းလောင်းချင်တဲ့အိမ်တွေကို အလှည့်ကျ သူ့ငွေကြေးစိုက်ထုတ်ပြီး ကိုယ်တိုင်ကိုယ် ကျ လောင်း လှူစေတယ်။


မြတ်မင်္ဂလာစာစောင်မှာ ဒေါက်တာခင်မောင်မြင့်နဲ့ interview ဖော်ပြခဲ့ဖူးပါတယ်။ သူဟာ ရဟန်း၊သီလရှင် ဆရာလေး နဲ့ ယောဂီမှန်သမျှကို စေတနာနဲ့၊ အခကြးငွေမယူဘဲ ကုသပေးနေတဲ့ စေတနာ ဆရာဝန်တစ်ယောက် ဆိုတာ မိတ္ထီလာသားတိုင်းသိပါတယ်။


ဆက်သွယ်စုံစမ်းရန်-

ဇော်ဆေးတိုက် ဖုန်း၊၀၆၄-၂၅၉၉၅

Dr.ခင်မောင်မြင့် - ၀၉၄၀၂၅၄၀၆၃၈

ဗိုလ်ကြီးဒေါ်ခင်စိန်- ၀၉၅၀၆၀၈၃၄။
 
 M.N.M.C

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်