မြတ်စွာဘုရားဟာ သတ္တ၀ါအပေါင်းကို သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ဖို့ အဓိကထားပြီး
ဟောကြားတော်မူခဲ့ပါသည်။ ဒါပေမယ့် မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေဟာ လိုက်နာကျင့်သုံးတတ် သူတိုင်း လောကုတ္တရာရေးရာသာမက လောကီရေးကိစ္စတွေမှာလည်း များစွာအကျိုရှိပါတယ်။
သာဓက အနေနဲ့ ထုတ်ပြရမယ်ဆိုရင် စတုက္ကနိပါတ် ပုစိန္ဒဇာတ်တော်မှာ......
``သေကၤယ် သကၤ ီတဗၺာနိ၊ ရေကၡယ်ာ နာဂတံ ဘယံ။
အနာဂတဘယာမီရော ဥဘော လောကေ အ၀က္ခေတိ။´´ ဆိုသည့် ဂါထာလေးဟာ ခုရောနောင်ပါ နှစ်ဖြာသော လောကအကျိုးကို မျှော်ကိုးပြီး ကြိုတင်စိုးရိမ်ကာ ဆင်ခြင်ပြုလုပ်သင့်ကြောင်း ညွှန်ကြားတော် မူခဲ့ပါတယ်၊ ပညာရှိပုဂ္ဂိုလ်ကြီးများဟာ ဂါထာရဲ့ သဘောအဓိပ္ပါယ်ကိုနွယ်ပြီး အောက်ပါအရေးကိစ္စများကို သတိပေးခဲ့ကြပါတယ်။
၂။ ကြွေးမြီးကလေးများကို မထီမဲ့မြင် မပြုဘဲ လျှင်မြန်စွာ ရှင်းလင်းသင့်ပါတယ်။
၃။မီးကြွင်းမီးကျန်များကို အနည်းငယ်လေးပဲလို့ အမှတ်မဲ့မေ့လျော့ပေါ့ဆခြင်းမရှိဘဲ အမြန်ဖယ်ရှား မီးငြိမ်းသက်ရပါမယ်။
၎။ရန်ငြိုးတစ်စုံတစ်ရာရှိလာလျင် ပေါ့လျော့မနေဘဲ သတိပြုဂရုစိုက်ကာ တစ်နည်းနည်းဖြင့် ဖျောက်ပျက်အောင်ကြိုးစားပြီး ရှင်းလင်းရပါမယ့်။မပြောပလောက်တဲ့ ရန်းစကလေးက တဖြည့်းဖြည်းကြီးလာတတ်တာကို ကြိုတင်စိုးရိမ်ရပါမယ့်။
၅။ရောဂါတစ်စုံတစ်ရာ ကပ်ရောက်လာပြီးဆိုရင် အရေးမကြီးပါ။ ကိစ္စမရှိပါဆိုပြီး ဂရုမပြု အလေးမထားခြင်း မလုပ်ဘဲ ရောဂါနုစဉ်ကတည်က အမြန်ပျောက်ကင်းအောင် ကုစားရပါ့မယ်။
၆။မိမိတို့အမျိုးသား အမျိုးသမီးများ သိုက်မြိုက်အေးချမ်းစွာနေထိုင်တဲ့ နိုင်ငံတွင်းသို့ အမျိုးမတူဘာသာမတူတဲ့ လူမျိုးကွဲးများ အတည်တကျ နေထိုင်ကြရန် ၀င်ရောက်လာပါက ပေါ့လျော့စွာ မနေဘဲ အရေးယူ ကာကွယ်မှုများ ပြုလုပ်ရပါမယ့်။ နိုင်ငံခြားမှ ဇာတ်မတူဘဲ လူမျိုးကွဲတွေ တစ်စ တစ်စ ကြီးပွားပေါးများ လာရင် တိုင်းရင်းသားများကို လွှမ်းမိုးဝါးမျိုသွားနိုင်ပါတယ်။
၇။မိမိတို့ ကိုးကွယ်တဲ့ သာသနာကို ထိခိုက်နှောက်ယှက်လာတဲ့ သာသနာတစ်မျိုး ၀င်လာရင်လျှင်မြန်စွာ ဖယ်ရှင်းနိုင်အောင် ပြုလုပ်ရပါ့မယ်၊ အဲဒီ ပုဂ္ဂိုလ်တို့ ဓလေ့ထုံးတမ်းများ တွင်ကျယ်လာရင် မိမိတို့ ကိုးကွယ်တဲ့ ဘာသာသာသနာမျယး ညှိုးမှိန်ပျက်စီးသွားတတ်ပါတယ်။
၈။မိမိတို့ဆိုင်တဲ့မြေကွက်များ မဆိုင်သူများ ၀င်လာရင် လျှင်မြန်စွာ ဖယ်ရှားပစ်သင့်ပါတယ်၊အနေကြာလာတဲ့ အခါ မြေရှင်ကို တော်လှန် ဒုက္ခပေးတတ်ပါတယ်။
၉။ မိမိတို့ သားသမီး တူသားမောင်မယ်များ မကောင်းတဲ့အမူအကျင့် အပြောအဆို အနေအထိုင်များ တွေ့မြင်သော် မိရိုးဖလာ ယဉ်ကျေးမှုများကို သင်ကြားပြုပြင်ပေးပြီး အကျင့်ဆိုးများ အမြစ်မတွယ်ခင် လိမ္မာရေးခြားရှိအောင် ကြိုတင်ကြံဆ စိုးရိမ်ရမည့် အရေးကိစ္စများကို သတိပေးထားရာ လောကီအရေးတွေမှာလည်း အလွန်အကျိုးကြီးမားကြောင်း တင်ပြလိုက်ရပါတယ်။ ။
မြတ်မင်္ဂလာစာစောင်
၂၀၀၀-ပြည့်နှစ်၊ အောက်တိုဘာ
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်