Pages

Tuesday, 28 May 2013

“လားရှိုး အဓိကရုဏ်း”

ယနေ့ 28.5.2013- ညနေ (၄း၅၀)မှာ မူဆလင် ကိုနေဝင်းဆိုသူက ဒေါ်အေးဝင်း(၃၈)နှစ်ကို ဓာတ်ဆီပက်မီးရှို့ ပစ်လိုက်လို့ မြို့လူထုက ကိုနေဝင်းကို ဖမ်းပြီး ရဲစခန်းပို့လိုက်ပါတယ်။ဒေါ်အေးဝင်းကို ဆေးရုံအရေးပေါ် ဌာနသို့ ပို့ထားပါတယ်။ညနေ(၆း၀၀)နာရီကျော်မှာ ရဲစခန်းရှေ့ လူစုလူဝေးနဲ့ ကိုနေဝင်းကို ထုတ်ပေးဖို့ တောင်းဆို ကြပါ တယ် ။ ကိုနေဝင်းက ကျိုင်းတုံကလာသည့် ဧည့်သည်ဖြစ်ပြီး၊ တည်းခိုခန်းတစ်ခုမှာ တည်းတယ်လို့ သိရပါတယ်။









မှတ်ပုံတင်အရ မူဆလင်ဟု သိရပြီး၊ ပန်ချာပီမဟုတ်ကြောင်း၊ မြို့ခံတွေက အတည်ပြုကြပါတယ်။
ည(၇း၀၀)နာရီကျော်မှာ မြို့မဗလီနှင့် ဟံသာဝတီလမ်းမှ ကုန်မာဆိုင်တစ်ဆိုင်တို့ မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။ သမ္မတရုံးဝန်ကြီးများ၊ ပြည်ထဲရေးဌာန၊ လားရှိုးတိုင်းမှူးတို့ ကိုယ်တိုင်ကြီးကြပ် ကွပ်ကဲ လုံခြုံရေးချပြီး၊ ထိန်းသိမ်းနေတယ်လို့ သိရပြီး၊ အခြေအနေအားလုံးကို ညတွင်းချင်း တည်ငြိမ်အောင် ထိန်းနိုင်လောက်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ဒေါ်အေးဝင်း သေဆုံးသည့်သတင်း မမှန်ပါဘူး။ ဆေးကုသဆဲဖြစ်ပါတယ်။
မနေ့က ၂၇-၅-၂၀၁၃-ည (၈း၀၀)နာရီမှာ ကျူခုံစောင့် ကောင်လေး မောင်ဆန်းဝင်းကို ကျူခုံမဖွင့်လို့-ဆိုကာ မူဆလင်ငါးယောက်က ရန်လုပ်ကြလို့ ကျူခုံဖွင့်ပေးခဲ့ပေမယ့် ကျူခုံထဲအရောက်မှာ မူဆလင်ငါးယောက်က ဝိုင်းဝန်းထိုးကြိတ်ကြလို့ ဗမာကောင်လေး မောင်ဆန်းဝင်း ဆေးရုံတက်နေရပါတယ်။
မောင်ဆန်းဝင်းဖြစ်ပြီး နောက်နေ့ ဒေါ်အေးဝင်းဖြစ်တာဆိုတော့ ပြဿနာကို တမင်ဖန်တီးနေကြတာလားဆိုတာ တွေးစရာဖြစ်နေပါတယ်။
ဗမာတွေ အကြမ်းဖက်တုန့်ပြန်ရင် ထောင်ချောက်ထဲရောက်သွားနိုင်လို့ ဆင်ခြင်ကြဖို့ မြို့သံဃာနှင့် ရပ်ဖိရပ်ဖများက မေတ္တာရပ်ခံနေကြောင်း သိရပါတယ်။
စုံစမ်းရန်=
082-23304 (အမှတ်-၁ ရဲစခန်း)
082-23009 (ပြည်နယ်ရဲတပ်ဖွဲ့)
082-23078 (ရဲမှူး)
09-403768595 (ဦးအကုၤရ)
09-73056077 (ဦးခေမာ)

1 comment:

  1. နတ်ဆို3း0 May 2013 at 23:04

    နေဝင်းဆိုတဲ့ခွေးမသားကိုသေဒဏ်ချသင့်တယ်

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်