ကျိုင်းတုံမြို့မှ အစ္စလာမ်ဘာသာဝင် မောင်နေဝင်း(၄၂)သည် အခင်းဖြစ်ပွားမည့်နေ့ ၂၈-၅-၂၀၁၃-ရက်နေ့ နံက်(၈း၀၀)နာရီ အချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၈) နယ်မြေ(၁၅) နယ်မြေမှူး၏ သမီး မအေးဝင်း(၂၉) ပိုင်ဆိုင်သော ဆီဆိုင်နား၌ အထုပ်ကြီးနှင့် ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက် လုပ်နေပါ သည်ဟု ဆီရောင်းသူ မမြတ်အိဖြူက ပြောပါသည်။ ညနေ (၄း၉၀)မိနစ်တွင် မအေးဝင်း(၂၉)သည် မူဆယ်မှ ခင်ပွန်းသည် ပို့ လိုက်သော လေထိုးတံကို စစ်ဆေးရန် ဆီဆိုင်ရှိရာသို့ ဦးတည်လာစဉ် မောင်နေဝင်းသည် ပုဆိုးဝတ်ထားရာ မှ ဘောင်းဘီလဲလိုက်သည်ဟု ဆီရောင်းသူ မမြတ်အိဖြူက ပြောပါသည်။
ထိုစဉ်
ဆီရောင်းသူ မမြတ်အိဖြူက “ဆီတွေနဲ့ လောင်းနေပြီ၊ ဆီတွေနဲ့လောင်းနေပြီ”ဟု
အော်ပါသည်။ ထိုသို့ အော်ရာ ဆီဆိုင်အနီးရှိ ကားဘော်ဒီဆိုင်မှ
မောင်တင်မိုးမင်း ထွက်လာပြီး၊ မောင်တင်မိုးမင်းက လိုက်ဖို့ကြည့်လိုက်တော့
ကားရှုပ်နေတာနဲ့ ခဏစောင့်ပြီး လမ်းကူးသွားတော့ လမ်းကြားထဲတွင်
မအေးဝင်း (၂၉)အား မတွေ့တော့ပါ-ဟု မောင်တင်မိုးမင်းက ပြောပါသည်။
မအေးဝင်း(၂၉)သည် ဦးဘိုအေး ဝက်ရှော့ အိမ်ထဲသို့ ဝင်းပြေးသွားပြီး
အဖွားဒေါ်အေးရီအား လူတစ်ယောက် ဓာတ်ဆီနဲ့လိုက်လောင်းနေသည် မိမိ၏ အမေအား
ဖုန်းဆက်ပေးရန် ပြောပါသည်။ အဖွားက “နင့် အမေ ဖုန်းနံပါတ်မှ မသိတာ”ဟု
ပြန်ပြောပါသည်။
ထိုစဉ် မောင်နေဝင်းရောက်လာ၍ မအေးဝင်း၏ အင်္ကျီကို ဆွဲကာ
လက်ကျန်ဆီတစ်ဝက်ကျော်ကို ခေါင်း မှ လောင်းထည့်လိုက်ပါသည်။ အဖွားက မလုပ်နဲ့ဟု
ပြောပြီး ခွဲရာ မောင်နေဝင်းက အဖွားအား တွန်းလိုက်ပါသည်။ အဖွားလဲကျသွားစဉ်
မအေးဝင်းအား မီးခြစ်ဖြင့် မီးရှို့ပါသည်။ မအေးဝင်းသည် တစ်ကိုယ်လုံး
မီးလောင်းသွားပြီး၊ အိမ်ထဲသို့ ပြေးဝင်သွားရာ အဖွားက ငြိမ်းသတ်ပေးသော်လည်း
မရ၊ အဖွားရော မအေးဝင်းပါ အိမ်ပြင်သို့ လိမ့်ကျ သွားသောကြောင့် မီးမှာ
အနည်းငယ်ငြိမ်းသွားပါသည်။
ထိုအချိန်တွင် ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ရောက်လာပြီး ဆက်လက် ငြိမ်းသတ်လိုက်ကာ မီးရှို့ သူ မောင်နေဝင်းအား မောင်တင်မိုးမင်းနှင့်အတူ အနီးအနားမှ လူအများနှင့် လိုက်လံဖမ်းဆီးပါသည်ဟု မအေးဝင်း ၏ ညီမဖြစ်သူ မခင်ဝင်းရီက ပြောပါသည်။
မီးရှို့သူ မောင်နေဝင်းအား ဒေသခံပြည်သူများမှ ဝိုင်းဝန်းရိုက်နက်ကြစဉ် မောင်နေဝင်းက “င့ါကို သတ်ချင် သတ်လိုက်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက် သတ်ရရင် ကြေနပ်တယ်”ဆိုပြီး ပြောတော့ မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက ခြေထောက်ဖြင့် မျက်နှာကို ကန်လိုက်သည်ဟု ကာယကံရှင် မိသားစုမှ မချွန်မချန် ဖြစ်ရပ်မှန်ကို ဖွင့်ဟပြောဆိုပါသည်။
သတင်းအမှန်အတိုင်း ဖြစ်စေလိုကြောင်း ဂျာနယ်များ အင်တာနက်များတွင် မအေးဝင်းက ဆီရောင်းသည် ဟု ပြောဆိုခြင်း၊ မအေးဝင်း(၂၉)နှစ်သည် မောင်နေဝင်း(၄၀)နှစ် အစ္စလမ်ဘာသာဝင်၏ ဇနီးဟု ပြောဆိုခြင်း တို့သည် ကာယကံရှင်မိသားစုမှ လုံးဝလက်မခံနိုင်ကြောင်း သတင်းအမှန်ဖြစ်စေရန် မချွန်းမချန် မအေးဝင်း (၂၉)နှစ်၏ ညီမ မခင်းဝင်းရီ၊ မမြတ်အိဖြူ၊ မောင်တင်မိုးမင်း၊ ဦးကိုကိုဝင်း အဖွား ဒေါ်အေးရီတို့မှ ပြောဆိုပါသည်။
ဆက်သွယ် စုံစမ်းရန်=
မခင်းဝင်းရီ 09-403725028
ဦးကိုကိုဝင်း 09-5351222
မောင်တင်မိုးမင်း 09-36034146
မခင်းဝင်းရီ 09-403725028
ဦးကိုကိုဝင်း 09-5351222
မောင်တင်မိုးမင်း 09-36034146

No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်