စစ်တကောင်း တောင်တန်းဒေသရှိ ဘင်္ဂလားဒေ့ရှ် အခြေစိုက်နေထိုင်လာသူများ(ဘာသာပြန် အပိုင်း ၁)
ဘင်္ဂလားဒေ့ရှ်ဆိုတာ အရင်က ရခိုင်/ဗမာ/သက် အစရှိတဲ့ အနွယ်တွေရဲ့ ဒေသပါ -
အသားမည်း ခိုလာ လူမျိုးများ လွှမ်းမိုးလာရာက တစ်ဖန် မူစလင်ဘာသာပါ ရောက်လာပြီး
ဒီနေ့ မြင်တွေ့ရတဲ့ အခြေအနေ ကို ရောက်သွားတာပါပဲ -
ဟုတ်မဟုတ် သိချင်ရင်
ဖတ်ကြည့်ပါ - နောက်ဆုံး လက်ကျန် တိုင်းရင်းသားများ ရှိရာ
စစ်တကောင်းတောင် တန်းဒေသ ကို ဘယ်လို နယ်ချဲ့ခဲ့သလဲ - ဘယ်တုန်းကလဲ ဆိုတာ
တွေ့ပါလိမ့်မယ် -အခု အဲဒီလှိုင်းကြီး ဒီရက်ပိုင်းအတွင်း
ထပ်ဖြစ်လာမှာကို ဘင်္ဂလားဒေ့ရှ်က တိုင်းရင်းသားများ စိုးရိမ်နေကြတယ်လို့
သတင်းများ တွေ့နေရပါတယ် -
(ဂျန ဆမ်ဟာတီ ဆာမီတီ စာစောင်များတွင် ဘင်္ဂလားဒေ့ရှ် မူစလင် ကျူးကျော်သူများ
အဖြစ် BMI ဟုလည်း သိကြသော) ဘင်္ဂလားဒေ့ရှ် အခြေစိုက်နေထိုင်လာသူများမှာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြေပြန့်ခရိုင်များမှ ဘင်္ဂလီစကားပြော မြေယာမဲ့
မူစလင်များဖြစ်ကြပြီး အများစုမှာ စစ်တကောင်း၊ နိုအာခါလီ၊ ကုမ္ဘီလာ၊ သျှီလက်
ခရိုင်များမှ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် စစ်တပ်သည် ဆင်းရဲသော
ဘင်္ဂလားဒေ့ရှ်သား မိသားစုများအား ငွေနှင့် စစ်တကောင်းတောင်တန်းဒေသ (CHT)တွင်
မြေလွတ် ရစေမည်ဟူသော ကတိဖြင့် ဖျားယောင်းကြ၏။ တကယ့်ရည်ရွယ်ချက်မှာ
စစ်တကောင်းတောင်တန်းဒေသရှိ ဂျမ်မာများထက် (ဘင်္ဂလီများက)
လူပိုများသွားစေရန်ဖြစ်ပြီး၊ ၎င်းတို့အား သူတို့၏ ဘိုးဘွားပိုင်မြေပေါ်မှ
မောင်းထုတ်ပစ်ရန်ဖြစ်သည်။
Bangladeshi Settlers in the CHT
The Bangladeshi Settlers (also known as BMI for Bangladeshi Muslim
Infiltrators by the Jana Samhati Samiti publications) are land less
Bengali speaking Muslims from the plain land districts of Bangladesh,
majority are from Chittagong, Noakhali, Comilla, Sylhet districts.
The Bangladesh Government and the Military lured the poor Bangladeshi
families with money and promise of empty land in the Chittagong Hill
Tracts (CHT). The real motive was to outnumber the Jummas in the CHT and
evict them from their traditional land.
၁။ ၁၉၀၀ ပြည့်နှစ် စစ်တကောင်း တောင်တန်းဒေသ အက်ဥပဒေကို ဖျက်သိမ်းခြင်း
(၁၉၆၄)ခုနှစ်တွင် အထူးအခွင့်အရေးကို ဖျက်သိမ်းပစ်လိုက်ခြင်းက
စစ်တကောင်းတောင်တန်းဒေသအား အပြင်လူများအတွက် ဖွင့်ပေးလိုက်ပေသည်။
ဘင်္ဂလီမူစလင် မိသားစုများသည် ဂျမ်မာတို့ ထိတ်လန့် ကုန်လောက်အောင်
လုံလောက်စွာများပြားသော အရေအတွက်ဖြင့် ထိုနေရာတွင် စတင် အခြေချကြလေ ရာ
ဤသည်မှာ သူတို့ပိုင် မြေပေါ်တွင် သူတို့ထက် လူဦးရေများပြားသွားစေရန်
ဆောင်ရွက်သည့် အစိုးရ၏ တရားဝင် မူဝါဒ ဖြစ်ကြောင်း ဂျမ်မာတို့ရိပ်မိလာကြသည်။
ဤ ထိတ်လန့်မှုအခြေအမြစ်အဖြစ် ကပ်တိုင်း ရေအားလျှပ်စစ်၊ ချန်ဒရာဂိုနာ စက္ကူ
စက် တို့ကဲ့သို့သော စက်မှုလုပ်ငန်းကြီးများကို ဘင်္ဂလီမူစလင်များ
စုံပြုံဝင်ရောက်လာမှုနှင့် တိုက်ဆိုင်စွာ စစ်တကောင်းတောင်တန်းဒေသတွင်
တည်ထောင်လာပြီး ပိုမိုကောင်းမွန်သော အလုပ်အကိုင်များကို ဘင်္ဂလီများအား
ပေးအပ်မှုကို မြင်နိုင်ပေသည်။
1. ABOLITION OF CHITTAGONG HILL TRACTS ACT 1900
The abolition of special status in 1964 opened up the Chittagong Hill
Tracts (CHT) to outsiders. Bengali Muslim families started settling
there in numbers large enough to alarm the Jummas, who felt that it was
official government policy to outnumber them on their own land. Grounds
for this fear could be seen in the industries like Kaptai hydroelectric
power station, Chandraghona paper mill whose founding in the CHT
coincided with the influx of Bengali Muslims who were given preferential
employment.
၂။ လျှို့ဝှက် အစည်းအဝေး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရှစ်နှစ်အကြာတွင် သမ္မတ ဇီယာရာမန်
သည် (၁၉၇၉)ခုနှစ် လယ်၌ လျှို့ဝှက်အစည်းအဝေးတစ်ခုကို ကြီးမှူးကျင်းပခဲ့ပြီး
ထိုအစည်းအဝေးတွင် နောင်နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်သား မိသားစု (၃၀၀၀၀၀) ကို
နေရာချထားပေးရန် ဆုံးဖြတ်ခဲ့သည်။ ထိုအစည်းအဝေး၏ အရေးပါမှုကို ဒုတိယ
ဝန်ကြီးချုပ် Jamaluddin ၊ ပြည်ထဲရေးဝန်ကြီး မူစတာဖာ ရာမန်၊ စစ်တကောင်း
တိုင်းမင်းကြီး နှင့် စစ်တကောင်းတောင်တန်းဒေသ အရေးပိုင်တို့ တက်ရောက်ခြင်းက
ပြသနေသည်။ တာကာ သန်း (၆၀) ပမာဏရှိသော ငွေကြေးကို စီမံချက်အတွက်
ချပေးခဲ့ပြီးထိုအစည်းအဝေး ၏ အကျိုးဆက်အဖြစ် အစိုးရအရာရှိများနှင့်
ဦးဆောင် အခြေချနေထိုင်သူ ဘင်္ဂလားဒေ့ရှ်သားများပါဝင်သော
လုပ်ငန်းကော်မီတီများကို ခရိုင် (District) နှင့် ဆပ်ဒီဝီဇံ (Sub Division)
အဆင့်တို့တွင် ဖွဲ့စည်းခဲ့သည်။ အရေးပိုင်က ခရိုင်ကော်မီတီကို ဦးဆောင်ပြီး
ဆပ်ဒီဝီဇံ အရာရှိများက ဆပ်ဒီဝီဇံ ကော်မီတီကို ဦးဆောင်သည်။
ကော်မီတီများသည် ဘင်္ဂလားဒေ့ရှ်သား အခြေချနေထိုင်သူတို့ အထဲမှ ကိုယ်စားလှယ်
(agent) များ ခန့်ထားကာ ၎င်းတို့အား စစ်တကောင်းတောင်တန်းဒေသတွင်
အခြေချနေထိုင်ရန် လိုလားသော မြေယာမဲ့ ဘင်္ဂလားဒေ့ရှ်သားများအား ဆက်သွယ်ရန်
တာဝန်ပေးသည်။
ထိုသို့သော လူများကို ရှာဖွေရန်မှာ မခက်ခဲလှဘဲ
အခြေချနေထိုင်မည့် မိသားစုတစ်စုလျှင် မြေငါးဧက၊ တာကာငွေ (၃၆၀၀) နှုန်း
ထောက်ပံ့မည့် အစိုးရစီမံချက်၏ ဆွဲဆောင်မှုဖြင့် (၁၉၈၀)ခုနှစ် ဖေဖော်ဝါရီလမှ
စ၍ ဆင်းရဲသား ဘင်္ဂလားဒေ့ရှ်သား မိသားစုများ တရပ်ကားများ အပြည့်ဖြင့်
စစ်တကောင်းတောင်တန်းဒေသသို့ သွန်ချလိုက်သလို ၀င်လာတော့သည်။ (၁၉၈၀)ခုနှစ်
ဇူလိုင်လက USAID ၏ အဆို အတိုင်း ဆိုလျှင် အစိုးရသည် ဤစီမံချက်၏
ပထမအဆင့်တွင် စစ်တကောင်းတောင်တန်းဒေသ၌ မြေပြန်မှ ဘင်္ဂလားဒေ့ရှ်သား
(၁၀၀၀၀၀)ကို ရွှေ့ပြောင်းနေရာချထားရန် ဆုံးဖြတ်ထားသည်ဟု ဆို၏။
2. SECRET MEETING
Eight years after the independence of Bangladesh, President Ziaur
Rahman presided at a secret, mid 1979 meeting during which it was
decided to settle 30,000 Bangladeshi families during the following year.
The importance of the meeting was emphasized by the attendance of
Deputy Prime Minister Jamaluddin, Home Minister Mustafizur Rahman, the
commissioner of the Chittagong division and the deputy commissioner of
the CHT. A sum of Taka 60 million was allocated to the scheme, but the
budget heading under which this state money was provided was not
disclosed. As a result of the meeting, implementation committees, made
up of government officers and leading Bangladeshi settlers, were formed
at district and sub divisional levels.
The district commissioner
headed the district committee and sub divisional officers the sub
divisional committees. The committees appointed agents from among the
Bangladeshi settlers and assigned them to contact land less Bangladeshis
willing to settle in the CHT. These were not hard to find and from
February 1980 truckloads of poor Bangladeshi families poured into the
CHT attracted by the government scheme to provide five acres of land,
Taka 3,600 to each new settler family. According to USAID in July 1980,
the government decided to resettle 100,000 Bangladeshis from the plains
in the CHT in the first phase of this scheme.
၃။ အစိုးရ အထောက်အပံ့ပြုသော လူရွှေ့ပြောင်းမှု
အစိုးရ၏ အမြင်မှကြည့်လျှင် အခြေချစီမံကိန်းသည် အစမှ စ၍ အောင်မြင်သည်။(၁၉၈၀) လောက် တွင် တိပူရနယ်ခြားဖြစ်သော ဖန်နီ (Feni) ချိုင့်ဝှမ်းတွင်
ဘင်္ဂလားဒေ့ရှ်သား မိသားစု (၁၈,၀၀၀)နှင့် Jumma မိသားစု အကြမ်းအားဖြင့်
(၁၅၀၀)ရှိသည်။ ယခုအခါ ပိုမို၍ပင် နည်းပါးသော Jumma လူမျိုးတို့သာ
ကျန်ရှိပြီး နေရာမှ ထွက်ခွာလိုစိတ်ပြင်းပြနေကြသည်။
စစ်တကောင်း
တောင်တန်းဒေသ မြောက်ပိုင်းရှိ Myani ချိုင့်ဝှမ်းတွင် တိုင်းရင်းသား
(၄၀,၀၀၀) နှင့် - အများစုမှာ (၁၉၈၀)ခုနှစ်အတွင်း
ရောက်ရှိလာကြသူများဖြစ်သည့် - ဘင်္ဂလားဒေ့ရှ်သား (၁၀,၀၀၀) ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်သား အခြေချနေထိုင်သူ မိသားစု (၁၅၀၀)ကို Chengi ချိုင့်ဝှမ်းဒေသက (၁၉၇၈)ခုနှစ်နှင့် (၁၉၈၀)အတွင်းတွင် လက်ခံခဲ့ရသည်။ထိုအချိန်လောက်တွင်ပင် ဘင်္ဂလားဒေ့ရှ်သား မိသားစု (၁၀၀၀)မှာ Kaptai တွင်
ရှိနေခဲ့ပြီး ရန်ဂါမတီ (Rangamati) ဆပ်ဒီဝီဇံနယ်တွင် မိသားစု (၅၀၀၀)
ရှိလာသည်အနက် Kalampati တစ်ခုတည်းတွင် မိသားစု (၃၅၀၀) အခြေချခဲ့သည်။
စစ်တကောင်းတောင်တန်းဒေသ၏ တောင်ဘက်ပိုင်းတွင် Lama ၌ ဘင်္ဂလားဒေ့ရှ်သား
မိသားစု (၃၀၀၀) ရှိပြီး Nakyangchari တွင် ပိုမိုများပြားသော အရေအတွက်
အခြေချကြသည်။ရန်ဂါမတီမြို့တွင် (၁၉၈၀)၌ Jammas တို့သည် လူဦးရေ၏ ၃၀ရာခိုင်နှုန်း ရှိသည်။
3. GOVERNMENT SPONSORED MIGRATION
From the government's viewpoint the settlement plan was successful from
the start. By 1980 the Feni valley which borders on Tripura contained
about 18,000 Bangladeshi families and roughly 1,500 Jumma families.
There are now even fewer Jumma people left and those who remain are
eager to leave. Myani valley in the northern part of the CHT contains
40,000 indigenous people and about 10,000 Bangladeshis, a large number
of whom arrived in the valley in 1980. In Chengi valley the Bangladeshi
settlements received 1,500 families between 1978 and 1980. By the same
date there were 1,000 Bangladeshi families at Kaptai and 5,000 families
in Rangamati sub-division of which 3,500 families alone settled at
Kalampati. In the southern part of the CHT, the Lama
<i>thana</i> had about 3,000 Bangladeshi families and even
more were settled at Nakyangchari. In Rangamati town, in 1980, the
Jummas were accounted for about 30 per cent of the population.
ဘင်္ဂလားဒေ့ရှ်အစိုးရသည် အစပိုင်းတွင် အခြေချစီမံကိန်း မရှိကြောင်း
ငြင်းပယ်သည်။ သို့သော် (၁၉၈၀)ခုနှစ် မေလတွင် အစိုးရက စစ်တကောင်း
တောင်တန်းဒေသဆိုင်ရာ မူဝါဒကို အတည်ပြုပြော ကြားပြီး အခြေချနေထိုင်သူများ
ယင်းသို့ ရွှေ့ပြောင်းမှုကို တက်ကြွစွာ အားပေးလာခဲ့သည်။
စစ်တကောင်း တိုင်းမင်းကြီးက အခြားခရိုင်များမှ အစိုးရ အရာရှိများထံ
ပေးပို့သော လျှို့ဝှက် စာတစ်ခုတွင် ဖော်ပြထား သည်မှာ - “အစိုးရ၏ သဘောဆန္ဒမှာ
သက်ဆိုင်ရာ ခရိုင်ဝန်များသည် ဤလုပ်ငန်းအပေါ် အမြင့်ဆုံး ဦးစားပေး ရမည်ဖြစ်ပြီး စီမံကိန်း အောင်မြင်အောင် ဆောင်ရွက်ရမည်။” - ဟူ၍ ဖြစ်သည်။
(၁၉၈၀) ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်မိသားစု (၂၅,၀၀၀)သည်
စစ်တကောင်းတောင်တန်းဒေသတွင် အခြေချကြသည်။ ထိုအချိန်၌ (၁၉၆၀)နှစ်များက
Kaptai ဆည် စီမံကိန်းကြောင့် ဖယ်ရှားခံရသည့် ထောင်ပေါင်းများစွာသော Jumma
မိသားစုများသည် ငွေကြေးသော်လည်းကောင်း မြေသော် လည်းကောင်း လျော်ကြေးရရန်
ကြိုးပမ်းနေကြတုန်းဖြစ်၏။
စီမံချက်၏ ဒုတိယအဆင့်တွင် မြေယာမဲ့ မိသားစု
တစ်စုသည် တောင်ပေါ်မြေ ငါးဧက သို့မဟုတ် ရောစပ်မြေ လေးဧက သို့မဟုတ် အစိုစိုက်
လယ်မြေ (၂.၅)ဧက ရရှိသည်။ တာကာ (၇၀၀)ရှိသော ကနဦး ထောက်ပံ့ငွေ
နှစ်ရပ်ကိုလည်း တစ်ပေါင်းတည်း ရရှိသည့်အပြင် တစ်လလျှင် တာကာ (၂၀၀)စီ
ငါးလကြာရရှိမည်ဖြစ်ပြီး တစ်ပတ်လျှင် ဂျုံ (၂၄)ပေါင်ကို ခြောက်လကြာရရှိမည်
ဖြစ်သည်။
(၁၉၈၂)ခုနှစ် ဇူလိုင်လတွင် ဘင်္ဂလားဒေ့ရှ်သား နေရာချထားမှု
တတိယအဆင့်ကို အတည်ပြုလိုက်ရာ ဤအဆင့်တွင် နောက်ထပ် ဘင်္ဂလားဒေ့ရှ်သား
(၂၅၀,၀၀၀)ကို စစ်တကောင်းတောင်တန်းဒေသ သို့ ရွှေ့ပြောင်းလိမ့်မည်ဖြစ်သည်။
The Bangladesh Government initially denied its settlement program,
however in May 1980 the government confirmed its policy towards the
Chittagong Hill Tracts and started actively to encourage settlers to
move there. A secret memorandum from the commissioner of the Chittagong
Division to government officials in other districts stated that it was
"the desire of the government that the concerned deputy commissioners
will give top priority to this work and make the program a success".
During 1980 some 25,000 Bangladeshi families were settled in the CHT. At
the same time thousands of Jumma families, dispossessed by the Kaptai
dam project in the early 1960s, were still attempting to get some kind
of monetary or land compensation. Under the second phase of the plan
each land less settler family received five acres of hill land or four
acres of mixed land or 2.5 acres of wet rice land. They also received
two initial grants of Taka 700 altogether, followed by Taka 200 per
month for five months and 24 lb. of wheat per week for six months. In
July 1982 a third phase of Bangladeshi settlement was authorized under
which a further 250,000 Bangladeshis were transferred to the area.
Jumma မြေကို လက်လွတ်အောင်ပြုခြင်း
ဘင်္ဂလားဒေ့ရှ်သား အခြေချသူများသည် ဘင်္ဂလားဒေ့ရှ် အုပ်ချုပ်ရေးဘက်၏
လုံးဝနီးပါး တစ်ဘက်လှည့်နှင့် မျက်နှာလွှဲထားမှုကြောင့် မြေကို
လွှမ်းမိုးထိန်းချုပ်နိုင်ရုံမျှမက တစ်ရွာလုံးကိုပင် လွှမ်းမိုးထိန်းချုပ်နိုင်ကြလေ သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြီးမားပြင်းထန်သော လူဦးရေဖိအားသည်
ယေဘုယျအားဖြင့် ရှိနေပြီး Jumma နယ်မြေသည် အလိုက်သင့် အလွယ်တကူ
ဖြစ်လျှက်ရှိသည်။ ဤလူရွှေ့ပြောင်းမှုအတွက် လိုက်လျော ရန်နှင့်
အားပေးအားမြှောက်ပြုရန် မကြာခဏဆိုသလို မျက်စောင်းထိုးခံရသည်မှာ စစ်တကောင်း
တောင်တန်းဒေသရှိ နည်းပါးသော လူဦးရေ သိပ်သည်းမှုပင် ဖြစ်တော့သည်။
4. DISPOSSESSION OF JUMMA LAND
The Bangladeshi settlers, with the connivance of the almost totally
Bangladeshi administration, have been able to take over land and even
whole villages. There is a severe population pressure on land in
Bangladesh generally and Jumma land had been regarded as readily
available. One excuse often given for allowing or encouraging this
immigration is the relatively low population density in the CHT.
အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှု အေဂျင်စီ
(ယူအက်စ်အေအိုင်ဒီ - USAID)က “စစ်တကောင်း တောင်တန်း ဒေသသည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြေပြန့်ဒေသထက်စာလျှင် လူဦးရေနည်းပါး သည်။ ဤသို့
လူဦးရေ သိပ်သည်းမှု ကွာခြားခြင်းကြောင့် လူဦးရေထူထပ်သော မြေပြန့်ဒေသမှ
တောင်ပေါ်ဒေသ သို့ ရွှေ့ပြောင်းဝင်ရောက်မှု ဖြစ်နေသည်မှာ
အချိန်အတန်ကြာခဲ့ပြီ။”ဟု မှတ်ချက်ချ ထားသည်။ (၁၉၆၇)ခုနှစ်တွင် ဒါကာမြို့က
ဆောင်ရွက်သော လေ့လာမှုတစ်ခုတွင် “ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ
အရင်းအမြစ်များကို ထည့်တွက်လျှင် တောင်တန်းဒေသသည် လူဦးရေ အသိပ်သည်းဆုံးသော
ခရိုင်အဖြစ် အကန့်အသတ်ရှိသည်။ ထို့ကြောင့်ပင် တောင်တန်းဒေသ၏
ဟာလာဟင်းလင်းဖြစ်မှုသည် ဒဏ္ဍာရီတစ်ခု သဖွယ်သာ ဖြစ်သည်။”ဟု နိဂုံးချုပ်
ကောက်ချက်ချထားသည်။
The United States Agency for International
Development (USAID) had noted that "the Chittagong Hill Tracts are
relatively less crowded than the plains of Bangladesh. Because of this
difference in population densities, there has for some time been a
migration from the crowded plains to the hills". In 1967, a study
commissioned by Dhaka, however concluded that "as far as its developed
resources are concerned, the hill tracts is as constrained as the most
thickly populated district... The emptiness of the hill tracts,
therefore is a myth".
သစ်တောကြိုးဝိုင်း ပြင်ပြမြေ၏ ၅ရာခိုင်နှုန်းသာလျှင် ဖိဖိစီးစီး သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအတွက်
သင့်တော် သည်။ တောင်တန်းဒေသတွင် လယ်စိုက်မြေ နည်းပါးသော်လည်း အစိုးရက
ထောင်ပေါင်း များစွာသော မြေယာမဲ့ ဘင်္ဂလားဒေ့ရှ်သားတို့အား ဆွဲဆောင်ရာတွင်
အောင်မြင်ခဲ့ပေသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မြေယာမဲ့ဖြစ်ရခြင်းမှာ
လုံးဝဥဿုံ ဆင်းရဲမွဲတေခြင်းနှင့် သူတစ်ပါးအား မှီခိုရခြင်းကို ဖြစ်စေ သည်။
အလုပ်အကိုင်တို့မှာ ရာသီအလိုက်သာ ဖြစ်ပြီး အာမခံချက်မရှိရုံသာမက လုပ်ခမှာ
အသက်ရှင်နိုင်ရုံ မျှသာ ဖြစ်သည်။ လယ်ယာလုပ်သားတစ်ဦးသည် အလုပ်ရှိသော
အချိန်တွင် တစ်နေ့လျှင် (၅)တာကာခန့် ရရှိပြီး တစ်နှစ်လျှင် ခြောက်လမျှ
အလုပ်လက်မဲ့ ဖြစ်နေလေ့ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကျေးလက်နေ လူဦးရေ
အများစုကြီးအတွက် အမြဲမပြတ်သော ဆင်းရဲတွင်းမှ လွတ်မြောက်ရန် မျှော်လင့်ချက်
မရှိ သလောက်ဖြစ်သည်။
Only 5 per cent of land outside forest reserves
is suitable for intensive field cropping. In spite of the shortage of
farming land in the tracts, the government has succeeded in attracting
many thousands of land less Bangladeshis. To be land less in Bangladesh
is to be absolutely poor and dependent. Jobs are seasonal, insecure, and
pay is enough for subsistence only. An agricultural labourer receives
about five Takas a day when he is working and is usually unemployed for
about six months of the year. For the overwhelming majority of
Bangladesh's rural population there is little hope to escape from
constant poverty.
အခြေချ စီမံကိန်းသည် မည်သည့် မြေယာမဲ့ သို့မဟုတ်
ဆင်းရဲသား ဘင်္ဂလားဒေ့ရှ်သား မိသားစုမဆို လျစ်လျှူရှုရန် မတတ်နိုင်သည့်
ကမ်းလှမ်းချက်ပင် ဖြစ်သည်။ မြေယာသည် ထွန်ယက်စိုက်ပျိုးရေးအတွက်
မကောင်းသော်လည်း ငွေကြေးနှင့် အစားအစာ ထောက်ပံ့မှုမှာ - ခြစားသော
အရာရှိများက ဖြတ်ခုတ်ကြစေ ကာမူ - ဆင်းရဲသော ဘင်္ဂလားဒေ့ရှ်သား
လယ်သမားများအတွက် ခြောက်လ သို့မဟုတ် ထို့ထက်ပို၍ ရှင်သန်ခွင့် ရသည့်
သဘောဖြစ်သည်။ စစ်တကောင်း တောင်တန်းဒေသသို့ ရွှေ့ပြောင်းသော ဘင်္ဂလားဒေ့ရှ် သား
လယ်သမားများမှာ အဓိကအားဖြင့် စစ်တကောင်း၊ နိုခါအလီ၊ ရှီလက်နှင့် ကုမ္ဘီလာ
မြေပြန့် ခရိုင်များမှ ဖြစ်ကြပြီး တောင်စောင်း စိုက်ပျိုးရေး အတွေ့အကြုံ
မရှိကြပေ။
The settlement plans offer an opportunity which no land
less or poor Bangladeshi family can ignore. The land however unarable,
and the money and food grants, however depleted by corrupt officials,
can mean survival for six months or more for poor Bangladeshi peasants.
The Bangladeshi peasants who move to the Chittagong Hill Tracts come
principally from the plains districts of Chittagong, Noakhali, Sylhet
and Comilla, and have no experience of hill slope cultivation.
သူတို့ကို ပေးထားသော မြေမှာအသက်မွေးဝမ်းကျောင်းပြု၍ မရမှန်းသိလာသောအခါ
Jumma တို့၏ ကိုယ်ပိုင်မြေကို ခိုးကြတော့သည်။ jumma လူမျိုးတို့
မြေယာလက်လွတ်ရခြင်း မှာ အကြောင်းအမျိုးမျိုးရှိပြီး ဆက်လက်၍လည်း
လက်လွတ်ခံနေရဆဲ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သား အခြေချသူတို့သည် နယ်မြေဧရိ ယာတစ်ခု
အတွင်းသို့ ၀င်ရောက်ပြီးလျှင် jumma အိမ်နီးချင်းတို့၏ မြေယာများကို
တဖြည်းဖြည်းချင်း ခိုးကြ၏။
When they find they cannot make a living
from the land they have been given they encroach on Jumma owned land.
There were various ways in which the Jumma people have been, and still
are being dispossessed of their lands. In many cases, Bangladeshi
settlers move into an area and gradually encroach on the lands of their
Jumma neighbours.
ပန်ချရီမှ သက်လူမျိုး ဒုက္ခသည်တစ်ဦးက အစပိုင်း လုပ်ဆောင်မှုအကြောင်းကို အောက်ပါ အတိုင်း ပြောပြ သည်။
“၁၉၈၀-၈၁ ခုနှစ်မှာ ဘင်္ဂလီတွေ ၀င်လာပါတယ်။ အစိုးရက သူတို့ကို ဆန်လိုမျိုး
ရာရှင်တွေ ပေးပြီး ပံ့ပိုးပါတယ်။ အခြေချလာသူတွေဟာ တောင်ပေါ်ဒေသကို
ရွှေ့လာပြီးတော့ ဘင်္ဂလားဒေ့ရှ် စစ်တပ် အကူ အညီနဲ့ Jumma (ဂျမ်မာ)လူမျိုးတွေကို
အတင်း ဖယ်ရှားပစ်တာပါပဲ။ ခရိုင်ဝန်က လာတော့ကြည့်ပါတယ်။ ပြီးတော့ ဒီနေရာဟာ
အခြေချလာသူတွေနဲ့ သင့်တော်တယ်၊ ဒါကြောင့် ဂျမ်မာလူမျိုးဟာ ဖယ်ကို
ဖယ်ပေးရမယ်။ ဖယ်ပေးပြီး လျော်ကြေးငွေ ယူကြလို့ ဆိုပါတယ်။ ဒါပေမဲ့
လက်တွေ့မှာ သူတို့ဘာငွေမျှ မရပါဘူး။ ပြန်လည်နေရာချထားပေးတာလဲ မခံရပါဘူး။
(၁၉၈၀)ခုနှစ်မှာ ဂျမ်မာ လူမျိုးတွေဟာ အစိုးရ အမိန့်နဲ့ ရွှေ့ပေးလိုက်ရပါတယ်။”
A Chakma refugee from Panchari describes the initial process as follows:
" In 1980-81 the Bengalis moved in. The government gave them rations of
rice etc. and sponsored them. The settlers moved into the hills, then
they moved the Jummas by force with the help of the Bangladesh Army. The
Deputy Commissioner would come over and say that this place was
suitable for settlers so Jumma people must move and would receive money
in compensation. But in reality they did not get money or resettlement.
In 1980 the Jumma people had to move by order of the government".
ဂျမ်မာလူမျိုးတို့၏ ကျေးရွာများကို တိုက်ခိုက်မှုများသည်
မူလနေထိုင်သူတို့အား သူတို့၏ မြေမှ နှင်ထုတ် ရန် အသုံးအများဆုံး
နည်းဖြစ်သည်။ အိန္ဒိယတွင်ရှိနေသော ဒုက္ခသည် တြိပူရလူမျိုး မာတီရန်ဂါ အနီး
ဘာ့က်မာရာ တိုင်ဒေါင် ဘုရားတွင် နေထိုင်ခဲ့သူက (၁၉၈၁)ခုနှစ်တွင် သူ၏
ရွာသို့ အခြေချလာသူများ ရွှေ့ပြောင်းလာသောအခါ ဖြစ်ပျက်ပုံကို အောက်ပါအတိုင်း
ပြောပြသည်။
“ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရပ်ရပ်က မူစလင်တွေကို ဘင်္ဂလားဒေ့ရှ်
အာဏာပိုင်တွေက ခေါ်လာတာဖြစ် ပါတယ်။ အဲဒီမတိုင်မီက ကျွန်တော်တို့ရွာမှာ
သက်ရယ်၊ တြိပူရရယ်၊ ပြီးတော့ မာမ (ရခိုင်) ရယ်ပဲ နေကြပါ တယ်။ အစိုးရရဲ့
ကမကထပြုမှုနဲ့ အဲဒီ ရွှေ့ပြောင်းအခြေချလာသူတွေဟာ ကျွန်တော်တို့ ရွာမှာ
နေရာချ ခံရပါတယ်။ ပြီးတာနဲ့ သူတို့ဟာ ကျွန်တော်တို့ကို ဒုက္ခ
မပြတ်ပေးတော့တာပါပဲ။ သူတို့က လက်ညှိုးထိုး လိုက်ရင် စစ်တပ်က ဂျမ်မတွေကို
ရိုက်ပုတ်ပြီး ရှိတာ ချယူတော့တာပါပဲ။
ရှိသမျှ ၀မ်းစာစပါးတွေအားလုံးကို
သူတို့ ယူတာပါပဲ။ စစ်တပ်ကို သွားတိုင်တိုင်းမှာ စစ်တပ်က ဘာမျှ
အရေးမယူပါဘူး။ ရွာသားအားလုံးဟာ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ ဗရုသုခ ပြဿနာ
အမျိုး မျိုးကြောင့် သောကကြီးစွာနဲ့ နေနေရတာပါပဲ။ လူခြောက်ယောက် သေတဲ့ ပြဿနာ
တစ်ခုဖြစ်ပြီး သုံးရက်လောက်ကြာတော့ ညမမှောင်ခင်ကလေးမှာ အခြေချနေထိုင်သူ
အများကြီးဟာ ကျွန်တော်တို့ ရွာဆီကို ‘အလ္လာ အက္ကဘာ (အလ္လာအရှင်မြတ်သည်
ကြီးမြတ်တော်မူသည်)’ လို့ အော်ရင်း လာနေကြပါ တယ်။ သူတို့ ရောက်လာတဲ့
အချိန်မှာ ကျွန်တော်တို့ အလွတ်ထွက်လာခဲ့ကြတာကြောင့် သူတို့ (ရွာကို)
မီးတင်ရှို့သွားဖို့ အတော်ဖြစ်သွားပါတယ်။”
Attacks on Jumma peoples'
villages are the most common way to evict the inhabitants from their
lands. A Tripura refugee in India from Bakmara Taindong Para near
Matiranga described what happened to his village in 1981 when the
settlers moved into his village:
"Muslims from different parts of
Bangladesh were brought in by Bangladeshi authorities. Before that our
village was populated only by Chakma, Tripura and Marma. With the
assistance of the government these settlers were rehabilitated in our
village and they continued to give us troubles..they finger at the
Jummas and the army beats them and rob. They took all the food grain.
Whenever we seek any justice from the army we don't get it. All
villagers lived under great tension due to various incidents all around.
Three days after an incident when six persons had been killed, just
before getting dark, many settlers came to our village, shouting 'Allah
Akbar' (Allah is Great). When they arrived we escaped so the settlers
got the opportunity to set fire".
(အိန္ဒိယနိုင်ငံ) တြိပူရ
ပြည်နယ်တွင် ရောက်နေသော သက် ဒုက္ခသည်တစ်ဦးက (၁၉၈၆)ခုနှစ်တွင်
(ဘင်္ဂလားဒေ့ရှ်ရှိ) သူ၏ ရွာ၌ မည်သို့ ဖြစ်ပျက်သည်ကို အောက်ပါအတိုင်း
ပြောပြသည်။
“ကျွန်တော့် မြေ ဆုံးသွားတယ်။ အခြေချနေထိုင်သူတွေ
ရောက်လာပြီးတော့ ကျွန်တော့်မြေကို သိမ်းတယ်။ သူတို့ ကျွန်တော်တို့
အိမ်တွေကို အရင် မီးရှို့တယ်။ သူတို့ စစ်သားတွေနဲ့ အတူ လာတာပါ။ အဲဒါ
(၁၉၈၆)ခုနှစ် မေလ (၁)ရက်နေ့မှာ ဖြစ်တာ။ ပန်ချာရီနယ် ကာလာနာလ် မှာပါ။
ကျွန်တော့် အိမ်ရှိတဲ့ ရွာမှာ ဘုရားကျောင်း တစ်ကျောင်းရှိတယ်။ အိမ်ခြေ ၆၀
ရှိတဲ့ တစ်ရွာလုံး ပြာကျသွားတယ်။ ဒါကိုလည်း မြင်ရော ကျွန်တော်တို့
တောနက်တွေကို ဖြတ်ပြေးပြီး နောက်ဆုံး အိန္ဒိယကို ရောက်တော့ ကာဘွတ်ခ်
စခန်းကို လာခဲ့ရပါတယ်။
A Chakma refugee in Tripura told what happened to his village in 1986:
"I lost my land. Settlers came and captured my land. They burnt our
houses first. They came with soldiers. This took place on 1st May 1986
at Kalanal, Panchari. My house was in a village with a temple. The whole
village of 60 houses was burnt. After seeing this we ran through the
jungles and eventually reached India, coming to Karbook camp."
အောက်ပါ တွေ့ဆုံမေးမြန်းခန်းက (၁၉၉၀)ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ဖြစ်ပွားသည့် အဖြစ်အပျက် များကို ရည်ညွှန်းနေပေသည်။“မူစလင် ရွှေ့ပြောင်းနေထိုင်သူတွေက ကျွန်တော်တို့ ရွာသားတွေကို စုပေါင်းရွာ
(ဖိနှိပ်ရေးစခန်း) တစ်ရွာ ဆီကို ခေါ်သွားချင်ကြတယ်။ ရွာသားတွေကို
မူစလင်တွေက ရိုက်နှက်နေ တုန်း မိသားစု သုံးစု လွတ်အောင် ပြေးနိုင်ခဲ့ပါတယ်။
တစ်ခုက ကျွန်တော့် မိသားစုပါ။ ဒီမိသားစု သုံးစုဟာ ခီဒါရာချရာ ကို
လာခဲ့ ကြပြီး ‘ဂျမ်’စိုက်ခင်းမှာ နေကြတယ်။ တစ်နှစ်ခွဲ အဲဒီမှာ နေခဲ့ပါတယ်။
မနေ့က မတိုင်ခင် တစ်နေ့မှာ မူစလင် အခြေချသူတွေ ရောက်လာပြီး ရွာကို
ဝိုင်းပါတယ်။ အခြေချသူတွေ နဲ့အတူ ဘင်္ဂလားဒေ့ရှ် စစ်သားတွေ ပါလာပါတယ်။
ရွာသားတွေကို စုနေတုန်း ကျွန်တော်က နီးစပ်ရာ အိမ်သာတစ်လုံးထဲ
ဝင်နေလိုက်ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော် အိမ်သာထဲက အသာထွက်ပြီး
တခြားပြေးဖို့ ကြံပါတယ်။
ရွာကို ၀ိုင်းထားကိုးဗျ။ ကျွန်တော် ထွက်ပြေးမယ်လဲ
လုပ်ရော၊ မူစလင် အခြေချသူတွေက သေနတ်နဲ့ ပစ်တာပဲ။ တစ်လုံးထိုး သေနတ်နဲ့
ပစ်တာပါ။ မနက်စောစော (၆)နာရီ ၀န်းကျင်လောက်မှာ ဖြစ်တာပါ ။
သေနတ်ဒဏ်ရာလည်းရရော ကျွန်တော်လည်း လုံခြုံမယ့်နေရာတစ်ခု ကို ရောက်အောင်
ပြေးတော့ တာပါပဲ။ အခြားရွာသားတွေ ဘာဖြစ်ကုန်သလဲတော့ ကျွန်တော် မသိပါဘူး။
ကျွန်တော်ပြေးတာ အဲဒီကနေ မိုင်ဝက်လောက်အဝေးကိုပါ။ ဒီနောက်မှာ ကျွန်တော်
မူးပြီး မေ့သွားပါတယ်။ ဟင်းရွက်ခူးလာတဲ့ ဒုက္ခသည်နှစ်ယောက်က တွေ့လို့
စခန်းကို ၁၀နာရီလောက်မှာ သယ်လာပေးပါတယ်။ ကျွန်တော်ဟာ စုပေါင်းရွာကို
ခေါ်သွားဖို့အတွက် နှစ်ခါတောင် အတိုက်ခိုက်ခံရတာပါ။ ဒုတိယ အခေါက်မှာတော့
သေနတ်နဲ့ပါ အပစ်ခံရပါတယ်။”
The following interview refers to events which took place on 21 November 1990:
"Muslim settlers wanted to take us villagers to a cluster village
(concentration camp), but we refused to go there. The villagers were
beaten up by the Muslim settlers of which three families managed to
escape, one of which is mine. These three families came to Kheddarachara
for 'jhum' cultivation. We stayed there for one and a half years. The
day before yesterday the Muslim settlers came to the same village and
rounded up the households. The settlers were accompanied by Bangladeshi
soldiers. I took shelter in a nearby latrine when the villagers were
rounded up. Later I tried to leave the latrine to go somewhere else. The
village had been surrounded. As I was trying to escape, the Muslim
settlers shot me. It was a singled barreled shot gun. The incident took
place in the early morning around 6 o'clock. After getting the bullet
injury I ran away into a safe place. I don't know what happened to the
other villagers. I ran away from the place for about half a mile. Then I
fainted and lost consciousness. Two refugees went there to collect
indigenous vegetables and brought me to the camp about 10 o'clock. I
have been twice attacked to be taken to a cluster village, the second
time I was shot."
အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနှင့်
မီးတင်ရှို့မှုများသည် ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် ဘင်္ဂလားဒေ့ရှ်သား
အခြေချနေထိုင်သူများက တောင်ပေါ်နေ လူမျိုးများအား သူတို့၏ ရွာများကို
စွန့်ခွာသွားစေရန် အဓိက အသုံးပြုသော နည်းလမ်းများ ဖြစ်သည်။ ရွာလုံးကျွတ်ကို
သူတို့ပိုင်မြေပေါ်မှ ထွက်ပြေးသွားစေရန် အတင်းအကြပ် ဖိအားပေးတတ်သည်။
Violence, intimidation and arson are the main methods used by the both
the Bangladesh Army and the Bangladeshi settlers to force the hill
people to leave their villages. Entire villages have been forced to flee
from their lands.
၅။ အခြေချမှုသည် နိုင်ငံရေးအရ လုပ်ဆောင်ချက် တစ်ရပ်ဖြစ်သည်
မြေယာမဲ့မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယေဘုယျအားဖြင့် တိုးနေပေသည်။
မြေပိုင်ဆိုင်မှုအတွက် တဖြည်းဖြည်း ပြိုင်ဆိုင်မှုများလာပြီး ယခုအခါတွင်
လူဦးရေ၏ ၁၀%က အသုံးဝင်သောမြေ၏ ၅၀%ကို ပိုင်ဆိုင်ထားကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တက်သော မည်သည့်အစိုးရကမျှ မည်သည့် နေရာ မှ မြေယာမဲ့
အလုပ်သမားများနှင့် မြေယာအနည်းငယ်မျှသာ ပိုင်ဆိုင်သော
လယ်သမားများအတွက်မဆို ဘာမျှ လုပ်ပေးချင်စိတ်မရှိပေ။ အမှန်တကယ်ပင် မြေယာမဲ့
လူထု အဖွဲ့အစည်းများအား ဒေသခံ မြေပိုင်ရှင်ကြီး များ၊ ရဲ၊ စစ်တပ် သို့မဟုတ်
သူတို့သုံးဦးစပ် ငှားရမ်းသော လူမိုက်များက အရက်စက်ဆုံး ဖိနှိပ်ခြင်းကို
မကြာခဏ ကြုံရသည်။ အစိုးရ၏ အာဏာသည် မြို့ပြရှိ အလယ်အလတ်တန်းနှင့် အထက်တန်း
အလွှာများနှင့် ချမ်းသာသော လယ်သမားများထံတွင် ရပ်သွားပြီး အောက်သို့
မဆင်းတော့ပေ။
ဘင်္ဂလားဒေ့ရှ် ဆင်းရဲသားများသည် သူတို့ကို ပေးအပ်လာသော မည်သည့်
ရှင်သန်နိုင်မည့် အခွင့်အရေး ကိုမဆို ဆုပ်ကိုင်ကြမည်သာ ဖြစ်သည်။
စာမတတ်ခြင်းသည် အမြင် မကျယ်စေဘဲ သူတို့သည် အစိုးရ၏
စစ်တကောင်းတောင်တန်းဒေသတွင် သူတို့အား နေရာချထားမည့် အစီအမံမှာ သူတို့ဘဝ
တိုးတက်စေရေး အတွက် အားထုတ်ကြိုးပမ်းမှု တစ်ခု လုံးဝမဟုတ်ကြောင်း ကို
ပြည့်ဝစွာ သဘောမပေါက်ကြပေ။ ဤသည်မှာ စစ်တကောင်းတောင်တန်းဒေသတွင်
အများ စုဖြစ်လာစေရန် ဘင်္ဂလားဒေ့ရှ်သား အရေအတွက်ကို တိုးမြင့်ခြင်းအားဖြင့်
ဂျမ်မလူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အခွင့်အရေး တောင်းဆိုမှုကို
ပပျောက် သွားအောင် နိုင်ငံရေးအရ လုပ်ဆောင်ချက် တစ်ရပ် သာ ဖြစ်ပေသည်။
5. SETTLEMENT IS A POLITICAL ACT
Landlessness is on the increase in Bangladesh in general. Land
ownership has become increasingly concentrated and now 10 per cent of
the population owns 50 per cent of available land. There has been no
will on the part of any Bangladeshi government to assist land less
labourers or marginal farmers anywhere in the country. Indeed
organizations of land less people are often put down with the utmost
brutality by hoodlums hired by local landlords, the police, the army, or
by all three. The government's power rests with the middle and upper
classes in the urban areas and with rich farmers. The Bangladeshi poor
will seize any survival chance they are presented with. Illiterates have
limited horizons and they are not fully aware that the government's
scheme to settle them in the CHT is not essentially an attempt to
improve their lot. It is a political act to nullify the question of
Jumma peoples' rights of self determination by increasing the number of
Bangladeshis in the CHT to majority.
Khin Mar Swe
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်