Pages

Wednesday, 29 May 2013

ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်




ရခိုင်ပြည်နယ် မောင်တောခရိုင်မှာရှိတဲ့ မူဆလင် လူမှုအသိုင်းအ၀ိုင်းအနေနဲ့ ကလေး ၂ ဦးပဲ ယူရမယ်ဆို တဲ့ ဒေသန္တရအမိန့်ကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန်တာဟာ တဘက်စောင်းနင်း ကျပြီးတော့ ပကတိအခြေအနေတွေကို မသိလို့ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အာဏာပိုင်တွေက ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင် ကို ဒီအမိန့် ထုတ်ပြန်မှုနဲ့ပတ်သက်ပြီး ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

“ဒီဥစ္စာက အခုမှ ထွက်တဲ့ဥစ္စာ မဟုတ်ဘူး။ ၉၂၊ ၉၃၊ ၉၄ လောက်ကတည်းက ရှိနေခဲ့တဲ့ အမိန့်လို့ ပြောပါတယ်။ အဲ့ဒီဥစ္စာတွေကို အကောင်အထည်ဖော်တာက UN အဖွဲ့အစည်းနဲ့ AZT ဆိုတဲ့ INGO အဖွဲ့တွေပါခင်ဗျ။ သူတို့ အကောင်အထည်ဖော်တယ်။ ၉၂၊ ၉၃၊ ၉၄ ကစပြီး အကောင်အထည်ဖော်တာ အခု ရခိုင်အရေးအခင်း ဖြစ်တဲ့ အချိန်မှာ ပြန်ကြည့်တော့ လူဦးရေက အင်မတန် များပြားလာပါတယ်။ သူတို့ကတော့ သားဆက်ခြား အောင်မြင် တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူဦးရေ ပေါက်ဖွားနှုန်းက တအားများတဲ့အတွက် အခုလို ပြဿနာဖြစ်လာတဲ့အခါ ရခိုင်ကိစ္စကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ကလည်း အကြံပြုထားတာတွေ ရှိပါတယ်။ အဲ့ဒါတွေကို ပြန်ပြီးတော့ အကောင်အထည် ဖော်တဲ့သဘောမျိုးနဲ့ ဒေသန္တရအမိန့်နဲ့ ထုတ်တာပါခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ ၉၂၊ ၉၃ တုန်းက ထုတ်တဲ့အမိန့်က ဒီအစိုးရအနေနဲ့ ထုတ်ပြန်တာလား။ အမိန့်လား ဥပဒေလား အဲ့ဒါက။

ဖြေ။ ။ “အမိန့်ပါပဲခင်ဗျ။ ဒေသန္တရအမိန့်လို့ ခေါ်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောတစ်ခုတည်းပါပဲ။ ကျန်တဲ့ နေရာတွေတောင် မပါပါဘူး။”

မေး။ ။ ဟုတ်ကဲ့။ အခု ရခိုင်အစိုးရကနေပြီးတော့ ထုတ်လိုက်တဲ့သဘောကရော အမိန့်လား ဥပဒေလား။

ဖြေ။ ။ “အမိန့်လို့ ပြောပါတယ်ခင်ဗျ။ ဥပဒေအပိုင်းမှာတော့ ကျနော်တို့က သိပ်နားမလည်ပါဘူး။ ဒီဥစ္စာက အရင်တုန်းက ရှိခဲ့တဲ့ဟာကို ပြန်ပြီးတော့ တည်မြဲအောင် အမိန့်ထုတ်တာပါပဲခင်ဗျ။ ပြည်နယ်အစိုးရအနေနဲ့တောင် မဟုတ်ပါဘူးခင်ဗျ။ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဲ့ဒီမှာကိုင်တဲ့ နကစအဖွဲ့ကနေပြီး ထပ်ပြီး အတည်ပြုပြီး ထုတ်ပေးတာပါ။ အဲ့ဒီမောင်တောခရိုင် တစ်ခုတည်းပါပဲခင်ဗျ။”

မေး။ ။ ရခိုင်စုံစမ်းရေးကော်မရှင်ကနေပြီးတော့ အကြံပြုထားတဲ့အတိုင်းဆိုတာ ရခိုင်စုံစမ်းရေးကော်မရှင်ကရော ဒီကိစ္စနဲ့ပတ်သက်လို့ 2 Child Policy ဆိုပြီးတော့ပဲ အကြံပြုတာလား။

ဖြေ။ ။ “2 Child Policy လို့တော့ မပြောပါဘူးခင်ဗျ။ သူက ပထမစာမျက်နှာမှာတော့ ဒီလို လူဦးရေ ထိန်းချုပ်ဖို့ လိုတယ်။ အဲ့လို ထိန်းချုပ်တဲ့အခါမှာလည်း ကိုယ့်ဘာသာရေးအရ ကန့်ကွက်နိုင်တယ်။ ဒီလိုမျိုးလေး ဆိုထားပါတယ်။ ဒါပေမဲ့လည်း နောက်စာမျက်နှာမှာတော့ ရခိုင်တိုင်းရင်းသားတွေကလည်း တောင်းဆိုထားပါတယ်။ နောက်ပြီးတော့ အဲ့ဒီမှာ ဒီလို လူဦးရေ ထိန်းချုပ်တာလည်း အရင်ထဲက ရှိတဲ့အတွက် လုပ်သင့်ပါတယ်လို့ သူတို့က အဲ့ဒီမှာ အကြံပြုထားတာ ရှိပါတယ်။”

မေး။ ။ 2 Child Policy နဲ့ပတ်သက်ပြီးတော့ ရခိုင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ပြန်ပြီး Review လုပ်နေတယ်ဆိုပြီးတော့ ပြောနေလို့ပါ။ အထက်ကရော ဘာများပြော

ဖြေ။ ။ “အဲ့ဒါကတော့ ကျနော် မသိဘူးခင်ဗျ။ ဒီဥစ္စာက ကျနော်တို့ ပြည်နယ် အစိုးရအနေနဲ့လည်း ထုတ်တာမဟုတ်ဘူး။ ဒေသန္တရအမိန့်ဆိုတာ သူတို့ ထုတ်ခွင့်ရှိတယ်လေ။ ရန်ကုန်မှာ ပုဒ်မ ၁၄၄ အစား ၁၈၈ ထုတ်တဲ့ပုံစံမျိုးပေါ့။”

မေး။ ။ အဲ့တော့ အဲ့ဒီအထဲမှာ ကလေး ၂ ယောက်အပြင် အမျိုးသမီး မိန်းမ တစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ဟာမျိုးရော ပါပါသလား။

ဖြေ။ ။ “ပါပါတယ်ခင်ဗျ။ ဘာလို့လဲဆိုရင် သူတို့က ၄ ယောက် ယူတဲ့အခါကျမှ စောစောကလည်း ကျနော် ပြောပြီးပြီ။ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး သူ တာဝန်ထမ်းဆောင်စဉ်က အဲ့ဒီမှာ မေးတယ်။ ယောကျာ်းတစ်ယောက်က မိန်းမ ၄ ယောက်က တရားဝင်ယူတယ်။ တရားမ၀င် မိန်းမတွေကလည်း ရှိတယ်။ အဲ့ဒီက မွေးလာတဲ့ ကလေးတွေနဲ့ အားလုံး မိသားစုပေါင်းလိုက်ရင် ၈၂ ယောက်ရှိတယ်။ အဲ့လိုမျိုး မိသားစု ၁၀ ဆိုရင် လူဦးရေ ဘယ်လောက်ရှိမလဲ။ အဲ့ဒါလေးတွေ ကျနော်တို့ ပြန်တွက်ပြီးတော့ ရခိုင်တိုင်းရင်းသားတွေကလည်း အဲ့ဒါကို စိုးရိမ်တဲ့အတွက် တောင်းဆိုခြင်း ဖြစ်ပါတယ်။ ဒါကလည်း မောင်တောတစ်ခုတည်းကို ကျနော်တို့က ဒေသန္တရအမိန့် ထုတ်တာဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တော - မောင်တောခရိုင်ဆိုရင် ဘူးသီးတောင်၊ မောင်တော ပါပါတယ်ခင်ဗျ။”

မေး။ ။ အခု ဒီအမိန့်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်သံတွေ ထွက်လာပါတယ်ခင်ဗျ။ ဒါက ခွဲခြားဆက်ဆံတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဝေဖန်သံတွေ ထွက်လာပါတယ်။ ဒီဝေဖန်ချက်တွေအပေါ်မှာ ဦးဝင်းမြိုင်တို့ ဘာများ တုံ့ပြန်ချင်ပါသလဲ။

ဖြေ။ ။ “သူတို့ကတော့ ဘယ်လို ဝေဖန် ဝေဖန်လေ။ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောလို့ရှိရင် အဲ့ဒီလူတွေက ဒီမှာ လာမကြည့်ဘဲနဲ့ ပြောတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်ပြောမယ်လေ ၁၀ ပေပတ်လည် ရှိတဲ့အိမ်ထဲမှာ လူ ၂၀၊ ၃၀ ဘယ်လိုလုပ် နေမလဲ။ နောက်ပြီးတော့ အဲ့လိုမျိုး လူဦးရေ ပေါက်ဖွားနှုန်း များလာတဲ့အတွက် ဒီမှာ ရခိုင်တိုင်းရင်းသားတွေကလည်း စိုးရိမ်စိတ်တွေ များလာပါတယ်။ အဲ့ဒီအတွက် ရေရှည်အတွက် ကြည့်ပြီး ကျနော်တို့ နိုင်ငံတော်အနေနဲ့ ဒီလို အမိန့်ထုတ်ပြန်တယ်လို့ပဲ ကျနော်တို့က ယူဆပါတယ်။ အမိန့်ထုတ်တာကလည်း မြန်မာတနိုင်ငံလုံးကို ထုတ်တာလည်း မဟုတ်ဘူး။ ရခိုင်ပြည်နယ် တပြည်နယ်လုံးကို ထုတ်တာလည်း မဟုတ်ပါဘူး။ ဒီမောင်တောခရိုင်တစ်ခုတည်းကိုပဲ ထုတ်တာဖြစ်ပါတယ်။ အဲ့ဒါကိုမှ လူ့အခွင့်အရေးအဖွဲ့က ဒီလိုပြောတယ်ဆိုရင်တော့ ဒါ တဖက်သတ် စွပ်စွဲတယ်လို့ပဲ ကျနော် ထင်ပါတယ်။”

ကိုသားညွန့်ဦး (ဗွီအိုအေ)

6 comments:

  1. ကဲ ဒေါ်ဒေါ်စု ဘာများပြောချင်သေးသလဲ တစ်ခေါာက်လောက်တောင်သွားမကြည့် ပဲနဲ့  ဖြဲရဲပြီးတော့  အော်မနေပါနဲ့ ရှင် ကျမ တို့ တွေ ဒေါ်စု ကိုမဲမပေးတော့ ပါ

    ReplyDelete
  2. ဒီတစ်ခါမွေးလာသမျှသူ့ခြံထဲထားပေးမှာပါ၊

    ReplyDelete
  3. မေလ၊ ၂၀၁၃ ပြည်သူ့ အသံ
    မူဆလင် ကုလားများကို မကြောက်သူများ (ဗုဒ္ဓဘာသာ မျိုးချစ် သူရဲကောင်းများ)

    ဆရာတော် ဦးဉာဏိဿရ (သီရဂူ ဆရာတော်)
    ဆရာတော် ဦးဝီရသူ
    ဆားတောင် ဆရာတော် (http://vimeo.com/37074447)
    ဆရာတော် ဦးပညာဝရ
    မဟာဗောဓိမြိုင် ဆရာတော်
    ဆရာတော် ဦးဝိမလဝံသ (နာလန္ဒ တက္ကသိုလ်)
    ဆရာတော် ဦးကုသလ (မကွေး)
    အရှင် ဇဝန (ကုန်းဇောင်း)
    အရှင် ပညာဝရ (ဓမ္မပီတိ)
    ၉၆၉ကို ဦးဆောင်သော ဆရာတော်များ၊ တစ်နိုင်ငံလုံးရှိ သံဃာတော်များ
    သမ္မတကြီး ဦးသိန်းစိန်
    ကော်မရှင် ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး
    မန္တလေးဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးရဲမြင့်
    သခင် ချန်ထွန်း
    စာရေးဆရာကြီး ဦးအောင်သင်း
    ဆရာ ဦးလှဦး (ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအရာရှိ ဗိုလ်ထွန်းလှ၏သား http://hlaoo1980.blogspot.com/)
    ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ရခိုင် မျိုးချစ် ပုဂ္ဂိုလ်)
    ဦးအေးသာအောင် (ရခိုင် ဒီမိုကရေစီ အဖွဲ့ ချုပ် အတွင်းရေးမှူး၊ ရခိုင် မျိုးချစ် ပုဂ္ဂိုလ်)
    ကိုရဲမင်းဦး (ဗကသ ခေါင်းဆောင်)
    ဒေါ်သန်းသန်းနု (ဝန်ကြီးချုပ် ဦးနု၏ သမီး)
    ဦးဘိုဘိုကျော်ငြိမ်း (မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒုတိယ ဝန်ကြီးချုပ် ဦးကျော်ငြိမ်း၏ အငယ်ဆုံးသား)
    ဦးနေမျိုးဝေ (မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ)
    ဗိုလ်မှူးချုပ် ခင်ရီ (လဝက ဝန်ကြီး)
    သူရ ဦးမြင့်မောင် (သာသနာရေး ဝန်ကြီးဟောင်း)
    ဦးဆန်းဆင့် (သာသနာရေး ဝန်ကြီး)
    ဒေါက်တာအေးချမ်း (သမိုင်းပညာရှင်၊ သမိုင်း ပါမောက္ခ၊ ရခိုင် မျိုးချစ် ပုဂ္ဂိုလ်)
    ဒေါက်တာငြိမ်းချမ်း (ကထိက University College London)
    ဒေါက်တာကျော်ရင်လှိုင် (ပါမောက္ခ)
    ဒေါက်တာဒေါ်ရင်ရင်နွယ် (ပါမောက္ခ)
    ဦးရဲထွဋ် (သမ္မတ၏ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်၊ ဒုတိယ ဝန်ကြီး)
    ဗိုလ်မှူး ဇော်ဌေး (ခ) မှူးဇော် (သမ္မတရုံး ညွန်ကြားရေးမှူး)
    တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)
    သာသနာရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်
    ဦးအောင်ကြည် (ဒုညွန်မှူး၊ သာသနာရေး ဝန်ကြီးဌာန)
    သတင်းစာ ဆရာကြီး ဦးဝင်းတင် (NLD နာယက)
    အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦး (NLD နာယက)
    ရှေ့ နေကြီး ဦးသိန်းညွန့် (စာရေးဆရာ ကော့ကရိတ် မောင်သိန်းညွန့် ၊ လွှတ်တော် ကိုယ်စားလှယ်)
    ဆရာကြီး ဦးထွန်းအောင်ချိန် (သမိုင်း ပါမောက္ခ)
    မြန်မာပြည်သူလူထုကြီး ၉၉%
    မြေလတ်လုလင်
    ရုပ်ရှင် မင်းသား ကျော်သူ
    ရန်ကုန်တက္ကသိုလ် ဝိဇ္ဖာနှင့် သိပ္ပံ ကျောင်းသားကျောင်းသူဟောင်းများ
    မြန်မာနိုင်ငံ နှစ်ချင်း ခရစ်ယာန် အသင်း
    မြို့ မကျောင်းသားကျောင်းသူဟောင်းများ
    လူထု မောင်ကာဠု Facebook စာမျက်နှာ နှင့် လူထု မောင်ကာဠု Website
    စောက်အလ္လာ နှင့် လီးမိုဟာမက် Facebook စာမျက်နှာ
    ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့ Facebook စာမျက်နှာ
    မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C) Facebook စာမျက်နှာ
    Myanmar Express Facebook စာမျက်နှာ နှင့် Myanmar Express Website
    ၉၆၉ Facebook စာမျက်နှာ
    အမျိုး၊ဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရေး Facebook စာမျက်နှာ
    Myanmar Defense League - MDL Facebook စာမျက်နှာ
    Oppositeyes Facebook စာမျက်နှာ
    မျိုးချစ်မြန်မာ Facebook စာမျက်နှာ
    We Love True Facebook စာမျက်နှာ
    မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး Facebook စာမျက်နှာ
    Islam Virus Facebook စာမျက်နှာ
    မေသင်္ကြန်ဟိန် စသော မြန်မာ သတင်းထောက်၊ စာရေးဆရာ တချို့ 
    ရုပ်ရှင် မင်းသား မင်းမော်ကွန်း (http://www.youtube.com/watch?v=9OUeNRG6Jr0)
    မုဒိတာ လွင်ပြင် အငြိမ့်ကို တင်ဆက်သော ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)
    စသော ပုဂ္ဂိုလ်များသည် အမှန်တရားကို မြတ်နိုးသော ဗုဒ္ဓဘာသာနှင့် မြန်မာလူမျိုး ပြည်သူလူထု အပေါ် သစ္စာရှိသည့် အပြင် မူဆလင် ကုလားဆိုးများကို ဝေဖန် ရှံ့ ချရဲသော မြန်မာ့မျိုးချစ်
    ဗုဒ္ဓဘာသာ သူရဲကောင်းများ ဖြစ်ကြပါသည်။

    (မှတ်ချက်။ ကုလားဆိုး ဆိုသည်မှာ မူဆလင်ကုလားဆိုးများကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် ကုလားများ၊ ခရစ်ယာန်ဘာသာဝင် ကုလားများ၊ ဟိန္ဒိုဘာသာဝင် ကုလားများကို မဆိုလိုပါ။)

    ReplyDelete
    Replies
    1. ကြောက် တဲ့ သူ ၊မ ကြောက် တဲ့ သူ များ ကို သိ ဘို့ မ လို ပါ။ ငါ သိ တာ က လော လော ဆယ် ကြောက် ချီး ပန်း ပြီး မ ဟု တ် တာ တွေ ပြော၊ မ ဆိုင် တာ တွေ လျှောက် လုပ် နေ တာ က မင်း တို့ ဆို တာ တော့ သိ တယ်။ ကု လား တိုင်း(မွတ်တွေ ) မိန်း မ လေး ယောက် ယူ တယ် ဆို တာ ကို သက် သေ ပြ နိုင်မ လား။ဆေး ရုံ တွေ မှာ က လေး မ လို ချင် တော့ လို့ သား ကြော ဖြတ် တဲ့ မွတ် မိန်း ခ လေး တွေ မ ရှိ ဘူး လို့ ငြင်း ရဲ လား။လူ့ လော က မှာ ဖြစ် တ တ် တဲ့ လူ့ မှု့ ပြ သာ နာ တွေ ကို ဘာ သာ ရေး ၊လူ မျိုး ရေး နဲ့ ရော ချ ၊ နိုင် ငံ မ တည် ငြိမ် အောင် ဆူ ပူ အ ကြမ်း ဖက် ၊လူ သတ် အ လုပ် တွေ လုပ် ပြီး လူ တ စု ချမ်း သာ ဘို့ ၊ အာ ဏာ ပြန် ရ ဘို့ လုပ် နေ တာ တွေ ကို ရပ် လိုက် ပါ တော့ ။

      Delete
  4. မူဆလင် ကုလားများကို ကြောက်သူများ
    (အမျိုးသားရေး သစ္စာဖောက်များ၊ ဗုဒ္ဓဘာသာကို ပျက်စီးစေလိုသူများ)

    ဒေါ်အောင်ဆန်းစုကြည် (NLD)
    မင်းကိုနိုင် (မကြာသေးခင်က မူဆလင်များကို အနည်းငယ် ဝေဖန်ခဲ့သည်။ ဟန်ဆောင်ပန်ဆောင်လားမသိ)
    ကိုကိုကြီးမှအပ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်းများ အားလုံး
    ဦးဥာဏ်ဝင်း (NLD ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ)
    NLD ပါတီဝင် ၆၀%
    ဗိုလ်ကြီးဟောင်း ဝင်းထိန် (မိတ္ထီလာ အမတ်)
    မိုးသီးဇွန်
    ဒေါက်တာ ဇာနည် (Ph.D အတု၊ ဒေါက်တာ အတု)
    VOA
    BBC
    RFA
    DVB
    Irrawaddy
    ဒေါ်လာစား မီဒီယာ အချောင်သမားများ
    ဒီမိုဖက်တီး (ခ) ခွန်ဒီးယမ် (ခ) မေဇင်အေး
    ဝေနှင်းပွင့်သုန် (၈၈ မူဆလင် မြအေး၏ သမီး)
    Burma Campaign UK
    မဇ္ဇျိမ သတင်းဌာန (Mizzima)
    မအတာ (ABSDF)
    ဇော်ဝင်း (၈၈ ကျောင်းသား)

    ReplyDelete
  5. ( N L D ) ပါ တီ သည် မြန် မာ တိုင်း ရင်း သား ပြည် သူ များ အ ကျိုး စီး ပွား ကို မ ကြည့် ပဲ ကု လား များ ၏ အ ကျိုး စီး ပွား နှင့် မိ မိ တို့ ၏ အ ကျိုး စီး ပွား ကို ကြည့် သူ များ သာ ဖြစ် သည်၊ တိုင်း ပြည် မျိုး ဖျက် များ က လည်း ပြည် ပ မှ နေ ကာ ကု လား ထိ လျှင် အ ဖေ ထိ သ ကဲ့ သို့ ဆတ် ဆတ် ခါ နာ ကြ သည် ၊ ( N L D ) ကျ ဆုံး ပါ စေ ။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်