ရှင်းရှင်းပြောရမယ်ဆိုရင်
ကုလား၊ တရုတ် စတဲ့နိုင်ငံခြားသားတို့ဟာ ကျွန်တော်တို့
တိုင်းရင်းသားများရဲ့ မိတ်ဆွေများအဖြစ်နဲ့ နေထိုင်မလား၊ ဒါမှမဟုတ်
ရန်သူများအဖြစ်နဲ့ နေထိုင်ကြမလားဆိုပြီး ဆုံးဖြတ်ရန် လိုပါတယ်…..
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လာရောက်နေထိုင်တဲ့ အိန္ဒိယ တိုင်းရင်းသားများ၊ ပေါက်ဖော်တရုတ်များနဲ့ ပါတ်သက်ပီး အနည်းငယ် ပြောလိုပါတယ်…. ကျွန်တော်တို့ဟာ ထိုလူမျိုးတို့အပေါ်၌ သော်လည်းကောင်း၊ ကမ္ဘာပေါ်ရှိ အခြားအခြားသော လူမျိုးတို့အပေါ်၌ သော်လည်းကောင်း၊ ဣဿမစ္ဆရိယ ဗျာပါဒ၊ အာဃာတ တရား သဘောထားများ မရှိပါ…..
နိုင်ငံခြားသားတို့ဟာ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားများနဲ့ ဆိုးတူကောင်းဖက်၊ အေးအတူ ပူအမျှ နေထိုင် လို ကြပါက ကျွန်တော်တို့က ညီရင်းအစ်ကိုကဲ့သို့ သဘောထားပြီး ကြည်ဖြူစွာ လက်ခံပါမယ်….. နိုင်ငံခြားသား များဟာဆိုရင်
ကျွန်တော်တို့ကို မိတ်ဆွေ အိမ်နီးချင်းသဘောထားနဲ့ ကူညီရိုင်းပင်းရန်
ဆန္ဒရှိပါက ကျွန်တော်တို့ကလည်း ကတညုတ ကတဝေဒီတရားကို ရိုးသားစွာ
စောင့်ရှောက်မယ်…..
ကုလား၊ တရုတ် စတဲ့ နိုင်ငံခြားသားတွေကို သတိပေးလိုတာက ကျွန်တော်တို့ရဲ့ နိုင်ငံတွင်းရေးမှာ သူတစ်ထူးက စစ်တုရင်အရုပ်လုပ်ပီး ကစားခြင်းကို မခံရအောင် သတိထားဖို့ ဖြစ်တယ်…. ဘာကြောင့် လည်းဆိုတော့ အချို့သော သူတို့ဟာ ယခုအခါ၌ ကုလား၊ တရုတ်စတဲ့ နိုင်ငံခြားသားများနဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေကို ကတုန်းကတိုက် လုပ်ပါလိမ့်မယ်……
ကုလား၊ တရုတ် နိုင်ငံခြားသားတွေကို သူတို့သည် မမှန်သော ကတိ၊ မမှန်သော ကမ်းလှမ်းခြင်း အမှုများ ကို ပြုပါလိမ့်မယ်….. အဲဒိအတွက် သူတို့ရဲ့ အလှည့်အပါတ်ကို မခံရအောင် သတိထားသင့်ကြပါ… ရှင်းရှင်းပြောရမယ်ဆိုရင် ကုလား၊ တရုတ် စတဲ့ နိုင်ငံခြားသားတို့ဟာ ကျွန်တော်တို့ တိုင်းရင်းသားများရဲ့ မိတ်ဆွေများအဖြစ်နဲ့ နေထိုင်မလား၊ ဒါမှမဟုတ် ရန်သူများအဖြစ်နဲ့ နေထိုင်ကြမလား ဆိုပြီး ဆုံးဖြတ်ရန် လိုပါတယ်….. သူတစ်ချိန်တည်းမှာ ရန်သူနဲ့ မိတ်ဆွေ နှစ်မျိုး မဖြစ်နိုင်ပါ……
ဗိုလ်ချုပ်အောင်ဆန်း (ဖဆပလ ဥက္ကဌ)
၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင် ဟောခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်……
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လာရောက်နေထိုင်တဲ့ အိန္ဒိယ တိုင်းရင်းသားများ၊ ပေါက်ဖော်တရုတ်များနဲ့ ပါတ်သက်ပီး အနည်းငယ် ပြောလိုပါတယ်…. ကျွန်တော်တို့ဟာ ထိုလူမျိုးတို့အပေါ်၌ သော်လည်းကောင်း၊ ကမ္ဘာပေါ်ရှိ အခြားအခြားသော လူမျိုးတို့အပေါ်၌ သော်လည်းကောင်း၊ ဣဿမစ္ဆရိယ ဗျာပါဒ၊ အာဃာတ တရား သဘောထားများ မရှိပါ…..
နိုင်ငံခြားသားတို့ဟာ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားများနဲ့ ဆိုးတူကောင်းဖက်၊ အေးအတူ ပူအမျှ နေထိုင် လို ကြပါက ကျွန်တော်တို့က ညီရင်းအစ်ကိုကဲ့သို့ သဘောထားပြီး ကြည်ဖြူစွာ လက်ခံပါမယ်….. နိုင်ငံခြားသား များဟာဆိုရင်
ကုလား၊ တရုတ် စတဲ့ နိုင်ငံခြားသားတွေကို သတိပေးလိုတာက ကျွန်တော်တို့ရဲ့ နိုင်ငံတွင်းရေးမှာ သူတစ်ထူးက စစ်တုရင်အရုပ်လုပ်ပီး ကစားခြင်းကို မခံရအောင် သတိထားဖို့ ဖြစ်တယ်…. ဘာကြောင့် လည်းဆိုတော့ အချို့သော သူတို့ဟာ ယခုအခါ၌ ကုလား၊ တရုတ်စတဲ့ နိုင်ငံခြားသားများနဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေကို ကတုန်းကတိုက် လုပ်ပါလိမ့်မယ်……
ကုလား၊ တရုတ် နိုင်ငံခြားသားတွေကို သူတို့သည် မမှန်သော ကတိ၊ မမှန်သော ကမ်းလှမ်းခြင်း အမှုများ ကို ပြုပါလိမ့်မယ်….. အဲဒိအတွက် သူတို့ရဲ့ အလှည့်အပါတ်ကို မခံရအောင် သတိထားသင့်ကြပါ… ရှင်းရှင်းပြောရမယ်ဆိုရင် ကုလား၊ တရုတ် စတဲ့ နိုင်ငံခြားသားတို့ဟာ ကျွန်တော်တို့ တိုင်းရင်းသားများရဲ့ မိတ်ဆွေများအဖြစ်နဲ့ နေထိုင်မလား၊ ဒါမှမဟုတ် ရန်သူများအဖြစ်နဲ့ နေထိုင်ကြမလား ဆိုပြီး ဆုံးဖြတ်ရန် လိုပါတယ်….. သူတစ်ချိန်တည်းမှာ ရန်သူနဲ့ မိတ်ဆွေ နှစ်မျိုး မဖြစ်နိုင်ပါ……
ဗိုလ်ချုပ်အောင်ဆန်း (ဖဆပလ ဥက္ကဌ)
၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင် ဟောခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်……
It is a very clear question.
ReplyDeleteလူထု မောင်ကာဠု Thank You So Much……
ReplyDelete