Pages

Tuesday, 7 May 2013

ဟိုပန်မြို့တွင် မင်းကိုနိုင်နှင့်အဖွဲ့အား ဆန္ဒပြသည့်အဖွဲ့အား ဦးဆောင်သူမှာ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ကိုအောင်စိုးမင်း ဦးစီးဒေသခံ ၈၀၀ နီးခန့်ရှိကြောင်း သိရှိရသည်

ကျွန်တော်တို့ မင်းကိုနိုင်ကို ဆန္ဒပြမဲ့အဖွဲ့တွေ ရပ်ရွာလူထု ၈၀၀ လောက် မနက် ၁၀ နာရီကတည်းက ဟိုပန်မြို့အ၀င် ဖောင်ဆိပ်တံတားမှာ စောင့်နေပါတယ်။ ၈၈ အဖွဲ့လာခဲ့ရင်လဲ ဟိုပန်မြို့ကို ဆက်သွား ခွင့်ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့စောင့်ပြီး ဆန္ဒပြနေတာကြားလို့ မင်းကိုနိုင် သိန်းနီမြို့ကနေ လှည့်ပြန် သွားပါတယ်ဟု ဆန္ဒပြအဖွဲ့အား ခေါင်းဆောင်သူ ကိုအောင်စိုးမင်းမှ ပြောကြားသည်။

ဟိုပန်ဒေသခံများ မင်းကိုနိုင် ဦးစီးလာသည့် ၈၈ ကျောင်းသားအဖွဲ့အား ဆန္ဒပြရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ကိုအောင်စိုးမင်းက ကျွန်တော်လဲ ၈၈ ကျောင်းသားတစ်ယောက်ပါ။ ၈၈ မတ် ၁၂/၁၃ တုံးက စက်မှုကျောင်းသားတွေ ဆန္ဒပြခဲ့တဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ အင်းစိန်မှာ ကိုဌေးကြွယ်နဲ့အတူ ချုပ်နှောင် ခံခဲ့ရပါတယ်။ ဒါပေမယ့် မင်းကိုယ်နိုင်တို့အဖွဲ့ဟာ ပြည်သူအတွက် အဓိကမထားဘဲ သူတို့ နာမည်ရ ရှိရေး၊ ပြည်ပအထောက်အပံ့ရရှိရေးကိုဘဲ ဦးစားပေးလုပ်နေတယ်။ 
 
အခု ဟိုပန်သို့လာတယ်ဆိုတာလဲ ဒေသအတွက် လာတာမဟုတ်ဘဲ ၎င်းတို့ နာမည်ရဖို့ ဟိုပန်ကို အသုံးချဖို့ လာတာဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်ဆန္ဒပြရတာပါဟု ပြောဆိုသွားပါသည်။

ရှမ်းလေး
ဟိုပန်
Inlay Media

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်