မေလ ၁ရက်၊ ၂၀၁၃ခုနှစ်။ စောညွှန့်သောင်း (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိကရင်ကျေးရွာအနီးတွင် (Myanmar Cement and Mineral Production) ကုမ္ပဏီမှ တန် တစ်သောင်းထွက် ဘိလပ်မြေစက်ရုံ လာရောက်တည်ဆောက်မည့်အပေါ် လူမှုရေး လုပ်ငန်း ဆောင်ရွက်နေသည့် ဘားအံလူငယ် ၇ဦးမှ မိကရင်ရွာခံများကို ယမန်နေ့က သွားရောက်တွေ့ဆုံ ခဲ့သည်။
ဘိလပ်မြေစက်ရုံ တည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ ရွာခံများ၏ သဘောအမြင်များ၊ စက်ရုံ တည်ဆောက် မှုကြောင့် အကျိုး သက်ရောက်မှု နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိမရှိကို ၎င်းလူငယ်အဖွဲ့က ကျေးရွာရပ်မိရပ်ဖများ အပါအ၀င် ဒေသခံလူထု ၈၀ဦးခန့်နှင့်အတူ ဆွေးနွေး တိုင်ပင် ခဲ့ကြခြင်း
ဆွေးနွေးပွဲပါဝင်သူ လူငယ်တစ်ဦးက “စက်ရုံဆောက်မဲ့ကိစ္စမှာ ကုမ္ဂဏီက ဘယ်တော့လာမလဲဆို တာ ပြောထားတာတော့ မရှိ သေးဘူး။ ဒါပေမယ့် စက်ရုံဆောက်ရင် ဖြစ်လာနိုင်မယ့် ဆိုးကျိုးကောင်း ကျိုးတွေ ဒေသခံလူထုတွေကို သိစေဖို့ ကျနော်တို့ လာ ဆွေးနွေးတာပါ။ ကုမ္ပဏီဘက်ကလည်း စက်ရုံဆောက်ရင် စက်ရုံရဲ့ ကောင်းကျိုးကိုပဲ မဟုတ်ဘဲ နောက်ဆက်တွဲ ဆိုးကျိုးတွေပါ လူထုတွေကို ရှင်းပြစေချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းဘိလပ်မြေစက်ရုံ တည်ဆောက်မည့်အပေါ် တတ်သိပညာရှင်များကို ဖိတ်ခေါ်ကာ စက်ရုံ တည်ဆောက် သည့်အခါ ဖြစ်ပေါ် လာနိုင်သည့် ဆိုးကျိုးကောင်းကျိုးများကိ
ဘားအံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် နန်းစေအွာက “အခုတည်ဆောက်မယ့် စက်ရုံက ကျောက်မီးသွေး စွမ်းအင်နဲ့ သုံးမယ် လို့ ကြားသိရတယ်။ စက်ရုံနဲ့ ရွာတွေမှာ အကွာအဝေးက ၁မိုင်လောက်ပဲ ရှိနေတယ်လေ။ ဒါကြောင့် စက်ရုံမတည်ဆောက်ခင်မှာ လူထုက သေချာအောင် ဆုံးဖြတ်ဖို့ အရမ်း အရေးကြီးတယ်လေ”ဟု ကေအိုင်စီသို့ ပြောသည်။
ဖားအံမြို့ရှိ ပြည်နယ်ကွင်းဆင်းစစ်ဆေးရေးအ
ကရင်ပြည်နယ်တွင် လက်ရှိ သံလွင်မြစ် အနောက်ဘက်ကမ်းရှိ ဦးပိုင်ကုမ္ပဏီပိုင် မြိုင်ကလေး ဘိလပ်မြေစက်ရုံ နှစ်ခုမှ နေ့စဉ် ဘိလပ်မြေတန်ချိန် ၉၀၀နှင့် ၄၀၀၀နှုန်း ထုတ်လုပ်လျှက်ရှိသည်။
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်