Pages

Friday, 3 May 2013

ဓမ္မစေတီလမ်း နဲ့ အင်းယားလမ်းထောင့် မှ အပြုံးဖြင့် လူတွေအားလုံးကို ချိုသာစွာဆက်ဆံရင်း ယာဉ်ထိန်းရဲတစ်ဦး

ဓမ္မစေတီလမ်း နဲ့ အင်းယားလမ်းထောင့် မှ ယာဉ်ထိန်းရဲတစ်ဦးကို ကားနဲ့ ဖြတ်သွားတိုင်း ကျွန်မ သတိထား မိနေပါတယ်...

နေပူကျဲကျဲမှာ အပြုံးချိုချိုနဲ့ ယာဉ်ကြောတွေမပိတ်အောင် တာဝန်ကို ကျေပြွန်စွာ ဆာင်ရွက်နေတဲ့ သူ့မျက်နှာမှာ စေတနာအပြုံးချိုချိုနဲ့ တဖက်ယာဉ်ကြော အလှည့်ကျ ဖွင့်ပေးရတဲ့အခါ တဖက် လမ်းကြောကို ခဏပိတ်လိုက်ရလို့ အားနာသလိုမျက်နှာထားနဲ့ အပြုံးချိုစွာ အလုပ်လုပ်နေ တတ်တဲ့သူ့ကို အဲဒီလမ်း ကိုဖြတ်သွား တိုင်း ကျွန်မ သတိထားမိနေတာ ၃၊၄ ခေါက်ရှိနေပါပြီ။

ဒီနေ့လည်း နေပူကျဲကျဲအောက်မှာ သူ့ကျရာတာဝန်ကို ကျေပြွန်စွာထမ်းဆောင်နေတဲ့ သူ့ရဲ့ အပြုံးမျက်နှာကို ဓါတ်ပုံရိုက်ယူနိုင်ဘို့ ကြိုးစားခဲ့ပေမယ့် ကားပေါ်ကနေ ဖုန်းကမရာလေးနဲ့ ရိုက်ရတာမို့ သူ့မျက်နှာကို သေခြာ မရိုက်ယူနိုင်ခဲ့ပါဘူး။ သူကတော့ ကားပေါ်ကနေ ကျွန်မ သူ့ကို ဓါတ်ပုံရိုက်တာကိုတွေ့ သွားတော့   ခေါင်းလေးငုံ့ကာ တာ့တာဆိုပြီး ပြလာလေတဲ့အခါ သမီးလေး ခိုင်ကတောင် သဘောတွေ ကျနေခဲ့ပါ တယ်... :)

တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေရင်း ရုပ်မချောပေမယ့် မြင်သူတွေအားလုံးရဲ့ စိတ်ကို ငြိမ်းချမ်း
  ပျော်ရွှင်စေနိုင်တဲ့ အပြုံးချိုတဲ့သူ့မျက်နှာက ကျွန်မရင်ထဲ အမှတ်တရ ရှိစွာနဲ့ သူ့လိုပဲ လူတွေအားလုံး ကိုယ်ကျရာနေရာမှာ ရင်ထဲကလာသော အပြုံးဖြင့် လူတွေအားလုံးကို ချိုသာစွာဆက်ဆံရင်း တာဝန်တွေ ထမ်းဆောင်နိုင်ကြရင်ဖြင့်.........

Nan War War Mg

1 comment:

  1. သူ သိပ်ကိုတေိာတဲ့ ယဉ်ထိမ်းရဲပါ ရန်ကုန်မှာကားမောင်းတဲ့ သူတော်တော်များများ သူ့ကို သိုကပြီး ခင်ုကပါတယ် သူရှိနေလို့ အဲဒီနေရာက ကားတွေမကြပ်တာပါ မြန်မာတနိုင်ငံလုံးက ယာဉ်ထိမ်းတွေထဲမှာသူအတော်ဆုံးပဲ လို့ အားလုံးကလဲသတ်မှတ်ကြပါတယ်

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်