Pages

Wednesday, 1 May 2013

ဘင်္ဂါလီစာရင်း ကောက်ရာတွင် ဆူပူမှုဖြစ်ရန် နောက်ကွယ် ကြိုးကိုင်သူ ခုနစ်ဦးကိုဖမ်း



ရန်ကုန်၊ ဧပြီ ၃၀

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ခံနေသော စစ်ဆေးရေးအဖွဲ့ များကို ခဲများဖြင့်ပစ်ပေါက်ကာ ဆူပူမှု ဖန်တီးခဲ့မှုတွင် နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားသူများကို စတင်ဖမ်းဆီးနေပြီ ဖြစ်ရာ စုစုပေါင်း ခုနစ်ဦး ဖမ်းဆီးထားပြီးဖြစ် ကြောင်း စစ်တွေမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။


ပဋိပက္ခမှုများတွင် ပါဝင်ပတ်သက်သူ အချို့ကို ဖမ်းဆီး ရထားသော်လည်း အချို့ ထွက်ပြေးတိမ်းရှောင် နေကြောင်း၊ ဖမ်းဆီး ထားသူများကို၊ လုယက်မှု (ပုဒ်မ ၃၈၂)၊ ဆူပူအုံကြွမှု ဖြစ်ပွားအောင် လုပ်ဆောင်မှု (ပုဒ်မ ၅၀၆)၊ လူစုလူဝေးဖြင့် တုတ်၊ ဓား ကိုင်ကာ အကြမ်းဖက်မှု (ပုဒ်မ ၁၄၈)၊ တာဝန် ထမ်းဆောင်စဉ် အပြင်းအထန် ဒဏ်ရာရစေ မှု (ပုဒ်မ၃၃၃) တို့ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ၄င်းကဆိုသည်။

စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာတွင် ဧပြီလ ၂၆ ရက်နေ့က ဘင်္ဂါလီလူဦးရေ စာရင်းကောက်ရာ၌ လူမျိုးနေရာတွင် ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ထည့်သွင်းမှသာ လက်မှတ်ထိုးမည်ဆိုပြီး လူအုပ်စုလိုက် ရုန်းရင်းဆန်ခတ် လုပ်ကာ စစ်ဆေးရေး အဖွဲ့ဝင်များကို ခဲများ ပစ်ခတ်ခဲ့သဖြင့် စစ်ဆေးရေး အဖွဲ့ဝင်အချို့ ဒဏ်ရာရရှိကာ စာရင်းကောက်မှုကို ယာယီရပ်ဆိုင်း ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ကနဦး အစီအစဉ်အရ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံမှုကို နိုင်ငံတော်အဆင့် စီမံချက်ချကာ ဆွဲ၊ တင်၊ စစ် (မြေပုံရေးဆွဲခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်း) စနစ်ဖြင့် ဧပြီလ၂၆ရက်နေ့မှ စတင်ကာ မေလ ၁၅ ရက်နေ့အထိ ကောက်ခံမည်ဖြစ်ပြီး လူဦးရေ စာရင်းကို ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ရန် စီစဉ်ထားခြင်းဖြစ်သည်။

5 comments:

  1. နိုင်ငံသား အရည် အချင်း မရှိ သူများ အား နယ်နင်ဒဏ်ပေး ပါ။။
    အမေ ရိကန် မှာ ဒီလို လုပ်လေ့၇ှိပါတယ်။။

    ReplyDelete
  2. နယ် နင်တယ် ဆိုတာ တိုင်းပြည် က နှင် ထုတ်တာ လေ။။ဟုတ်တယ်ဟုတ်။။

    ReplyDelete
  3. ထားကိုမထားသင့်တာကြာပြီ

    ReplyDelete
  4. အမှိုက်‌ထားရင်‌ အိမ်‌ရှုပ်‌တာ‌ပေါ့

    ReplyDelete
  5. ‌ကောင်းတာက‌တော့ ‌ဝေး‌ဝေးပစ်‌ ရင်‌ပစ်‌ဒါမှ မဟုတ်‌ရင်‌ မီးရှို့တာ အ‌ကောင်းဆုံးပဲ။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်