Thursday, 2 May 2013
7Day News Journal က ဥက္ကံ ဖြစ်ရပ်နဲ့ ပါတ်သက်လို့ ဒီလိုရေးထားတယ်
ကိုရင်လေး သပိတ်ကျကွဲရာမှ တစ်ဆင့် အနီးဝန်းကျင်ရှိ လူများနှင့် အချင်းများခဲ့ပြီး ဥက္ကံရဲစခန်းတွင် ကျေးရွာ သံဃနာယကဆရာတော် အပါအ၀င် တာဝန်ရှိသူများက ညှိနှိုင်းပေးခဲ့ရာ ပြေလည်မှုရခဲ့ပြီးနောက် ရဲစခန်း မှ ပြန်ထွက်စဉ် ဆိုင်ကယ်ဖြင့် ကိုရင်အား တိုက်မိသူ၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက ရန်တွေ့ပြောဆိုခဲ့ ရာ မှ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည်ဟု ဥက္ကံရဲတပ်ဖွဲ့ စခန်းမှူးရဲအုပ်စိုးမိုးနိုင်ကပြောသည်။
အခု သတိထားကြည့်မိသမျှ ပြဿနာဖြစ်လိုက်ရင် ဘယ်ကစသလဲ၊ မီးစ ဘယ်လိုမကြီးကြီးအောင် ဘယ်သူတွေက လုပ်သလဲ ဗေဒင်မေးဖို့ မလိုလောက်အောင် ဖြစ်နေပီ...... အကြမ်းဖက်သူတွေလည်း လွန်တယ်၊ ပြဿနာမီးကြီးအောင် မဖြစ်ဖြစ်အောင် လုပ်နေသူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူဖို့လိုတယ်.....
ရခိုင်အရေးအခင်းမှာ မိမိအိမ်ကို မီးရှို့ရင် တစ်လုံးကို 65 သိန်းဆိုပီး ယ မှာ ပိုက်ဆံထုတ်ပေးတယ် ဆိုတဲ့ သတင်းတွေ ကြားသိခဲ့ရတယ်...... အခုလည်း မိတ္ထီလာလို ပဋိပက္ခဆိုးကြီး ဖြစ်ပွားခဲ့တာတောင် မှပဲ နောက် ထပ် ပြဿနာတွေ မဖြစ်ဖြစ်အောင် အစ ပျိုးနေတာတွေ၊ ပြဿနာ ကြီးထွားအောင် လုပ်နေတာတွေဟာ နောက်ကွယ် က ပံ့ပိုးမှုတွေ ရနေလို့လား ဆိုတဲ့ မေးခွန်းတွေကို လူတွေ မေးလာကြတယ်.......
ပြဿနာ ဖြစ်အောင်လုပ်သူတွေ၊ ပြဿနာကြီးအောင် လုပ်သူတွေဟာ တစ်ယောက်ဘယ်လောက် ရနေလို့များ ဒီလိုလုပ်နေကြသလားဆိုတဲ့အတွေးဟာ လူတွေ တော်တော်များများ တွေးနေကြပီ..... ဒီလိုအတွေးမျိုး ဖြစ်စေတာကလည်း မိတ္ထီလာကိစ္စမှာ အရေးအခင်း စ ခဲ့တဲ့ ရွှေဆိုင်က လူတွေကို အမှုဖွင့်ချိန်မှာ အရေးယူရကောင်းလားလို့ ရေးလာတဲ့ မန္တလေးက ဘင်္ဂါလီ လော်ဘီ စီးပွားရေး သမားကြီးတစ်ယောက်ရဲ့ မှတ်ချက်ကြောင့်လည်း ဖြစ်ပါတယ်......
အစ္စလာမ် ဘာသာမှ သက်ဆိုင်ရာ လူကြီးမင်းများအနေနဲ့လည်း မိမိ ဘာသာဝင်တွေကို ပြဿနာမီး မပွားအောင်၊ မီးစ မပျိုးအောင် ထိမ်းသိမ်းသင့်တယ်...... လူတွေရဲ့ အမြင်မှာ ဒီလိုမြင်လာတာတွေ ကို ခြေဖျက်ဖို့ ပြုလုပ်သင့်တယ်.... အခြေအနေကို မသိရပဲ မုန်းတီးနေတဲ့ အမုန်းနဲ့ ကြေက်ရွံ့မှုဟာ အခြေအတင် ဖြစ်ခဲ့တဲ့ လူမျိုးစု နှစ်ခုကို ပြန်လည် ရင်ကြားစေ့ဖို့ အတားအဆီးတစ်ခုပါပဲ......
အိုအိုင်စီကို မျှော်ကိုးပီး သက်ဆိုင်ရာ ဘာသာရေး အကြီးအကဲတွေ ကိုယ်တိုင်က ရေငုံနှုတ်ပိတ်ပီး ဒိလုပ်ရပ်တွေကို အားပေးနေမယ်ဆိုရင်တော့ သမိုင်းကြောင်း ကောင်းမယ်မထင်ဘူး လို့ပဲ ပြောပါရစေ.......
James Mint
အမျိုးအစာ
ဖြစ်ရပ်မှန် မှတ်တမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်