Pages

Saturday, 27 April 2013

Facebook ပေါ်တွင် လူပျောက်ကြော်ငြာခဲ့သည့် မိန်းကလေးအား အလောင်းအဖြစ် ပြန်တွေ့


၂၂-၄-၂၀၁၃ ရက်နေ့တွင် Facebook စာမျက်နှာများ၌ တွေ့ရှိရသော လူပျောက်ကြော်ငြာမှ မိန်း ကလေး အလောင်း အား ၂၀.၄.၂၀၁၃ရက်နေ့ နံနက်၉း၀၀နာရီ အချိန်ခန့်တွင် အင်းစိန်ရွာမ အနောက် ၆ရပ်ကွက် ငါးဒိုင် အနီး ရှိမြစ် ကမ်းမှ၅ပေအကွာ တွင်တွေ့ရှိ ဆယ်ယူတွေ့ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်မှုလား ၊လူသေမှုလား ဆိုသည်ကို တော့ မသိရသေးပေ။

သေဆုံးသူသည် မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာအုပ် စု ရေတာရှည်ကျေးရွာမှအဖဦးဇော်ထွန်း အ မိေ ဒ်ါနော် မယ်စေး၏ သမီး ရန်ကုန်မြို့ ဆေးဘက် ဆိုင်ရာ နည်းပညာ တက္ကသိုလ်တွင် ဒုတိယနှစ်တွင် တက်ေ ရာက် ပညာသင်ကြားနေသောကျောင်းသူမနော်မေသူသူ ဇော်ဖြစ်ပါ သည် ။


၂၀၁၃ နှစ်ဆန်းပိုင်းမှ စ၍ အမျိုးသမီးငယ်လေးများ၏ လူပျောက်ကြော်ငြာများ ဆက်တိုက်တွေ့ရှိရလျှက် ရှိပြီး ယခု မိန်းကလေးမှာ ပထမဆုံး ပြန်လည်တွေ့ရှိရသည့် မိန်းကလေးဖြစ်သည်။

 ပြန်တွေ့သည့်ဖြစ်စဉ် အပြည့်အစုံ 

 ၂၂.၄.၂၀၁၃ ရက်နေ့က သူငယ်ချင်း တစ်ယောက်အကူအညီတောင်း၍လူပျောက်ကြော်ငြာPost တစ်ခုတင်ခဲ့ပါသည်ထို လူပျောက်ကြော်ငြာထဲကမိန်းကလေးပြန် လည်တွေ့ရှိပါသည် ။ သို့သော်အသက်ရှင် လျက်တော့ မဟုတ်ပါ ထို့ကြောင့်၎င်းသေဆုံးမှုသည် လူသေမှုဖြစ်နိုင်လား လူသတ် မှုဖြစ်နိုင်လားဆိုသည် ကိုဝိုင်းဝန်းစဉ်းစားစုံ စမ်းနိုင်ရန် ဒီစာကိုမေးမြန်းရေးသားပါသည် ။

ယနေ့အချိန်ခါတွင် facebookခေါ်လူ မှုကွန်ယက်အားအလွှာအသီးသီးမှအသုံး ပြုနေသဖြင့် မိမိထက် သိ မိမိထက်တက် တက်သိနားလည်သူများရှိပါကကာယကံ ရှင်များအားမိမိထက် ပိုမိုကူညီနိုင်ရန် ၄င်းမိမိတက်စွမ်းသ၍ကူညီချင်သူများရှိပါက ကူညီနိုင်ရန်အသိပေးခြင်းသာဖြစ်ပါသည်။

 သေဆုံးသူမှာရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာအုပ် စု ရေတာရှည်ကျေးရွာ မှအဖဦးဇော်ထွန်း အမိဒေါ်နော်မယ်စေး၏ သမီး ရန်ကုန်မြို့ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် တွင်ဒုတိယနှစ်တွင် တက်ရောက် ပညာသင်ကြားနေသောကျောင်းသူမနော်မေသူသူ ဇော်ဖြစ်ပါသည် ၄င်း၏ချစ်သူမှာရန်ကုန် ဆေး၁ တွင်ပညာသင်ကြားနေသော ဒုတိယနှစ်ကျောင်းသားမောင်ရဲမင်းဦးဖြစ် ပါသည်

အခင်းဖြစ်ပွားသည့်နေ့ ၁၉.၄.၂၀၁၃ေooနေအိမ်မှအပြင်ထွက်သွားခဲ့ပါသည် မောင်ရဲမင်းဦးမွေးနေ့သို့သွား၍ထိုမှတဆင့်မိဘများနေထိုင်ရာရေတာရှည်ကျေးရွာသို့သွားမည်ဖြစ်ကြောင်းသိရပါသည် ၁၉.၄.၂၀၁၃ရက်နေ့ ည၈း၀၀နာရီခန့် တွင် ဒေါ်နော်မယ်စေးထံသို့ မောင်ရဲမင်း ဦးမှဖုန်းဆက်၍`အန်တီ သမီးကိုည ၇း၃၀နာရီကမှော်ဘီကားပေါ်သို့ တင်ပေး လိုက်ကြောင်း သွားကြိုရန်ပြောကြားခဲ့သည်´

ထို အခါဒေါ်နော်မယ်စေးမှလူလွတ်၍အကြို ခိုင်းသော်လည်းပြန်လည်ရောက်ရှိလာခြင်းမရှိပေ ထို့ကြောင့်ဒေါ်နော်မယ်စေးမှ ည၁၀း၃၀ခန့်တွင်မောင်ရဲမင်းဦး ထံဖုန်းဆက်၍ ၄င်၏သမီးအား ကားပေါ် တင်ပေး လိုက်တာသေချာလားဟုမေးသောအခါသေ ချာကြောင်း၎င်းကိုယ်တိုင်ကားထွက်မှပြန် လာကြောင်းပြော ကြားခဲ့ပါသည်။

(မှတ်ချက် ယခင်က မောင်ရဲမင်းဦးသည်မနော် မေသူသူဇော်၏မိဘများထံသို့တစ်ခါမျှဖုန်း ဆက်သွယ်ဖူးခြင်း မရှိကြောင်းသိရသည်) 
 

၂၀.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးသည်သမီးနှင့်အတူနေထိုင်ရာ၎င်း၏ မောင်နေအိမ်သို့သို့သွားရောက်၍သမီး၏ သူငယ်ချင်းလိပ်စာဖုန်းနံပတ်များစုံစမ်း၍ ဆက်သွယ်မေးမြန်းရာ၎င်းတို့ထံသို့မလာ ကြောင်းသိရှိခဲ့ရပါသည် ထို့နောက်မှော် ဘီသို့ပြန်လာ၍ မှော်ဘီရဲစခန်းသို့လူ ပျောက်အမှုဖွင့်သောအခါမှော်ဘီရဲစခန်း မှတာဝန်ရှိ သူများ အကြံပေးချက်ဖြင့်၎င်းသ မီးနေထိုင်ရာမရမ်းကုန်းမြို့နယ် ဘုရင့်နောင်ရဲစခန်းသို့အမှုဖွင့်ရန် စီစဉ်ရပါသည် ။

ထိုနေ့မိုးချုပ်သွားသဖြင့နောက်တစ်နေ့တွင်မှသာအမှုဖွင့်နိုင်ပါသည် ၂၁.၄.၂၀၁၃ရက်နေ့တွင် ဦးဇော်ထွန်းဒေါ် နော်မယ်စေး တို့သည် မောင်ရဲမင်းအောင် နေအိမ်ကို စုံစမ်းသွားရောက်၍မောင်ရဲမင်းဦး   နေအိမ် ကိုစုံစမ်းသွားရောက်၍၄င်း၏မိဘများနှင့်အတူ မရမ်းကုန်းမြို့နယ်ဘုရင့် နောင်ရဲစခန်းသို့ သွားရောက်၍နေ့လည် ၁၀း၀၀နာရီအချိန်ခန်တွင် ရဲတပ်ကြပ်ကြီး ကျော်ဆန်းဝင်းထံ လူပျောက်အမှုဖွင့်၍ တိုင်ကြားခဲ့ပါသည် ၄င်းရဲတပ်ကြပ်ကြီးကျော် ဆနးဝင်းမှ နှစ်နာရီအချိန်တွင်စခန်းအား လုံးဖြန့်ဝေပေးမည် ဟုပြောကြားခဲ့ပါသည်

ထိုနေ့ညနေ၀၆၀၀အချိန်ခန့်တွင်မောင်ရဲမင်းဦးမှဒေါ်နော်မယ်စေးထံ ဖုန်းဆက်၍ `၄င်းသည် မနော်မေ သူသူဇော် ကိုင်သောဖုန်းအား ညနေ၄း၀၀နာရီခန့်ကဆက် ၍ရ ကြောင်းသို့ရာတွင်ယောက်ျား တစယောက်ကိုင်ကြောင်းလှိုင်သာယာလို့ပြောသံ ကြားကြောင်း ထို့နောက်ဖုန်းချ သွားကြောင်း´ ပြောကြား ခံ့ပါသည် ။

၂၂.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးထံသို့ဝါးနက်ချောင်းကျေးရွာ မှော်ဘီမြို့ နယ်ချင်းကျောင်းမှ မနော်မေသူသူအောင် ၏ပစ္စည်းများလှိုင်သာယာရဲစခန်းတွင် အပ်နှံထားကြောင်း၎င်းတို့ထံသို့ လှိုင်သာယာ ခရစ်ယာန်ဘုရားကျောင်းမှအကြောင်းကြားသောကြောင့်ပြောခြင်းဖြစ်ကြောင်းမှန်မ မှန်သွားကြည့်ရန်ပြော ခဲ့ပါသည်။

ထို့ကြောင့်နေ့လည်၁၁း၀၀နာရီခန့်တွင် မောင်ရဲမင်း ဦးထံနှင့် ဘုရင့်ရဲစခန်းမှရဲတပ်ကြပ်ကြီးကျော်ဆန်းဝင်း ထံသို့ ဖုန်းဆက်အကြောင်း ကြားပြီးလှိုင်သာယာရဲစခန်းသို့ လိုက်သွားရာနေ့လည်၂း၁၅အချိန်ခန့် တွင်ရောက်ရှိ၍ ပစ္စည်းများစစ်ကြည့်ရာ မှန်ကန်ကြောင်းတွေ့ရပါသည် ။

၎င်းပစ္စည်းများကို၁၉.၄.၂၀၁၃ရက်နေ့တွင် ည၈း၁၅အချိန်ခန့် တွင်အောင်ဇေယျတံတား (လှိုင်သာယာ ဘက်ကမ်း) တွင်လုံခြုံရေး တာဝန်ထမ်းဆောင်နေသောတာဝန်ကျရဲ ထံသို့ အမည်မသိအမျိုးသမီး၃ဦးမှ လာ၍အပ်နှံ သွားကြောင်းသိရသည် ပစ္စည်းများမှာ မေ န်ာမေသူသူဇော် ကိုင်ဆောင်သောလက် ကိုင်အိတ် ကျောင်းသားကဒ် အမေရိကန် သံရုံးစာကြည့်တိုက် အသင်းဝင် ကဒ်ဒေါက်ဖိနပ်တစ်ရံ စုစုပေါင်း ပစ္စည်း၁၁မျိုး တို့ ဖြစ်သည် ထို့နောက်ဘုရင့်နောင်ရဲစခန်းသို့ လိုက်သွားပြီး ထွက်ဆိုချက်များပေးခဲ့ရပါသည်


 ၂၃.၄.၂၀၁၃ရက်နေ့တွင်မနက်၀၉း၀၀ အချိန်ခန့်တွင်ဘုရင့်နောင်ရဲစခန်းသို့ ဒေါ် နော်မယ်ဆေးနှင့်အတူ ၄င်း၏မောင်နှင့် တူမတို့ထွက်ဆိုချက်များသွားပေးခဲ့ပါသည်ထိုအချိန်တွင် အမှုစစ်ဒုရဲအုပ်ကျော်ဝင်း နိုင် သည်ပစ္စည်းများ စတင်သိမ်းဆည်းခဲ့သော ရဲတပ်ကြပ်ကြီးဟာတူးမောင် အားစစ် ဆေးရန် လှိုင်သာယာ ရဲစခန်းသို့သွားမည် ဖြစ်သဖြင့်၎င်းနှင့်အတူလိုက်သွားခဲ့ပါသည်

ထိုသို့စစ်ဆေးနေစဉ်ဒုရဲအုပ်ကျော် ဝင်းနိုင်ထံသို့ ပိုင်ရှင်မဲ့ အလောင်းတစ် လောင်းအင်းစိန်ဆေးရုံကြီး သို့ရောက် ရှိနေကြောင်းဖုန်းသတင်းဝင်လာပါသည်

ထိုအကြောင့်အမှုစစ်ဒုရဲအုပ်ကျော်ဝင်းနိုင်နှင့်အတူ အင်းစိန်ရဲစခန်းသို့သွားရောက်ခဲ့ရပါသည် ထို့နောက် အင်းစိန်စခန်းမှူး ဓါတ်ပုံများထုတ်ပြ၍မနော်မေသူသူဇော် ဟုတ်မဟုတ်ကြည့်ခိုင်းပါ သည် ဒေါ်နော်မယ်စေး ၏ ဆွေမျိုးများ မှအင်းစိန်ဆေးရုံကြီးသို့ ဖုန်းဆက်၍အလောင်းရှိမရှိမေးမြန်း၍ ရှိသည်ဟု ပြောသဖြင့် ၀၄း၀၀နာရီအချိန်ခန့်တွင်အင်း စိန်ဆေးရုံကြီးသို့လိုက်သွားခဲ့သည်

ထိုနေ့ ကအလောင်းသယ်ယူသော ကားမအား၍ နောက်ကျခြင်းကြောင့်သာ အလောင်းကို ပြန်ရခြင်းဖြစ် သည် အကယ်၍ကားနောက် မကျပါကမိခင်မှာသမီးကိုမြင်တွေ့ ခွင့်ရ မည်မဟုတ်ပေ ထိုအလောင်းကို ၂၀.၄.၂၀၁၃ရက်နေ့ နံနက်၉း၀၀နာရီအချိန်ခန့်တွင် အင်းစိန်ရွာမအနောက်၆ရပ်ကွက် ငါးဒိုင်အနီးရှိမြစ် ကမ်းမှ၅ပေအကွာတွင်တွေ့ရှိဆယ်ယူပြီး အင်းစိန်ရဲစခန်းသို့အကြောင်းကြားခဲ့ကြ သည် စခန်းမှလာရောက် ၍ နေ့လည်၁နာ ရီခန့်တွင်အင်းစိန်ဆေးရုံကြီး သို့ပို့ဆောင် ခဲ့သည် ၂၄.၄.၂၀၁၃ရက်နေ့ တွင်ထိန်ပင်သို့ ပို့ဆောင်ဂူသွင်းသည်

အထက်ပါဖြစ်စဉ်များကိုသေချာဖတ် ၍အကြံပြုပေးကြပါ ဖြန့်ဝေပေးပါ  
၁။ စော်ဘွားကြီးကုန်းမှအောင်ဇေယျ တံတား ညနေ၀၇း၃၀ တွင်သွားပါက၄၅ မိနစ်ဖြင့်ရောက်နိုင်ပါသလား 

၂ ။ဘုရင့်နောင်ရဲစခန်းမှ လူပျောက်အ မှုဖွင့်ထားပြီး ၂နာရီအတွင်းရန်ကုန်တိုင်းရှိ စခန်းအားလုံးဖြန့်မည် ဆိုသော်လည်းအ ဘယ့်ကြောင့် လှိုင်သာယာရဲစခန်းမှပစ္စည်းများလက်ခံထိန်းသိမ်းပြီး လူပျောက်အမှုကို မသိရှိသလဲ 

၃ ။၎င်းပစ္စည့်းများ ထဲတွင် ကျောင်းသား ကဒ် မှတ်ပုံတင်များပါရှိပြီး
၎င်းကဒ်များတွ င်နေရပ်လိပ်စာများ ပါရှိသော်လည်းအဘယ့်ကြောင့် ကာယကံရှင်များအားအကြောင်း မကြားသနည်း (သိ့မဟုတ်)ကာယကံရှင်များနေထိုင်ရာမြို့ နယ်ရဲစခန်းသို့အ ကြောင်းမကြားသလဲ ၄ လူသေမှုဖြစ်နိုင်သလား(သို့မဟုတ်) လူသတ်မှုဖြစ်နိုင်သလားစာဖတ်သူများလည်းသေချာဖတ်၍စဉ်း စားပေးပါ အမှားအယွင်းပါပါကတောင်း ပန်ပါသည် အမှန်တရား တန်ဖိုးထားနိုင်ကြပါစေ။



Kothein Htike

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်