Pages

Sunday, 21 April 2013

ပေးသင့်မှပေး အခွင့်အရေး





တစ်ကောင်ကိုတော့ လွှတ်ထားပြီး နောက်တစ်ကောင်ကို နှုတ်သီးမှာ ကြိမ်စွတ် စွတ်ထားပြီးတော့ ကြိုးနဲ့ချည်ပြီးဆွဲလာတဲ့ ခွေးကျောင်းနေတဲ့သူကို ဘေးကကြည့်ပြီး ဒီကောင်ကိုကျတော့ ဘာကြောင့်ကြိုးနဲ့ ချည်ထားရတာ လည်း နှုတ်သီးကိုလည်း စွတ်ထားသေးတယ် ခွေးချင်းတူတူ လွှတ်မထား ဘူးလားလို့ ဘုမသိဘမသိ သွားပြောလို့မရဘူးနော် ။

အဲ့လိုသွားပြောရင်ဉာဏ်နည်းရာကျမှာပေါ့ ။ သူ့အကြောင်းနဲ့သူတော့ ရှိမှာပါလေ ။ အနည်းဆုံး ကိုက်တတ်လို့ ကြိုးချည်ထားတာ နှုတ်စွတ်စွတ် ထားတာ လို့ စဉ်းစားတတ်ရင် အဆင်ပြေမှာပါ ။ ခွေးတိုင်းလည်း တန်းတူ အခွင့်အရေးပေးလို့ မဖြစ်ပါဘူး ။ သူနဲ့ တန်ရာတန်ရာပေါ့ ။ အဲ့လိုကောင်ကို လွှတ်ထားရင် လောကကြီး ဆင်းရဲသွားမှာပေါ့ ။။။

_မျက်တောင်မွှေးတစ်ဆုံးပဲမြင်တတ်ရင်
===========================

ဖြစ်လာမှ လုပ်ဟလုပ်ဟ ဆိုပြီးဖြေရှင်းတာလောက်ပဲတတ်ပြီးတော့
မဖြစ်ခင်က ဖြစ်လာနိုင်တဲ့သဘောကို ဉာဏ်နဲ့ ကြိုမြင် ဆင်ချင် ကာကွယ် တတ်မှ ပညာရှိဖြစ်မှာပေါ့နော် ။

မကိုက်သေးမချင်း မြွေပွေးကို ခါးပိုက်ပိုက်ဖို့ ကြိုးစားနေတတ်တာမျိုးကတော့
ဉာဏ်နည်းလွန်းလို့ အဲ့လိုလူမျိုးတွေကို ကျွဲမှန်းသိနေတာမို့ စောင်းတီး မပြတော့ ပါဘူး ။

ကိုယ်ပဲ လူမိုက်ဖြစ်သွားမှာမို့ ပါ

Ah Ba Yah

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်