Sunday, 28 April 2013
အဂါင်္ဂြိုလ် ပြောင်းရွှေ့နေလိုသူများ လျှောက်ထားနိုင်
အဂါင်္ဂြိုလ်ခရီးစဉ်မှာ လိုက်ပါမယ့်သူများ အလိုရှိတယ်လို့ Dutch ကုမ္ပဏီတခုက ဒီကနေ့ကြေညာ လိုက်ပါတယ်။ ဂြိုလ်နီလို့ ခေါ်တဲ့ အဂါင်္ဂြိုလ်ဆီကို ၂၀၂၂ ခုနှစ်မှာ သွားဖို့ စီစဉ်ထားပြီး လမ်းမှာ ၇ လ ကြာမြင့် မှာပါ။ ဒါပေမဲ့ အဂါင်္ဂြိုလ်ကနေ ပြန်လာဖို့ စက်မှုနည်းပညာ မရှိသေးတဲ့အတွက် သူတို့ ပြန်လာနိုင်မှာ မဟုတ် ပါဘူး။ အဲဒီဂြိုလ်မှာပဲ နေသွားရမှာဖြစ်ပါတယ်။
ဒီပြန်လမ်းမရှိတဲ့ ခရီးစဉ်အတွက် အခုအချိန်အထိ တလမ်းသွားလက်မှတ်နဲ့ လိုက်ပါလိုသူတွေရဲ့ အီးမေးလ်ပေါင်း တသောင်းကျော်ကို လက်ခံရရှိထားပြီလို့ ဆိုပါတယ်။တလမ်းသွားခရီး စဉ် စီစဉ်ရတာက အပြန်လမ်းအတွက် နည်းပညာ မရှိသေးတာရယ်၊ စရိတ်စကကို များစွာ သက်သာစေမှာ ရယ်ကြောင့် ဖြစ် တယ်လို့ Mars One ဆိုတဲ့ ၀ဘ်ဆိုဒ်မှာဖော်ပြထားသလို အဂါင်္ဂြိုလ်ကိုသွားဖို့အတွက် လက်ရှိသိထားပြီးတဲ့ နည်းပညာနဲ့တင် လုံလောက်နေပြီလို့ သတင်းစာ ရှင်းလင်းပွဲမှာ ကုမ္ပဏီရဲ့ ဥက္ကဌ ဘာ့စ် လင်းစ်ဒေါ့ပ် ကပြောပါတယ်။
အဓိက အခက်အခဲက ငွေကြေးမလုံလောက်တာဖြစ်ပြီး အချိန်မှီ ငွေစုဆောင်းနိုင်မလား ဆိုတာကို မသေမချောဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ခရီးစဉ်မှာ လိုက်ပါလိုသူတွေ အသက် ၁၈ နှစ်နဲ့ အထက်
လျှောက်ထားနိုင်ပြီး လျှောက်ခ ၃၈ ဒေါ်လာပေးရမှာ ဖြစ်ပါတယ်။
အဂါင်္ဂြိုလ်ကို ထောက်ပံ့ပစ္စည်းပါတဲ့ ယာဉ်ကို ၂၀၁၆ မှာ ပို့လွှတ်မှာ ဖြစ်ပြီး နေထိုင်ဖို့ ယာဉ်ကိုတော့ ၂၀၁၈ မှာ လွှတ်မှာပါ။၈ ကြိမ် အစမ်း ပစ်လွှတ်ပြီးမှ လူပါတဲ့ ယာဉ်ကို လွှတ်မယ်လို့ ဆိုပါတယ်။ တကြိမ်မှာ အမျိုးသားအမျိုးသမီး ၂ ဦးကျစီသယ်ဆောင်မှာဖြစ်ပြီး ပုံမှန်သယ်ဆောင်နိုင်ဖို့ စီစဉ်ထားပါတယ်။
အဂါင်္ဂြိုလ်ပေါ်မှာ ဆက်လက်နေထိုင်မယ့် လူသားမျိုးဆက်သစ် အကြံအစီကို အရင်ကတည်းက စိတ်ကူးယဉ်ခဲ့ကြပြီး အခုဖြစ်နိုင်ခြေ ရှိလာတာဖြစ်ပါတယ်။
ဒါပေမဲ့ သွားတဲ့သူတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ နဲ့ ဂြိုလ်ဦးလူသားအဖြစ် အသက်ရှင်ရပ်တည်နိုင်မှု တို့အတွက်ကတော့ စောင့်ကြည့်ရအုန်းမှာပဲ ဖြစ်ပါတယ်။အပြည့်အစုံကို အောက်က လင့်မှာ ဖတ်ရှုနိုင်ပါတယ်။
ခင်မေဇော် (Burma-Newselite) ဘာသာပြန်ဆိုပါတယ်။
Credit:Burma-Newselite
အမျိုးအစာ
ပြည်ပသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်