၃၅၄ (ဃ) တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး
သို့မဟုတ် တိုင်းရင်းသား လူမျိုး အချင်းချင်း ကို လည်းကောင်း
အခြားဘာသာသာသနာ ကိုသော်လည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ
မိမိချစ်ခင်မြတ်နိုးသည့် စကား ၊ စာပေ ၊ ယာဉ်ကျေးမှု ကိုးကွယ် သည့် ဘာသာ
သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်
ဖွဲ့စည်းပုံ ၃၆၀
(က) ဘာသာ သာသနာရေးဆိုင်ရာ ကိုးကွယ်ဆောက်တည်မှုသည် စီးပွါးရေး၊ ဘဏ္ဍာရေး ၊
နိုင်ငံရေး ၊ အခြားလောကီရေးရာ ဆောင်ရွက်မှုတစ်ခုခုနှင့် ဆက်စပ်နေပါက ပုဒ်မ
၃၄ ပါ ဘာသာသာသနာရေးဆိုင်ရာ လွတ်လပ်ခွင့်များတွင် မပါဝင်စေရ ။
(ခ) ထိုသို့ ဘာသာ သာသနာ ရေးနှင့်စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေးများကိုပေးထားသော
်လည်း အများပြည်သူအကျိုးကိစ္စနှင့် ပြုပြင်ရေး ကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေပြုခြင်းကို မတားမြစ်ရ
ဖွဲ့စည်းပုံ ။ ၃၄ ။ ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း ၊ ပြည်သူ့ကိုယ်ကျင့် တရားနှင့်သော်လည်းကောင်း ၊ ပြည်သူ့ ကျန်းမာရေးနှင့်သော်လည်းကောင်း ဤဖွဲ့စည်းပုံပါ အခြေခံဥပဒေပြဌာန်းချက်တို့နှင့်
သော်လည်းကောင်း မဆန့်ကျင်လျင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင်
လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး ၊ လွတ်လပ်စွာကိုးကွယ် ဆောက်တည် နိုင်သော
အခွင့်အရေးတို့ကို အညီအမျှရစေရမည် ။
ဖွဲ့စည်းပုံ ၃၆၄ ။
နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလဲါသုံးစားမပြုရ ။ ထို့ပြင်
လူမျိုးရေးကြောင့် သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း
တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုစ်းနှင့်တစ်၈ိုဏ်း မုန်းတီးခြင်း ရန်မူခြင်း
စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ်
ပေါ်ပေါက်လာရန် အကြောင်း၇ှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့်
ဆန့်ကျင်သည် ။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန်
ဥပဒေပြဌာန်းနိုင်သည် ။
Nay Wai
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်