Pages

Tuesday 2 April 2013

ဝါယာအပူ လွန်ကဲရာမှ မီးထလောင်ခြင်း ထင်ရှာ

ဆန်း သစ်


ရေနံဆီလောင်းပြီး မီးရှို့တယ်လို့ အထင်ရှိနေသူများနဲ့ ကြမ်းပြင်တွင် ရေနံဆီတွေ ဖြန်းထားလို့ ထွက်ပြေး တာတောင်ချောလဲ ရပါတယ်လို့ ဖွကြသူများ အတွက် ဤပုံသည်ပြန်လည်ရှင်းပြစရာ သက်သေကောင်း တစ်ခုဖြစ်သည်။ 

ပုံတွင် လေးထောင့်အကွက် ဖြင့် ပြထားသောကြမ်းပြင်နေရာမှ နံရံကပ်ကြွေပြားများသည် အကောင်း ပကတိဖြူနေသောကြောင့် မီးဖုတ်ခံရခြင်းမရှိသည့်အတွက် ကြမ်းပြင်မှ မီးအပူချိန်ကူးဆက်ခြင်း မဟုတ်ကြောင်းထင်ရှားပါသည်။ပုံတွင်ပါ အ၀ိုင်းပြထားသော မီတာပုံးဝန်းကျင် လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားရာနံရံတစ်လျှောက်မှာတော့ နံရံကပ်ကြွေပြားများသည် အပူချိန်မြင့်မားစွာ မီးဖုတ်ခံရ သည့်အတွက် မီးကျွမ်းမဲတူးပြီး ကွဲကြေနေသည်များကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ထို့ကြောင့် မီးသည် မိုးသီးဇွန်တို့ ဖွနေသလို ကြမ်းပြင်မှ ရေနံဆီလောင်းမီးရှို့ခံရခြင်းမဟုတ်ပဲ ၀ါယာအပူ လွန်ကဲရာမှမီးထလောင်ခြင်းမှာ ထင်ရှားပါသည်ခင်ဗျာ။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်