Pages

Thursday, 11 April 2013

“မိတ္ထီလာတွင် အမဲသား အဆိပ်သင့်”



မန္တလေး- ဧပြီ (၁၀)

မိတ္ထီလာတွင် အမဲသားဝယ်ပြီး ချက်ပြုတ် မြည်းစမ်းကြည့်ရာမှအမဲသားအဆိပ်သင့်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၊ ညောင်ပင်ချိုအုပ်စု၊ ဖက်တောရွာနေဒေါ်ကြင်ဌေး (၅၄)နှစ်၊ (ဘ) ဦးဖိုးသာသည် (9-4-2013) ရက်နေ့ ည (7:00)တွင် အမဲသားမြည်းကြည့်သည့်အနေဖြင့်အရွတ်နှင့် အရေခွံကို စားကြည့်ရာမှ လျှာများပူထူသွားပြီး ဗိုက်ထဲတွင် ပူလောင်သွားကာမနေနိုင်မထိုင်နိုင်လောက်အောင် ခံစားနေရသောကြောင့် ကျေးရွာရှိ ဆေးမှူးဦးစောလွင်ထံအပြေးအလွှား သွားပြခဲ့ပါသည်။

ဆေးမှူးဦးစောလွင်က ဆေးတစ်လုံးထိုးပေးပြီးဆေးရုံတက်ခိုင်းသည်။ မိတ္ထီလာပြည်သူ့ဆေးရုံသို့ (9-4-2013) ရက်နေ့၊ ည (11:30) နာရီတွင်တက်ရောက်ကုသခဲ့သည်။

ဓာတ်မှန်ရိုက်ထားသော်လည်း အဖြေမထွက်သေးပေ။ဆီးနှင့်ဝမ်း စစ်ဆေးထားမှုလည်း အဖြေမထွက်သေးပေ။ ဟင်းအိုးကို ဓာတ်ခွဲခန်းပို့ စစ်ဆေးထားသော်လည်းအဖြေမထွက်သေးပေ။

ဖက်တောရွာမှ ဆေးမှူးဦးစောလွင်က အဆိပ်အပြင်းစားမဟုတ်။ အဆိပ်အပျော့ ဖြစ်နိုင်ကြောင်း ခန့်မှန်းသော်လည်း ဆရာဝန်များက ဓာတ်ခွဲခန်းအဖြေသာစောင့်ကြည့်ခိုင်းလေသည်။

အဆိုပါအမဲသားကို ဒေါ်ကြင်ဌေးကိုယ်တိုင် ဝယ်ခြင်းမဟုတ်ဘဲ ဒေါ်ကြင်ဌေး၏အစ်ကို ဦးလှကျော် (ရာအိမ်မှူး)က သွားဝယ်ခြင်းဖြစ်သည်။ မိတ္ထီလာ၊ပျံကျဈေး၊ ခေါင်းရွက်သည် ဒေါ်အမာတင် (မွတ်ဆလင်မ်) ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဒေါ်ကြင်ဌေး ဖြစ်သည့်ကိစ္စကို စူးစမ်းသည့်အနေဖြင့်အစ်ကိုဖြစ်သူ ဦးလှကျော်က လျာဖြင့် တို့ရုံတို့ကြည့်ရာ ဒေါ်ကြင်ဌေးခံစားရသလိုပင် လျာကြီးပူထူသွားသည်ဟုဆိုပေသည်။

ဓာတ်ခွဲခန်းအဖြေကို ယနေ့ (10-4-2013) ရက်နေ့၊ညနေ (4:30) နာရီတွင် သိရမည်ဟု ဆရာဝန်များက ပြောကြားကြောင်း၊ အမဲသားသည် ဒေါ်အမာတင်သည်ယင်းတော်ရွာမှ လာရောက်ရောင်းချခြင်း ဖြစ်ကြောင်း၊ ယနေ့ မိတ္ထီလာဈေးတွင်အမဲသားသည်တစ်ဆိုင်မျှ မရှိကြောင်း၊ စည်ပင်က တားမြစ်ထားသောကြောင့် ဖြစ်ကြောင်း သိရပါသည်။


သတင်းရင်းမြစ် - 09.43206493

by Wira Thu

1 comment:

  1. ရခိုင်တုန်းက ဘူသီးတဲ့။ မိထ္တီလာကျ အမဲသားတဲ့။ ပဲခူးမှာရော ဘာစဉ်းစားထားလဲ။ အဆိပ်သင့်တာ ကလည်းတယောက်ထဲလား။ တယောက်ထဲကို ရောင်းပြီးဆိုင်သိမ်းတာတော့ မဖြစ်နိုင်ဘူး။ လူပေါပါတယ်။ထပ်ရှာလိုက်ဦး။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်