Friday, 19 April 2013
မြင့်မြတ်သော ရာဇာပလ္လင်နောက်ခံနဲ့  လာသမျှ ဧည့်သည်ကို အပြုံးတွေ နဲ့  ရင်အေးစေသူ
..
နောက်ကျောထိုးမဲ့ ဓါးတွေကို သိသိကြီးနဲ့ 
ဓါးသွားဘက်က အနာခံကိုင်လို့ 
သူ့ အုပ်စိုးရာ အသိုက်မပျက်ဖို့ 
မသိချင်ယောင်ဆောင် စကားလုံးတွေနဲ့ 
လေတံခွန် လွှတ်သလို
အလျှော့အတင်းမျိုးစုံနဲ့  ပတ်ဝန်းကျင်ကို
ချွေးသိပ် အလုပ်နဲ့  သက်သေပြခဲ့သူ ..
ပြန်လည်တည်ဆောက်ဆဲ အဆောက်အဦးအတွက်
သံလျှက်ကိုင် ကိုယ်တိုင် အုတ်စီနေဆဲ
အချိန်ထဲက ဖဲ့လို့ 
လာသမျှကို ရန်သူမရှိ စည်းမခြား
ရွှေအိုရောင် ကောဇော်ခင်း
ယွန်းရွှေအုပ်နဲ့  ပွဲတော်ခင်းတတ်သူ ..
အဲဒီလို သူ
သူ ပြုံးပြခဲ့တဲ့ မှန်တစ်ချပ်က ပြဒါးမသုတ်
အလုပ်မလုပ်ပြခဲ့ဘူး
ဒါကိုတောင် အပြုံးမပျက် လက်ဆွဲနှုတ်ဆက်
သူ့ နှုတ်ဖျားက
တွေ့ ရတာ ဝမ်းသာပါတယ် ကို
လှိုက်လှိုက်လှဲလှဲ ပြောနိုင်ခဲ့တယ် ..
ထိုင်ခုံပေါ်က ရိုးဂုဏ်အပြည့်နဲ့ သူ့ အပြုံးကို မြင်တိုင်း
ဆစ်ခနဲ နာတဲ့ဝေဒနာ
ရင်ဘတ်ကလား ခေါင်းထဲကလား
မျက်ရည်တပေါက် ကျလိုက်တိုင်း
အငှားဗိုက်နဲ့ ဓါးထိုးခံရနေတဲ့ (သူ)ကို
ကျွန်တော် လက်ခုပ်မတီး ပန်းမပေါက်ပဲ
လေးစားပါတယ် စကားကိုတိုးတိုးဆို
ခြေသံပြင်းပြင်းနင်းလို့ 
(သူ) ဦးဆောင်ရာ ဖဝါးညီညီနင်းရင်း
လမ်းကြောင်းမသွေ လိုက်နေမယ်
Ko Lay
အမျိုးအစာ
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်