Pages

Tuesday, 23 April 2013

ဟားဗတ် တက္ကသိုလ်မှ ပညာသင်ဆုများ ခေါ်ယူသွား ရန်ရှိ



Tuesday 23rd April 2013

အမေရိကန်နိုင်ငံ ဟားဗတ် တက္ကသိုလ်မှာ ပညာသင်ကြား နိုင်ဖို့အတွက် ဟာဗက် တက္ကသိုလ်မှ H. Humphery ပညာတော်သင် ဆုကို ခေါ်ယူသွားဖို့

ရှိတယ်လို့ အမေရိကန် သံရုံးရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ အဆိုပါ ပညာတော်သင် ဆုဟာ တစ်နှစ် ပညာသင်ကြားခွင့် ရမှာဖြစ်ပြီး နိုင်ငံ ခေါင်းဆောင်မှု အတတ်ပညာနဲ့ ပတ်သက်ပြီး အလားလာရှိတဲ့ သူများကို ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပညာသင်ဆု ကိုရရှိပါက ခရီးစရိတ်များ၊ သင်တန်းကြေး၊ တက္ကသိုလ်ဝင်ကြေး၊ ကျန်းမာရေး အာမခံကြေး၊ ပညာရေးနဲ့ ဆိုင်တဲ့ ပစ္စည်းများ၊ လှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး ငွေကြေး ထောက်ပံ့မှုများကို ပေးသွားမှာ ဖြစ်ပါတယ်။




ပညာသင်ဆု အတွက် ရွေးချယ်ရာ မှာတော့ တက္ကသိုလ်မှ ဘွဲ့ရဖြစ်မှာ ဖြစ်ပြီး၊ TOEFL ရမှတ် ၅၂၅ မှတ် ရရှိထား ရမှာဖြစ်တဲ့ အပြင် အများအတွက် ၀န်ဆောင်မှု မှတ်တမ်း စတဲ့ ပညာ အရည်အချင်း များလည်း ပါရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဓိက အနေနဲ့ လျှောက်ထား သူများဟာ J-visa ရှိရမှာ ဖြစ်ပါတယ်။



သင်ကြားရမယ့်ပညာရပ်များ အနေနဲ့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးမှုများ၊ စီးပွားရေး၊ ဘဏ္ဍာရေးဖွံ့ဖြိုးမှုများ၊ မြို့တွင်း၊ နယ်စပ်ဒေသဆိုင်ရာ အစီအစဉ်ရေးဆွဲမှုများကို သင်ကြားပေးမှာ ဖြစ်ပြီး ဒီမိုကရေစီနဲ့ဆိုင်တဲ့ တက်္ကသိုလ်တည်ဆောက်မှုများ၊ ပညာရေးများ၊ အများပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ အကြောင်းတွေ ကိုလည်း သင်ကြား ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပညာသင်ဆုကို ဇူလိုင်လ ၃ ရက်နေ့ အထိ နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပြီး အသေးစိတ် အချက်အလက်များ သိရှိလိုပါက အမေရိကန် သံရုံးသို့ ဆက်သွယ် နိုင်တယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်