-ဆူးချွန်မြလို့
လက်ရှမှာတွေး၊ ခူးလက်နှေးက
ပျံမွှေးနှင်းဆီနဲ့ ဝေးမည်သာ။
-နေပူကြောက်လို့
ဆက်လျှောက်ဖို့အရေး၊ ခြေလှမ်းနှေးက
အေးရိပ်သုခနှင့် ဝေးမည်သား။
-ဒုက္ခပြွမ်းလို့
ပန်းရိခွေယိုင်၊ နွမ်းချိုမှိုင်က
ပန်းတိုင်းအလှနှင့် ဝေးမည်သာ။
-ဘာပဲဖြစ်ဖြစ်၊ စိတ်မညစ်ဘဲ
အားသစ်ဇွဲထူး၊ ဉာဏ်ကူထပ်လောင်း
လမ်းကြောင်းမှန်ရွေး၊ သတ္တိမွေးလျှင်
ရှေ့ရေးဘဝ၊ အငွေးလှ၍
လောကအောင်ပွဲ ကိုယ့်လက်ထဲမှာ ။ ။
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်