Thursday, 11 April 2013
သင်္ကြန်တွင်း ဒဏ်ရာရရှိသူများကို ကူညီရန် နာရေးအသင်း လူနာတင် ယာဉ်လေးစီး အသင့်ပြင်ထား
Friday, April 12, 2013
သင်္ကြန်ရက်များအတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများရှိပါက ကူညီကယ်ဆယ်နိုင်ရန် အရေးပေါ် လူနာတင်ယာဉ်လေးစီးနှင့် ကျွမ်းကျင်သူများကို အသင့်ပြင်ဆင်ထားကြောင်း နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူကပြောသည်။
နာရေးကူညီမှုအသင်းမှ အရေးပေါ်လူနာတင်ယာဉ်များ အခမဲ့ကူညီပေးခြင်းကို ၂၀၁၂ ခုနှစ် နှစ်လယ် ပိုင်းက စတင်ခဲ့ခြင်းဖြစ်သည်။ သင်္ကြန်ကာလတွင်း ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လာပါက အခင်းဖြစ်နေရာ ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများ အကြောင်းကြားပါက အချိန်မရွေး သွားရောက် ကူညီပေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“အရေးပေါ် ထိခိုက်ဒဏ်ရာရရင် ပြုစုဖို့ သင်တန်းဆင်းပြီးသား အသင်းသား အယောက် ၂၀ နဲ့ လူနာတင်ယာဉ်လေးစီးကို အသင့်ပြင်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို အခင်းဖြစ်နေရာက ရဲ၊ မီးသတ် စသည်ဖြင့် တာဝန်ရှိသူတွေက အကူအညီတောင်းမှ သွားရောက်ကူညီခွင့် ရှိပါတယ်။ ဒါကြောင့် တာဝန်ရှိ သူတွေအနေနဲ့ ကျွန်တော်တို့အသင်းကို ဆက်သွယ်ပေးပါ လို့ ပြောချင်ပါတယ်”ဟု ဦးကျော်သူကပြောသည်။
နာရေးကူညီမှုအသင်းသို့ အရေးပေါ်လူနာတင်ယာဉ် အကူအညီတောင်းခံလိုပါက ဖုန်းနံပါတ် ၇၀၄၇၈၄၊ ၇၀၉၂၇၇ နှင့် ၅၈၀၁၃၃ တို့သို့ ဆက်သွယ်နိုင်ကြောင်းနှင့် နာရေးလမ်းကြောင်း ကူညီမှုများကို သင်္ကြန်ကာလအတွင်း ယခင်နှစ်များကအတိုင်း သင်္ကြန်အတက်နေ့ ည ၁၂ နာရီအထိ ကူညီပေးသွားမည်ဖြစ်သည်။
7Day News Journal
အမျိုးအစာ
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်