ဒီနေ့
မောင်တောသင်္ကြန် အလယ်နေ့ပါ ညကတည်းက မိုးတွေရွာ ပါတယ် သန်းခေါင်လောက် ကျတော့
လေပြင်းတွေပါတိုက်လာတယ် ကျွန်တော်က နွေရာသီဆို ၀ရန်တာမှာအိပ်တာ ညက
မိုးတွေရွာလေတွေတိုက်တော့ ပေတေပြီး အိပ်နေရင်းနဲ့ ၈.၆.၂၀၁၂ နေ့က
မီးရှို့ခံရွာတွေဖြစ်တဲ့ ဗေါဓိကုန်း၊ ကံပြင်သာစည်၊ ၊ ကိုင်းကြီး၊တခြား
ရွာတွေကိုသတိရသွားတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီရွာတွေမှာ
အိမ်ဆောက်လို့မပြီးသေးလို့ပါ
ကျွန်တော်တို့က တော့ ကိုယ့်မှာ ကို အေးအေးဆေးဆေး အိပ်နိုင်တဲ့ အချိန်မှာ
အဲဒီရွာသားတွေ ဘယ်လိုများ နေကြပါလဲ သိချင်စိတ်က အရမ်းဖြစ် လာပြီး
အိပ်မပျော်တော့ ဘူး မိုးလင်းရင် အဲဒီရွာတွေ ကို သွားမယ် ဆိုပြီး စိတ်က
ဖြစ်နေတယ် ကံကောင်းချင်တော့ ဗောဓိကုန်းရွာ က သူငယ်ချင်းက မောင်တောကိုလာပြီး
ကြက်ဥလာဝယ်တယ်လေ သူအပြန်မှာ သူတို့ရွာကို ကျွန်တော် နဲ့ အတူ နောက်
သူငယ်ချင်း တစ်ယောက် နဲ့ အတူ လိုက်သွားတယ် လက်ရှိအခြေအနေလေး တွေကို ဓါတ်ပုံ
ရိုက်ဖြစ်တယ်။ သွားတဲ့ အချိန်က မနက် ၁၁နာရီလောက်ပါ။
မိုးမရွာပေမယ့်
လေပြင်းတွေ တိုက်နေတော့ စိုးရိမ်စိတ်တွေ အပြည့်နဲ့ပေါ့ ရွာကို ရောက်တော့
တွေ လိုက်ရတာ က ဓါတ်ပုံထဲမှာ အတိုင်းပါဘဲ တစ်ရွာလုံး အိမ်ခြေ(၄၂) ဆောင်ရှိ
တာမှာ အိမ်(၁၂) ဆောင် က ဆောက်ပြီးပါပြီ။ (ဆောက်ပြီးတာ အနည်းဆုံး
(၅)လလောက်တောင်ရှိပြီ ကျန်တဲ့ အိမ်အဆောင်(၃၀)က အခုထိ အိမ်တိုင်အတွက်
တွင်းမတူးရသေးဘူး အိမ်ဝင်းကို ခြံခတ်ထားပြီး တော့ အိမ်သာ တစ်လုံး စီ ၊
အိမ်ထဲ ကို ရေ သွယ်ပိုက် တစ်ချောင်း စီ ပို့ပေးထားတယ်။ အိမ်မရှိသေးတဲ့
ရွာသားတွေ က အခုထိ ရွက်ဖျင်တဲ ထဲမှာ နေကြတုန်းဘဲ။
မိုးရွာ တော့ ဘယ်လိုနေကြ
သလဲ မေးကြည့်တော့။ ရွာသူ တစ်ဦးက ဘာတတ်နိုင်မလဲမိုးရွာ တော့လည်း
ဘုန်းကြီးကျောင်းရှိတာဘဲတဲ့ ။
ရွာသား တစ်ဦးက တော့ “မနေ့ညက မိုးရွာ လေပြင်းတွေ တိုက်တော့ ရွက်ဖျင်တဲ
ကြိုးတွေ ပြတ်ထွက်သွားတယ်။ ရွက်ဖျင်တဲတစ်ခုလုံး မြေပြင်မှာပြားပြား
ဝပ်သွားတယ်။
မိုးလင်းမှာ ကြိုးပြန် တုပ်ရတယ်” လို့ ပြောပြပါတယ်။
ဒါတွေကိုတွေ့ရတော့ ပြဿနာဖြစ်ပြီးတော့ အိမ်တွေကို ဘယ်တော့ အပြီးဆောက်ပေးမယ်
ဘာတွေလုပ်ပေးမယ် ဆိုပြီး အာမခံပေး၊ ကတိတွေ တသီတန်းပေး၊ နာမည်ကောင်းတွေ
ယူခဲ့ တဲ့ အဖွဲ့တွေ ကို ဒေါသဖြစ်မိတယ်။ သူတို့ သာ ကတိတွေ ဇွတ်မပေးခဲ့ရင်၊
နောက်တစ်ဖွဲ့ က တာဝန်ယူပေးမှာပေါ့ အခုတော့ ဖင်မနိုင်ဘဲ ပဲစားတယ် (သူတို့
ချီးပန်းတာ အရေးမကြီးဘူး ) ဟိုမှာ ဒုက္ခရောက်နေတဲ့သူတွေမှာ
နေစရာနေရာမရှိဘူး။
အားလုံးက ထင်နေမှာက မီးရှို့ခံ့ ရွာတွေမှာ
အိမ်တွေဆောက်ပြီးပြီလို့ မေ့မေ့ပျောက်ပျောက် ထင်နေ ကြချိန်မှာ သနားစရာရွာသား
တွေမှာ လာမယ်မိုးတွင်း ကာလ မိုးရာသီကို ရွက်ဖျင်တဲထဲမှာ
ဘယ်လိုရင် ဆိုင်ကြမလဲ ဆိုပြီး တွေးပူနေကြ လေရဲ့။
(စာကြွင်း ။ ။
ကျွန်တော်သွားခဲ့တဲ့ ဗောဓိကုန်းကျေးရွာကို တာဝန်ယူပြီး အိမ်ဆောက်ပေး ဖို့
ကတိတွေ တသီတတန်း ပေးခဲ့ တာ “ကေးယားမြန်မာ (Care Myanmar) မှ ဖြစ်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်