Sunday, 7 April 2013
ညောင်ကမြိုလို့ ညောင်ပင်ဖြစ်မှာ စိုးပါသည်
နေဆယ်စင်းမျှ ပူပါစေ
မီးတောင်တွေ ပေါက်ကာ
ချော်ရည်အပြည့်
ကမ္ဘာကိုယ် ဖုံးလည်း
ငါ...မကြောက်ပါ။
လှိုင်းကြီးလို့ လေထန်
မိုးမှောင်ရယ်ကျကာ
ကယ်ပါ ယူပါ
တွဲထူပါလို့ ငါ မပြော။
အမြောက်သံ ဗုံးသံတွေနဲ့
စစ်တလင်းပြင် ဖြစ်စေအုန်း
ပြေးလွှားရင်း ရုန်းကန်
အစားတစ်လုပ် တုတ်တစ်ချက်
ငတ်ပြတ်ကာ ၀မ်းမ၀လဲ
စိုးစိမျှ ငါ...မကြောက်။
ဒါပေသည့်
ကမ္ဘာမှာ မြန်မာရယ်လို့
ဝံ့ကြွားခဲ့သည့်
တို့အမျိုးဂုဏ်
ဘာသာ လူမျိုး ဆတိုးမပွားပဲ
ညောင်ကမြိုလို့ ညောင်ပင်ဖြစ်မှာ
ငါ...ကြောက်ပါသည်.............
ငါတို့လူမျိုး… (တိုင်းရင်းသား လူမျိုး ၁၃၅ )
လူကွဲ မျိုးကွဲ ဘာသာကွဲများ
သွေးနှော မျိုးဖောက်
လူချင်းမျိုမှာ
ငါ....ကြောက်ပါသည။
ဇာမရီ
အမျိုးအစာ
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်