Pages

Sunday 7 April 2013

သာကေတ (၇) ရပ်ကွက်မှာဘုရားလှည့်လည်အပူဇော်ခံနေပုံပါ




သာကေတ (၇) ရပ်ကွက်မှာဘုရားလှည့်လည်အပူဇော်ခံနေပုံပါ။ ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာဂုဏ်တော် တွေကိုရည်စူးတဲ့ ၉၆၉ နဲ့ပါ။ဘာသာ သာသနာကိုကာကွယ်စောင့်ရှောက်နေပုံတွေပါ

4 comments:

  1. အရမ်းကောင်းပါတယ်။
    တရားပွဲတွေ ကျင်းပပြီး
    ဆရာတော်သံဃာတော်များကလည်း
    ဗမာဗုဒ္ဒဘာသာဝင်တွေ
    အမျိုး ဘာသာ သာသနာကို
    တန်ဘိုးထား ကျင့်ကြံနိုင်ရေး
    ဟောကြား လမ်းညွှန်ပေးကြပါဦး ဘုရား။
    ( လုလင်-ပြောသည် )

    ReplyDelete
  2. ကျွန်တော်ကိုယ်တိုင်က ဗုဒ္ဒဘာသာဝင် စစ်စစ်ပါ။ မိရိုးဖလာ ယုံကြည်ကိုးကွယ်မှုထက်သာတဲ့ ထေရ၀ါဒ စစ်စစ်ဖြစ်ဖို့ အမြဲကြိုးစားအားထုတ်နေတဲ့သူပါ။ ဦးဝီရသူတရားတွေ အွန်လိုင်းမှာ ပြန့်လာကတည်းက ပြသနာတစ်ခုဆီကို တွန်းပို့နေပြီဆိုတာကို ပြောခဲ့ပါတယ်။ လက်လည်းမခံနိုင်ပါဘူး။ ဒီလိုအချိန်မှာ ရခိုင်အရေးတောင် မီးမငြိမ်းသေးခင် အကဲဆတ်တဲ့ ဘာသာရေးမီးကို ဘာအကြောင်းကြောင့်မှ ထပ်မမွှေးသင့်ဘူးလို့ ယုံကြည်ခဲ့ပါတယ်။ ရိုးသားတဲ့ တိုက်တွန်းနှိုးဆော်မှုလို့လည်း ယုံကြည်မပေးနိုင်ပါဘူး။
    နိုင်ငံရေးပင်ဖြစ်စေ၊ ဘာသာရေးပင်ဖြစ်စေ အခြေအနေနဲ့ အချိန်အခါ ဆိုတာရှိပါတယ်။ဘယ်လောက်ပဲ စေတနာမှန်တယ် ဆိုစေဦးတော့ အခြေအနေအရ မသင့်တော်ရင် လုပ်လို့မဖြစ်ပါဘူး။ တစ်ခုပဲ စဉ်းစားကြည့်ပါ။ မြတ်စွာဘုရားရှင်သာ သက်တော်ထင်ရှား ရှိနေခဲ့ရင် ခွင့်ပြုပါ့မလား။ သဘောတူပါ့မလား။ တားမြစ်လိမ့်လေမလားဆိုတာကို။ ဘုရားကြိုက်တဲ့ ၊ နှစ်သက်လက်ခံတဲ့ အလုပ်မဟုတ်ရင် ဘုရားသားတော်တွေ လုပ်သင့် မလုပ်သင့်ကို ချင့်ချိန်ကြရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ကတော့ ပြောခဲ့ပါတယ်။ နိုင်ငံရေးမှာ ဘုန်းကြီးတွေ ၀င်မပါကြဖို့ ပါ။ ကိုယ့်ဘာသာ တိုးတက်ထွန်းကားဖို့  သူများဘာသာတွေကို တိုက်ခိုက်ထိုးနှက် ချေမွဖျက်ဆီးပစ်ဖို့ မလိုပါဘူး။ မြတ်စွာဘုရားဟောခဲ့ပါတယ်။ တရားစောင့်တဲ့သူကို တရားက ပြန်စောင့်ပါလိမ့်မယ်တဲ့။ မေတ္တာကို အဓိကထားတဲ့ ဘာသာမှာ ဒီလိုဖြစ်ရပ်တွေ ဖြစ်တယ်ဆိုတာ ရှက်စရာကောင်းပြီး တကယ် တရားမရှိကြောင်းကိုလည်း ဖော်ပြနေသလို ဖြစ်နေခဲ့ပါပြီ။ လောကကြီးမှာ ဘီလူးစည်း လူ့စည်းဆိုတာ ရှိပါတယ်။လူဟာ လူ့ အလုပ်လုပ်ပြီး သံဃာဟာ သံဃာ့အလုပ်ကို လုပ်ရပါလိမ့်မယ်။ သူယုံကြည်ရာ သူ့ဘာသာကို သူကိုးကွယ်ပြီး ကိုယ်ယုံကြည်ရာ ကိုယ့်ဘာသာကိုကိုယ် ကိုးကွယ်ကြရပါလိမ့်မယ်။ ရွာဖြစ်နေတဲ့ ကမ္ဘာကြီးထဲမှာ မတူညီတဲ့ ယဉ်ကျေးမှု၊ မတူညီတဲ့ဘာသာရေး၊ မတူညီတဲ့ အတွေးအခေါ်၊ မတူညီတဲ့ ဓလေ့ထုံးတမ်းတွေနဲ့ မတူညီတဲ့လူတွေ အတူတူ ငြိမ်းချမ်းစွာ အတူယဉ်တွဲ နေထိုင်တတ်မှ ဖြစ်တော့မှာပါ။ ကိုယ့်ဘာသာကို ကိုယ်လေးစားသလို၊ သူ့ဘာသာကို မစော်ကားမိဖို့ကလည်း အရေးကြီးလာပါပြီ။ မည်သည့်ဘာသာပင်ဖြစ်ပါစေ ဘာသာရေးအစွန်းရောက်မှု အားလုံးကို လက်မခံနိုင်ပါဘူး။ ဘာသာရေး အကြမ်းဖက်မှုမျိုးကို ပိုပြီးတော့ လက်မခံနိုင်ပါဘူး။ မြတ်စွာဘုရားရှင် ကိုယ်တိုင် သက်တော်ထင်ရှား ရှိနေခဲ့ရင်လည်း လက်သင့်ခံမှာ မဟုတ်ပါဘူး။ ဘာသာရေး အရေခြုံထားတဲ့ လူမျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ထိုးနှက်တိုက်ခိုက်ချင်တဲ့သူ အားလုံးကို သတိရှိရှိနဲ့ အသိရှိတဲ့ ပြည်သူအားလုံး ၀ိုင်းဝန်းကာကွယ် တားဆီးဖော်ထုတ် ကန့်ကွက်ကြရပါလိမ့်မယ်။ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ပြဿနာပေါင်း တစ်သိန်းခြောက်သောင်းလောက် အမွေရထားတဲ့ကြားထဲမှာ ကျွန်တော်တို့ တိုင်းပြည်လေးမှာ ရှေ့ဆက်ရတယ်ကို မရှိပါဘူး။ ပြဿနာ တစ်ခုငြိမ်းလိုက် နောက်ထပ်ပြဿနာတွေကို ဖန်တီးလိုက်နဲ့  သေချာတာကတော့ နောက်ပြန်မရောက်ဘူး ဆိုရင်တောင် ဒီလိုပုံနဲ့တော့ ကျွန်တော်တို့  ရှေ့တိုးနိုင်မှာ မဟုတ်ပါဘူး။ သူများဖန်တီးထားတဲ့ လှည့်ကွက်တွေထဲဝင်လိုက်၊ ကိုယ့်ဟာကိုယ်ဆင်ထားတဲ့ ထောင်ချောက်ထဲ ပြန်ဝင်လိုက်နဲ့ သေချာတာကတော့ ကမ္ဘာ့မြင်ကွင်းမှာ ကျွန်တော်တို့ဘာသာနဲ့ ကျွန်တော်တို့လူမျိုးက အရိုင်းအစိုင်းဇာတ် အသွင်းခံရတော့မှာ။ ဂဏန်းညှပ်တာတော့လည်း လူမသိဘူးပေါ့ဗျာ။ နာတိုင်းတော့လည်း စွတ်ရမ်းပြနေလို့မရတာ ဉာဏ်ရှိရှိ သတိကြီးကြီးနဲ့  တုံ့ပြန်တတ်ကြမှ ဖြစ်မှာပါ။

    ReplyDelete
    Replies
    1. အခုလိုရေးပြလိုက်တာကို ထောက်ခံတယ်ဗျာ " ဘုရားဟောတဲ့ အထဲမှာ သူတို့အခု လုပ်နေကြတဲ့ပုံစံ မပါ
      ပါဘူးဗျာ "

      Delete
  3. ဘုရား တရား သံဃာ
    ဗုဒ္ဓံ ဓမ္မံ သံဃံ
    အရဟံ
    စတာတွေဟာ ရှေးကတည်းက ဗုဒ္ဓဘာသာအိမ်တွေ ဆိုင်တွေမှာ အမြဲချိတ်ဆွဲထားလေ့ရှိတာပါ။
    ခုမှ ၉၆၉ တဲ့ ထွင်တာကလည်း သူများဘာသာကို အတုခိုးထားတာပါလို့ဝန်ခံထားသေးတယ်။ သူတို့က ကိန်းဂဏန်းနဲ့ ရေးတိုင်း ကိုယ်ကလိုက်ရေးဖို့လိုလို့လား။
    သူများဆီက ခိုးချထားတာတော့ရှက်စရာကောင်း တယ်ဗျာ။
    ဗုဒ္ဓဘုရားရှင်ဟာ ဘယ်သူမှမသိသေးတဲ့ တရားကို ဘယ်ကမှခိုးမချဘဲ ကိုယ်တိုင်သိအောင် ရှာဖွေခဲ့တာပါ။
    ၉၆၉ တံဆိပ်တွေကားမှာကပ် နဖူးစီးပြီး လိုက်ဖျက်စီးတယ်ကြားတော့ ပိုတောင်စိတ်ပျက် သေးတယ်။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်