Pages

Sunday, 21 April 2013

“မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးအဖြစ် ရလိုက်တာ တကယ့်ကိုပဲ လူ့အခွင့်အရေး အပြည့်အဝရလိုက်တာပါ


ဒါက အွန်လိုင်းပေါ်မှာ ဖတ်လိုက်ရတဲ့ ဒကာမလေး တစ်ဦးရဲ့ မှတ်ချက်လေးတစ်ခုပါ။ ဂုဏ်ယူတတ် မယ်ဆိုရင် ဒီမှတ်ချက်လေးဟာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ အားလုံးအတွက် တန်ဘိုးမဖြတ်နိုင်အောင် မှန်ကန်လှပါတယ်။ ဘယ်သူတွေ ဘာပဲပြောပြော ဗုဒ္ဓဘုရားရှင်ရဲ့ အမျိုးသား အမျိုးသမီး ခွဲခြားမှု မရှိ အကျင့်အသိကို ဦးတည်နေမှုဟာ ဘယ်ဘာသာတရား အဆုံးအမနဲ့ကိုမှ မတူညီတဲ့ ထူးခြားမှုပဲ ဖြစ်ပါတယ်။ အမျိုးသမီးခန္ဓာကိုယ် တည်ဆောက်ပုံအရ အမျိုးသားများနဲ့ မတူညီမှုကလွဲပြီး ကျန်တဲ့ကုသိုလ်ရေး၊ သံသရာ ဘဝအရေး၊ နိဗ္ဗ္ဗ္ဗာန်ရရေးတွေမှာ မြတ်ဗုဒ္ဓရဲ့ သွန်သင်မှုဟာ တဖြေးညီထဲပါပဲ။

ဗုဒ္ဓဘာသာရဲ့ ဒီလို လွတ်လပ်စွာ ကိုးကွယ်မှု၊ အမျိုးဇာတ်မခွဲခြားမှု စတာတွေဟာ သေချာတွေးကြည့်ရင် တခြားတခြား ဘာသာများရဲ့ အဆုံးအမတွေနဲ့ ကွဲပြားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်ဘာသာတွေ က ဘယ်လိုပဲ လူ့အခွင့်အရေးတွေ ဘာတွေအော်နေပါစေ လက်တွေ့ပိုင်းမှာတော့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမ ဟာ အားလုံးအတွက် ကိုယ်ပိုင်ရွေးချယ် ပြဌာန်းမှု အပြည့်ရှိနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ အတွက် အခြားဘာသာတရား အချို့နဲ့ ချိန်ထိုးကြည့်ရင် လွတ်လပ်စွာ ပြဌာန်းခွင့် ရှိနေတယ် ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓဘာသာအားလုံး တန်ဘိုးထားတတ်ကြဖို့ လိုပါတယ်။


တန်ဘိုးထားတတ်ဖို့အပြင် ဒီအခွင့်အရေးတွေကိုလည်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြဖို့လည်း အထူးလိုအပ်နေတာ ဖြစ်ပါတယ်။ လွတ်လပ်တယ်ဆိုပြီး ပေါ့ပေါ့တန်တန် သဘောထား၊ ဖြစ်သလို နေသွား ကြမယ်ဆိုရင်တော့ အမျိုးသမီးအခွင့်အရေး အပြည့်အဝ ပေးမထားတဲ့၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်မရ၊ လွတ်လပ်စွာ ဝတ်စားခွင့်မရ၊ လွပ်လပ်စွာ ရွေးချယ်ပိုင်ခွင့်မရတဲ့ အယူဝါဒအချို့ရဲ့လွှမ်းမိုးမှုအောက်ကို
 ရောက် သွားကြမှာ ဖြစ်ပါတယ်။ အဲဒီအခါကျမှ ဗုဒ္ဓဘာသာရဲ့ တန်ဘိုးတွေကို ပြန်တောင့်တလို့ ရမှာမဟုတ်တော့ဘူးဆိုတာ အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် တန်ဘိုးရှိလှတဲ့ ဘာသာတရားနဲ့ အဆုံးအမတွေကို ရရှိနေပြီး လူ့အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့် အပြည့်အဝ ရရှိထားကြတဲ့ ဗုဒ္ဓဘာသာ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ အနေနဲ့ ကိုယ်ရရှိထားတဲ့ အခွင့်အရေးတွေကို ဆုံးရှုံးမှု မရှိရလေအောင် အခွင့်အရေးရှိတုန်း ကိုယ့်ဘဝအတွက်၊ အမျိုးဘာသာ သာသနာအတွက်နဲ့ ဗုဒ္ဓအဆုံးအမ၊ ဗုဒ္ဓယာဉ်ကျေးမှုတွေကို အခြေခံထားတဲ့ ဗုဒ္ဓဘာသာ ရွှေနိုင်ငံတော်ကြီးအတွက် အားလုံး အတူတကွ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းနေကြရခြင်း ဖြစ်ပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်