ဘင်္ဂလားဒေစ် နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေနှစ် ၂ ထဲက ၁ ခုဖြစ်ပါတယ်။ အရှေ့တောင် အာရှမှာရော ၊ မူလ ဘင်္ဂလားဒေစ် နိုင်ငံအတွက်ပါ အရေးပါ အရာရောက်ဆုံး သာသနိက အဆောက်ဦးလို့ ပညာရှင်အများစုက သတ်မှတ်ထားပါတယ်။
အိန္ဒိယ နိုင်ငံ ကမ္ဘာ့ပထမဆုံး ဗုဒ္ဓဘာသာ တက္ကသိုလ် " နာလန္ဒာ" ကမှတ်တမ်းတွေ အရ ဆွန်မပူရ မဟာဝိဟာရ ပုထိုးတော်ကြီး ဟာ အရွယ်အစား၊ ပုံစံ မတူဘဲ ကွဲပြားခြားနား တဲ့ အခန်းငယ်ပေါင်း ၁၇၇ ခန်း ပါတဲ့ ပင်မထုထည်ကို စေတီငယ် ( အရေအတွက်မသေခြာ )တွေနှင့် ရံထားပါတယ်။
ပုထိုးတော်ကြီး တစ်ခုလုံးရဲ့ ပတ်ပတ်လယ် နန်ရံတွေမှာ ဂျိန်း ( ဂျိန )၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာဆိုင်ရာ အလှဆင် ရုပ်ကြွတွေနှင့် အလှဆင်ထားပါတယ်။( အခုတော့ မရှိတော့ပါ၊ ရှိတဲ့ရွှံ့စေး ရုပ်ကြွတွေကလည်း အစားထိုး ထားတဲ့ လက်ရာ ခပ်ညံ့ညံ့အရုပ်တွေပါ )
ပုထိုးတော်ကြီးရဲ့ နန်ရံလေးဘက် လေးတန်ကို တိုင်းတာမယ်ဆိုရင် ၉၂၂ ပေတိတိ ရှိတယ်လို့ဆိုပါတယ်။ ထုထည်ကြီးမားတယ်။ ဟိမဝန်တာ တောင်တန်း မြောက်ပိုင်းတ ဝိုက်မှာ ဒုတိယ အကြီးဆုံး ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးအဖြစ် မှတ်တမ်းဝင်ပါတယ်။ အရွယ်စား အားဖြင့် ပတ်လည် "ပေ" အကျယ် ၈၅၀၀၀ ( ၂၀ ဧက ) လောက်ကျယ်တဲ့ ကျောင်းတော်ရာ ဖြစ်တယ်။
တိဘက်ပြီဘုန်းတော်ကြီး " တာရာနသ"(Taranatha) ရဲ့မှတ်တမ်း " ပဂ် စမ် ဂြွန် ဇန်း"( Pag Sam Jon Zang)အရ ၉၉၅ ခုနှစ်မှာ နန်းတက်တဲ့ " မဟိပါလ" (Mahipala)(၉၉၅-၁၀၄၃) မင်းဆက်မှာ နောက် တစ်ကြိမ် ထပ်ပြီးမွန်းမံပြင်ဆင်ပါသေးတယ်။( ဒီမှတ်တမ်းကို ထောက်ခံဖို့၊ ငြင်းဆန်ဖို့ ခေတ်ပြိုင် အထောက်အထား မရှိသေးပါ)
ဒီလို ကြီးကျယ်လှတဲ့ ဓမ္မပါလမင်း (အေဒီ ၇၈၁-၈၂၁ ) ကောင်းမှူ့ ပုထိုးတော်ကြီးဟာ ပါလမင်းဆက်တွေ ဩဇာဏာ ကျဆင်းလာမှုနှင့်အတူ ၁၁ ရာစုအစောပိုင်းမှာဘဲ အတူ အရှိန်ဝါ မှေးမှိန်လာပါတယ်။
၁၁ ရာစု မှာဘဲ မူစလင် ဘုရင် " ဝင်္ဂလ " နှင့် သူ့ရဲ့စစ်တပ် တွေရဲ့ တိုက်ခိုက်ခြင်းကိုခံရပါတယ်။ ပင်မ ပုထိုးတော်ကြီး အပါဝင် ဆွန်မပူရ မဟာဝိဟာရ ဗုဒ္ဓဘာသာ ကျောင်းတော် တဝိုက်မှာ ရှိတဲ့ ဘာသာရေးဆိုင်ရာ နေရာ၊ အဆောက်ဦး တွေအားလုံးကို မြေပေါ် ပြားပြားဝတ် ကျသွားအောင် မီးလောင်တိုက် သွင်းခဲ့ပါတယ်။
မီးမရှို့ခင် ကျောင်းတော်ထဲမှာ ရှိတဲ့ ရဟန်းသံဃာတော်တွေကို မောင်းထုတ် ရာမှာ ကျောင်းအုပ် သံဃာတော်ကြီး " ဂရုဏသီရိမေတ္တ " က ငြင်းဆန်ပြီး မီးလောင်တိုက်ထဲမှာဘဲ အသက်အသေခံ သွားတယ်လို့ " နာလန္ဒာ" ကမှတ်တမ်းကဆိုတယ်။
" ဝင်္ဂလ" မင်းဟာ ဗုဒ္ဓဘာသာ ကို အင်မတန် နှိပ်ကွက်ပါတယ်။နောက်ပိုင်းဆက်ခံတဲ့ မူစလင် မင်းတွေ အားလုံး ကလည်း ကျောင်းတော်ကြီးကို မပြုပြင်စေဘဲ တောင်ဘို့ကြီးဖြစ်နေတဲ့အထိ ပစ်ပယ်ထား ခဲ့ပါတယ်။၁၉၂၀ ခုနှစ်မှာ ရှေးဟောင်းသုတေသန ဆိုင်ရာတူးဖော်မှု စတင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမြင်နေရတဲ့ ရုပ်လုံးပေါ်အဆင့်ထိ ရောက်လာခဲ့တာက ၁၉၉၀ ခုနှစ်ရောက်မှပါ။ရှေးဟောင်း သုတေသန ဆိုင်ရာတူးဖော်မှု မှာတွေ့ရှိတဲ့ ပစ္စည်းတွေဟာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်။
ဒေါက်တာ သန်ထွန်းရေး ၁၉၉၇ ဩဂုတ်၊
စစ်တင်ဘာ၊ အောက်တိုဘာ အမှတ် ၁၅၀၊ ၁၅၁၊ ၁၅၂
ကလျာမဂ္ဂဇင်းပါ
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်