Pages

Saturday, 6 April 2013

ဒေါ်လာမျက်နှာ တယ်ကြီးသကို

၈၈အဖွဲ့တွေရော နိုင်ငံတကာက နိုင်ငံရေးသမားတွေရော အင်ဒိုနီးရှားမှာ ကျနော်တို့မြန်မာတွေ ရက်ရက်စက်စက် အသတ်ခံရတဲ့ အတွက် ဝမ်းနည်းကြောင်း အထိမ်းမှတ်အနေနဲ့ အင်ဒိုနီးရှား သံရုံးရှေ့မှာ အသတ်ခံရတဲ့ မြန်မာတွေအတွက် ဆန္ဒပြရှုတ်ချပွဲတွေ မလုပ်ကြပါလာ

အရင်းကတော့ အစိုးရဘာလုပ်လုပ် ရောက်တဲ့နိုင်ငံကနေ မိုးရွာနေပူ မရ ရအောင် မြန်မာသံရုံးကိုသွားပြီး ဆန္ဒပြရှုတ်ချရတာနဲ့.... ကန့်ကွက်စာတွေပို့ရတာနဲ့..လော်စပီကာတွေနဲ့အော်ဟစ်ဆဲဆို ရတာ နဲ့  နောက်ဆုံး သမ္မတကြီး ဦးသိန်းစိန်လာတာတောင် ဆဲပြီး ဆန္ဒပြရတာနဲ့  တော်တော်စိတ်ပျက်စရာကောင်းတယ်နော် .. မြန်မာနိုင်ငံထဲက နိုင်ငံရေးအဖွဲ့တွေလည် ဒေါ်စုကိုတောင် လမ်းပေါ်တတ် ဆန္ဒပြကြခဲ့သေးတယ်..


အခုလို ကိုယ့်နိုင်ငံသားတွေကို ရက်ရက်စက်စက် အသက်ခံရတာတော့ ဘယ်နိုင်ငံရေးအဖွဲ့စည်းကမှ မဟကြပါလာ.. တကယ်ဆို ဘာမှလည်လုပ်စရာမလိုပါဘူး..ကိုယ်ရောက်နေတဲ့ နိုင်ငံက အင်ဒိုနီရှာသံရုံးရှေ့မှာ ဝမ်းနည်းကြောင်း ပန်းစည်းတွေ ပန်းခွေးတွေ သွားချကြပါ....

ဒါမှလည် ကျနော်တို့ မြန်မာနိုင်ငံသား ဘယ်လောက်ထိ မျိုးချစ်စိတ်ရှိတယ်ဆိုတာ တစ်ကမ္ဘာလုံးကို ပြသ ရာရောက်ပါတယ် အဲသလောက်တော့ လုပ်သင့်ပါတယ်

1 comment:

  1. ဟဲ ဟဲ ဟဲ ဒါက ဒီလိုရှိပါတယ် ခင်ဗျ ဒီကိစ္စက လက်ရှိအစိုးရနဲ့ဘဲ လုံးဝသက်ဆိုင်
    နေလို့ အစိုးရချင်းဘဲ ရှင်းတာကောင်းပါတယ် ကျွန်တော်/ကျွန်မတို့ ၀င်ရှုတ်ရင်
    ကျွန်တော်တို့ " ခွက်ပျောက်သွားမှာပေါ့ဗျ !!!!!!!!!! "

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်