Pages

Thursday, 4 April 2013

မော်လမြိုင်ကျွန်းမှာ အမဲသားရှာခြင်း

ယခုအပတ်ထုတ် 7 DAY NEWS အတွဲ ၁၂၊အမှတ် (၅) တွင် ပါရှိ သည့် ဆရာမောင်သာချို ရေးသားသော (မော်လမြိုင်ကျွန်းမှာ အမဲသားရှာခြင်း) ဆိုတဲ့ဆောင်းပါးလေးကို မြန်မာတစ်မျိုးသားလုံး ဖတ်ရှုလေ့လာ ကြည့်ပါဟုမေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်ခင်ဗျား။


ဆောင်းပါးအနှစ်ချုပ်မှာ
============
မော်လမြိုင်ကျွန်းပေါ်ရှိ ပြည်သူများက ၎င်းတို့ဒေသအတွင်းအမဲသား မစားစေရေးနဲ့နွားမသတ်စေရေး တို့အတွက်ဥာဏ်ပညာ၊အမြော်အမြင်ကြီးမားစွာနှင့် အကြမ်းမဖက်လုပ်ဆောင်ပုံလေးဖြစ်ပါတယ်။

မော်လမြိုင်ကျွန်းသူကျွန်းသားတို့လုပ်ကြပုံလေးမှာ-
အမဲသားမစားဖို့တရားမဟော၊အမဲသားစားသူတို့ကိုအပြစ်မဆို၊ အမဲသား စားခြင်း၊နွားသတ်ခြင်းကိုလည်း မကန့်ကွက်ဘဲနွားသတ်ခွင့်အတွက် လိုင်စင်ကို မြို့သူမြို့သားအားလုံးက စုဆောင်းပေးသွင်းလိုက်ပြီး မည်သူ့ကိုမှ နွားသတ်ခွင့်မပေးခြင်းပင်ဖြစ်ပါသည်။

လွန်ခဲ့သော၅နှစ်ဝန်းကျင်လောက်မှစ၍ နွားကိုသနားတတ်သူ မော်ကျွန်းသားတစ်စုက အစပြုကာ အမဲလိုင်စင်ကို လေလံစွဲလိုက်ကြခြင်းဖြစ်သည်။စတင်စွဲစဉ်က လိုင်စင်ကြေး အတွက် စည်ပင်သာယာကို ၁၂ သိန်းသာပေးသွင်းရသော်လည်း ယခုအခါ သိန်း ၄၀ အထိရောက်နေပြီဖြစ်သည်။

သို့သော်   မော်ကျွန်းသားတို့ မှာ လုံးမတွန့်ဆုတ်ဘဲ ငါးထောင်တတ်နိုင်သူက ငါးထောင်၊ တစ်သောင်း တတ်နိုင်သူက တစ်သောင်း၊တစ်သိန်းတတ်နိုင်သူကတစ်သိန်းဝိုင်းဝန်းထည့်ခြင်းဖြင့် သည် ကိစ္စကို အောင်မြင်အောင်ဆောင်ရွက်နေကြပါသည်။ မော်ကျွန်းသားတို့၏ စိတ်ဓါတ်နှင့် သတ္တိတို့ကား
လေးစားအတုယူဖွယ်ပါပေ။

ဒီဆောင်းပါးလေးကို ဖတ်ပြီး ကျွန်တော့်အနေနဲ့ အတွေးတစ်ခုပွားမိတာက( မိမိတို့လိုချင်တဲ့ကိစ္စကို ရရှိအောင် မည်သူ့ကိုမှ အကြမ်းမဖက်ဘဲ မိမိတို့၏ကိုယ်ပိုင်အခွင့်အရေးကိုသာအသုံးချပြီး စည်းစည်း လုံးလုံးနဲ့ရအောင်ယူခြင်း)

ဆိုတာဒီလိုပါ့လားလို့တွေးမိပြီး နှစ်နှစ်ခြိုက်ခြိုက် ဝမ်းသာမိပါတယ်။ကျွန်တော်တို့ရင်ထဲမှာ အဖြေ ရှာမရတဲ့ ပုစ္ဆာတစ်ပုဒ်အတွက်လည်း အလွန်ကောင်းမွန်တဲ့အဖြေတစ်ခုရရှိ သွားတယ်လို့ ထင်ပါတယ်ခင်ဗျား။

ကဲဗျာ….

ဆရာမောင်သာချိုကတော့ နောင်ဘဝမှာ နွားဖြစ်ရင်တောင်မော်လမြိုင်ကျွန်းက နွားသာဖြစ်ပါရစေလို့ ဆုတောင်းနေလေရဲ့ဗျာ။


Min Thant Aung

1 comment:

  1. Good actions, be continue ror that actions..

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်