Pages

Monday, 15 April 2013

မြောက်ဦးမြို့သို့ ဘင်္ဂလီများ မီးရှို့ရန်လာရောက်သောသတင်းအပြည့်အစုံ







မြောက်ဦးမြို့သို့ ၀င်ရောက်ရန်ကြိုးစားသောဘင်္ဂလီများမှာ



(၁)ဒီလ်မာမောက်(ဘ) အဒူမာလိပ်၊ ၂၀ နှစ်၊ ပေါင်းတုတ်ကျေးရွာ၊ ပလောင်တော။

(၂)အဒူကော်ရိန်(ဘ)အာမိန်ဟူဆောင်း၊ ၂၁ နှစ်၊ပေါင်းတုတ်၊ရွာသစ်။

(၃)ရှာဘီရာမောက်၊(ဘ)ဖူတီး ၊ ၄၀နှစ်၊ပေါင်းတုတ်၊ရွာသစ်။

(၄)ဖူတီးယာ(ခ)အောင်ချေ၊ (ဘ) ရှောင်ရှုး၊ အသက် ၂၀ နှစ် ၊ ပေါင်းတုတ်၊ရွာသစ်။

(၅)အီနုစ်၊ (ဘ) အီဆု၊ ၂၀နှစ်၊ ပေါင်းတုတ်ရွာကြီး တို့ဖြစ်သည်။

အဆိုပါဘင်္ဂလီများအား ယခုအခါတွင် မြောက်ဦးမြို့နယ်၊ ရဲစခန်းသို့ပို့ဆောင်လိုက်ပြီဖြစ်ပြီး လက်ဆေးကန်နှင့်အနူမာကန်အစပ်၊ တွင်ဖမ်းဆီးရရှိခဲ့ကြောင်းသိရသည်။






ဧပြီလ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်အချိန်တွင် မြောက်ဦးမြို့ သို့ ဓါတ်ဆီပုံး များဖြင့် ၀င်ရောက်ရန်ကြိုးစားသော အဆိုပါ ဘင်္ဂလီ ၅ ဦးအားမြို့တွင်းသို့ မရောက်မီ ဓါတ်ဆီပုံလင်းများနှင့်အတူ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းဘင်္ဂလီများသည် မီးရှို့၍ရနိုင်သောနေရာများကို မီးရှို့ရန်လာရောက်ခြင်းဖြစ်ကြောင်းနှင့် ယင်း တို့အား ခိုင်းစေသူများရှိကြောင်း ရဲစခန်းတွင်ထွက်ဆိုသည်ဟုလည်းသိရ သည်။








သို့သော်လည်း ထိုသို့ခိုင်စေသူများကို ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း၊ ပေးသင့်သောအပြစ် ကိုသာ ပေးနိုင်ကြောင်း ပြောဆိုသည်ဟုလည်း ထွက်ဆိုကြောင်း သိရသည်။

ယင်းအတွက် သက်ဆိုင်ရာ မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် ဆက်လက်ရေးယူရန် လုပ် ဆောင်လျက်ရှိကြောင်းလည်းသိရှိရပါသည်။ (RSV)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်