ရုရှားဘင်လာဒင် ဟု အများသိကြသည့် ချေချင်းညှာ အကြမ်းဖက်ဝါဒီ
ဒိုကူမာရော့ဗ်သည် ဘော့စတွန် မာရသွန် ဗုံးခွဲမှု၌ ပါဝင်ပတ်သက်နိုင်ဖွယ်ရှိသည်ဟု ရုရှားထောက်လှမ်းရေးအဖွဲ့ မှ ထင်မြင်ချက်ပေး လိုက်ကြောင်း သိရှိရသည်။
ဂျီးဟတ်ဝါဒီတစ်ဦးအဖြစ် ဘာသာရေး အကြောင်းပြု အကြမ်းဖက်လုပ်ရပ်များ
လုပ်ဆောင်ရာတွင် ပါဝင်ဦးဆောင်နေသည့် ဒိုကူမာရောဗ်သည် ယခင်က
ချေချင်းညှာပြည်နယ်ကို ရုရှားနိုင်ငံမှ ခွဲထွက်ရေး အတွက် လက်နက်စွဲကိုင်
တော်လှန်ရာတွင် ပါဝင်ဦးဆောင်ခဲ့သူဖြစ်သည်။
ဒါဂက်စတန်နယ်တွင်
ခိုအောင်းကာ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်များကို စီမံခန့် ခွဲပေးနေသော
ဒိုကူအူမာရောဗ် နှင့် ဘော့စတွန်ဗုံးခွဲမှုတွင် ပါဝင်သူ တာမာလန်ဇာညက်တို့ 
လွန်ခဲ့သော ၅ နှစ် ခန့်  ကတည်းက အဆက်အသွယ်ရှိခဲ့ကြောင်း
ရုရှားထောက်လှမ်းရေးမှ ခြေရာခံမိခဲ့ပြီး အက်ဖ်ဘီအိုင်သို့  ကြိုတင်
အသိပေးခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။
ဘော့စတွန်မာရသွန်
ဗုံးခွဲမှု အရေးလေ့လာသူများကမူ အက်ဖ်ဘီအိုင်အဖွဲ့ ၏ တာဝန်ပေါ့လျော့မှု
့များ ကို ထောက်ပြဝေဖန်နေကြသည်။ ၂၀၀၉ ခုနှစ်က အမေရိကန်နိုင်ငံသူ
ခရစ်ယာန်ဘာသာဝင် ရည်းစားဖြစ် သူအပေါ် လူသိရှင်ကြား ညှင်းပန်းနှိပ်စက်ခဲ့သော
အမေရိကန်နိုင်ငံသား မဖြစ်သေးသည့် တာမာလန်ဇာညက် ကို ဥပဒေကြောင်းအရ
အရေးမယူခဲ့ပဲ ဆက်လက်နေထိုင်ခွင့်ပေးခဲ့သည့် အမေရိကန်မှ တာဝန်ရှိသူများကို မေးခွန်းထုတ်လိုက်ကြသည်။အဆိုပါဗုံးခွဲမှု နောက်ကွယ်မှ ပါဝင်ကြိုးကိုင်နေသူများကို
ပူးပေါင်းဖော်ထုတ်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကမ်းလှမ်းမှု့ ကို
အမေရိကန်သမ္မတ ဘားရတ်အိုဘားမား မှ လက်ခံသဘောတူညီလိုက်ပြီး ရုရှားနှင့်
အမေရိကန် ထောက်လှမ်းရေးအဖွဲ့ များ ပူးပေါင်းကာ အသေးစိပ်စုံစမ်း
ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဒါကတော့နိုင်ငံတကာသတင်းတွေမှာ
ဖော်ပြပါရှိနေတဲ့ သတင်းပါ။ အဓိက ဆက်စပ်ပြီး စဉ်းစားမိတာ ကတော့ အစွန်းရောက်
အကြမ်းဖက်ဝါဒဟာ နိုင်ငံတကာမှာ ဘယ်လောက် ထိုးဖောက်ဝင်ရောက်နေ သလဲ......
? ဒီကိစ္စနဲ့  ပတ်သက်ရင် သက်ဆိုင်ရာ အစိုးရ အဖွဲ့ အနေနဲ့  သတိဆိုတာ
ပိုတယ်ရယ်လို့  မရှိပဲ ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ်ဆိုတဲ့ အသိရယ်......
လူသားတိုင်းအနေနဲ့  ဘယ်လိုမှ လက်မခံနိုင်တဲ့ ဒီဝါဒကို တိုက်ဖျက်ရာမှာ
အစ္စလာမ်ဘာသာရေး အဖွဲ့ အစည်းများလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်
သင့်တယ်ဆိုတဲ့ အသိရယ်...... ပြည်သူများ အနေနဲ့  ကိုယ့်ပတ်ဝန်းကျင်ရှိ
လူနေမှု့  ဘ၀များကို အမြဲ မျက်ခြေ မပြတ်ရှိသင့်ကြောင့် အသိများပါ
ရရှိလိုက်ပါတယ်။
အက်ရှင်ဘဘဒီမို ( ၂၂-၄-၂၀၁၃ )
Photo ; AFP
Ref ; Reuter, AFP &
http://www.dailymail.co.uk/news/article-2312331/Was-Boston-bomber-inspired-Doku-Umarov-Mother-claims-FBI-tracked-older-brother-years-told-Moscow-links-Chechen-terrorists.html
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်