Pages

Tuesday, 30 April 2013

ဝမ်းမြောက်နုမော် သာဓုခေါ်ကြပါ



(၂၂.၄.၂၀၁၃) မှာ ရုတ်တရက် ယာဉ်မတော်တဆဖြစ်မှုနဲ့ ကွန်လွန်သွားပြီဖြစ်တဲ့ ကိုမောင်မောင်သီဟ (ပါရမီတက္ကစီ်)ရဲ့နေ့စေ့လစေ့ မွေးဖွားခါနီး ရင်သွေးလေးကို လွယ်ထားရတဲ့ ဇနီးဖြစ်သူ မအေးအေးမော် (ခ)မဂျူးဂျူးအားဗုဒ္ဓဘာသာဝင်များမီးဖွားမှုကူညီရေးအသင်းနဲ့အတူ တတ်စွမ်းသလောက် သွားရောက်လှူဒါန်းပြီး အားပေးစကားများပြောကြားခဲ့ကြပါတယ်

မဂျူးဂျူးရဲ့ပြောပြချက်တွေအရသူအရင်က မိရိုးဖလာမွတ်စလင် ဘာသာဝင်တစ်ဦးဖြစ်ခဲ့သော်လည်း ဗုဒ္ဓမြတ်စွာဘုရားကို မကြာခဏအိပ်မက်မက်ပြီး ဗုဒ္ဓဘာသာကိုစိတ်ဝင်တစားလေ့လာ၍ မိဘများ မသိအောင် တိုးတိုးတိတ်တိတ် သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့ပါတယ်(ခုကျနော်တို့ ရောက်သွားတဲ့ မဂျူးဂျူးရဲ့အိမ်မှာ ဘုရားစင် တရားခွေ တရားစာအုပ်အများအပြားကိုတွေ့ခဲ့ရပါတယ်။)

နှစ်ဖက်မိဘများ သဘောမတူ အမွေပြတ်စွန့်လွှတ်သည့်ကြားက ဗုဒ္ဓဘာသာဝင် ကိုသီဟနဲ့လက်ထပ်ခဲ့ပြီး အတိုက်အခံများစွာဖြင့် အိမ်ထောင်သည်ခရီးလမ်းကို နှစ်ကိုယ်တူအန်တုလို့ ဖြတ်သန်းခဲ့ကြပါတယ်
ကိုသီဟအနေနဲ့ လချုပ်နဲ့ငှားထားတဲ့ တိုက်ခန်းကလည်း စာချုပ်ပြည့်ခါနီးလို့ငွေလို ဇနီး မဂျူးဂျူး က လည်း နေ့စေ့လစေ့လို့ မကြာခင်မွေးဖွားတော့မှာဖြစ်လို့ နေ့မအိပ် ညမအိပ် တက္ကစီတစ်စီးနဲ့ အပူ တပြင်းငွေရှာရင်း ရုတ်တရက် ကားအက်ဆီးဒင့်ဖြစ်ပြီး ပွဲချင်းပြီး ကွန်လွန်ရရှာပါတယ်မဂျူးဂျူးအနေနဲ့ လင်တော်မောင် ကိုသီဟ ကံအကြောင်းမလှလို့ ဝမ်းနည်းပူဆွေးနေရချိန်မှာ ယောက္ခမတွေကလည်း ကိုသီဟသေရတာ သူ့ကြောင့်လို့စွပ်စွဲခံရပြီး ရန်တွေ့ခံရပြန်ပါတယ်

ကိုသီဟနဲ့ လက်မထပ်မီ မိဘများကအတင်းပေးစားလို့ပထမအိမ်ထောင် မွတ်စလင်ယောက်ျားနဲ့ရခဲ့တဲ့ ၁၅ နှစ်အရွယ် သားလေးကိုပါ ပြန်လည်ခေါ်ယူခဲ့ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို အနီးအနား ကဘုန်းတော်ကြီးကျောင်းမှာ တက်ရောက်သင်ယူနေစေကြောင်းလည်းပြောရင်း သားလေးဓါတ်ပုံတွေ ကိုလည်းထုတ်ပြပါတယ်

သူ့သားလေးက မွတ်စလင် ကျမ်းစာများကိုလည်းတတ်ကျွမ်းခဲ့ကြောင်းဗလီဆရာဖြစ်ဖို့အထိပါ လျားထားခံ ရကြောင်းပြောပါတယ်မကြာခင်မွေးဖွားလာတော့မယ့် ကလေးနဲ့ လက်ရှိသားလေးတစ်ယောက်ကို လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးဖို့ ကလေးမွေးပြီးရင် သူတို့လမ်းထိပ်မှာ ကွမ်းယာရောင်းရင်း ဘဝကို ဖြတ်သန်းမယ့်အကြောင်း ကျနော်တို့ကို ပြောပြပါတယ်။

ကံမကောင်းအကြောင်းမလှလို့ ရုတ်တရက် ကွယ်လွန်ရှာတဲ့ ကိုသီဟတစ်ယောက် ကောင်းရာသုဂတိ လားပါစေကြောင်းနဲ့မဂျူးဂျူးတစ်ယောက် သူယုံကြည်ရာ ဗုဒ္ဓဘာသာကို အနှောင့်အရှက်မရှိ လွတ်လပ်စွာ ကိုးကွယ်နိုင်၍ ကလေးနှစ်ယောက်နဲ့အတူ ဘဝခရီးလမ်း ဖြောင့်တန်းနိုင်ပါစေကြောင်း ဆုတောင်းရင်း ကိုသီဟရဲ့ရက်လည်ဆွမ်းသွတ်ပွဲမှ ပြန်လာခဲ့ကြပါတယ်

မဂျူးဂျူးမှလည်း လာရောက်လှူဒါန်း အားပေးစကားပြောတဲ့ ကျနော်တို့ကို ကျေးဇူးတင်စကား အကြိမ်ကြိမ်ပြောရင်း မျက်ရည်တစ်ဝဲဝဲနဲ့ ကျန်ရစ်ခဲ့ပါတော့တယ် . . .

သူငယ်ချင်းတို့ ကျနော်တို့လည်း မိမိလည်းအဆင်ပြေအောင် အစွမ်းကုန်ကြိုးစားရင်း အဆင်မပြေဖြစ်နေ တဲ့ဗုဒ္ဓဘာသာဝင်များကိုလည်း တတ်စွမ်းသလောက် အားပေးကူညီ နည်းပေးလမ်းပြဖေးမကြရင်းနဲ့ ခုနေအချိန်အခါမှာ မီးကုန်ယမ်းကုန်း အားကုန်သုံးလှော်ခတ်ကြမှ အနာဂတ်မြန်မာပြည် သာယာလှပပြီး ဗုဒ္ဓဘာသာကျန်ရစ်တော့မယ့် အခြေအနေဖြစ်နေတဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်

ရဲရင့် ဇာနည်


By: We Love True

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်